အီဂျစ်နည်းပြတစ်ဦးဟာသူ့အသင်းရဲ့နောက်ဆုံးမိနစ်အနိုင်ဂိုးအား
အကြီးအကျယ်အောင်ပွဲခံစဉ်နှလုံးဖောက်ကာအသက်၅၃နှစ်အရွယ်တွင်
ကွယ်လွန်သွားခဲ့ပါတယ်။
El Magd နည်းပြအက်ဒ်ဟမ်းအယ်ဆဲလ်ဟာဒါရဲ့အသင်းဟာ
ကြာသပတေးနေ့တုန်းက El Zarqa အား၁-ဝဂိုးဖြင့်အနိုင်ရရှိတဲ့
အီဂျစ်ဒုတိယတန်းပွဲစဉ်တွင်၉၂မိနစ်တွင်အနိုင်ဂိုးရရှိပြီးနောက်အောင်ပွဲခံခဲ့ပါတယ်။
အယ်ဆဲလ်ဟာဒါဟာအောင်ပွဲခံနေစဉ်အတွင်းနှလုံးဖောက်ကာ
ဆေးရုံသို့အရေးပေါ်ပို့ခဲ့ရပါတယ်။
El Magd ဟာအယ်ဆဲလ်ဟာဒါအတွက်ဝမ်းနည်းခြင်းအထိမ်းအမှတ်
ခြောက်ရက်ကြာပြုလုပ်သွားမှာဖြစ်ပြီးလာမယ့်ပွဲစဉ်ကိုလည်းရွှေ့ဆိုင်းမှု
ပြုလုပ်ထားပါတယ်။အယ်ဆဲလ်ဟာဒါဟာကစားသမားဘဝတုန်းကလည်း
အောင်မြင်မှုများစွာရယူခဲ့ဖူးသူဖြစ်ပါတယ်။
သူဟာ၁၉၉၀ခုနှစ်များတုန်းက
Ismaily နှင့်အတူအီဂျစ်ပရီးမီးယားလိဂ်ဖလားဆွတ်ခူးခဲ့သလို
ရှုံးထွက်ဖလားလည်းရယူခဲ့ဖူးပါတယ်။
သူဟာအီဂျစ်နည်းပြလောကသို့ဝင်ရောက်ပြီးနောက်
အားလုံးရဲ့လေးစားမှုရရှိတဲ့နည်းပြအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။
El Magd ဟာအယ်လ်ဆဲလ်ဟာဒါရဲ့နောက်ဆုံးနိုင်ပွဲကြောင့်
ဒုတိယတန်းအမှတ်ပေးဇယားအဆင့်၇နေရာသို့တက်လှမ်းလာနိုင်ခဲ့ပါတယ်။
zawgyi
နောက်ဆုံးမိနစ်ဂိုးက အသက်နှုတ်ယူခြင်း