မနေ့ည (စနေည) ကတော့ ၃ပွဲသာရှိပေမယ့် ၄ကွက်ရွေးပေး ခဲ့ရာမှာ
၂ကွက်အောင်၊ ၂ကွက်ကျဖြစ်ခဲ့ပါတယ်။ ဒီကနေ့ညမှာ တော့
ပြန်အပေါင်းပြနိုင်အောင် အကောင်းဆုံး သုံးသပ်ရွေးချယ် ထားပါတယ်။
ဗီနီဇီယာ Vs ဆမ်ဒိုးရီးယား
၂သင်းစလုံး ရလဒ်တွေဆိုးရွားနေပါတယ်။ ပြိုင်ပွဲစုံနောက်ဆုံး ၁၁ ပွဲမှာဆိုရင်
ဗီနီဇီယာက ၈ပွဲ၊ ဆမ်ဒိုးရီးယားက ၉ပွဲရှုံးခဲ့တာပါ။ ဖီအို နဲ့ ရိုးမားကိုနိုင်၊
တိုရီနိုနဲ့ ဂျူဗင်တပ်ကိုသရေကစားခဲ့တဲ့ ဗီနီဇီယာရဲ့
အိမ်ကွင်းစွမ်းဆောင်ရည်ကတော့ အညံ့ကြီးမဟုတ်ပါဘူး။
ဆမ်ဒိုးရီး ယားအခြေအနေကတော့ အဝေးကွင်းဆိုရင် ပိုဆိုးပါတယ်။
ပြိုင်ပွဲစုံ အဝေးကွင်း ၆ပွဲဆက်ရှုံးခဲ့ရာမှာ ၂ဂိုးသာသွင်းနိုင်ခဲ့ပြီး
ဂိုးမသွင်းနိုင် တာ ၄ပွဲရှိခဲ့ပါတယ်။
ဒါကြောင့် တန်းဆင်းဇုန်နဲ့တောင် ၄မှတ်ပဲကွာ တော့တာပါ။
သရေကျဖို့များပေမယ့် တစ်သင်းသင်းနိုင်မယ်ဆိုရင် ဗီနီဇီယာပဲဖြစ်ပါလိမ့်မယ်။
ရွေးချယ်မှု – ဗီနီဇီယာ
အမ်ပိုလီ Vs ဗီရိုနာ
ဒီပွဲကတော့ တော်တော်လေးမသင်္ကာစရာကောင်းပါတယ်။
ဒီနှစ် ထဲမှာ နိုင်ပွဲ ၁ပွဲမှမရသေးသလို ပြိုင်ပွဲစုံ ၁၃ပွဲဆက် နိုင်ပွဲပျောက် ခဲ့တဲ့
အမ်ပိုလီက နောက်ဆုံး ၅ပွဲမှာ ၁ပွဲသာရှုံးခဲ့တဲ့ဗီရိုနာကို ပြား စွန်းပြန်ပေးထားရလို့ပါ။
လက်ရှိခြေစွမ်းသာမက ရပ်တည်မှုနဲ့ ရ မှတ်အရလည်း
ဗီရိုနာကသိသိသာသာပိုမြင့်နေတာပါ။
ဒါကြောင့် မူလဖွင့်ထားတုန်းက ဗီရိုနာက =၂၅ ပေးထားရတာဖြစ်ပါတယ်။
အခုတော့ အမ်ပိုလီက =၁၀ ပြန်ပေးထားရတာမို့ ဗီရိုနာ နိုင်ဖို့မ လွယ်တော့ပါဘူး။
ပြားစွန်းရင်းပြီး အမ်ပိုလီ ရွေးရပါလိမ့်မယ်။
ရွေးချယ်မှု – အမ်ပိုလီ
ဂျူဗင်တပ် Vs ဆလာနီတာနာ
ချန်ပီယံလိဂ်ကထွက်ခဲ့ရပြီမို့ စီးရီးအေကို ဂျူဗင်တပ် ပြန်အာရုံစိုက် တော့မှာပါ။
ထိပ်ဆုံးအသင်းတွေခြေချော်ရင် ချန်ပီယံမျှော်လင်ခွင့် ရှိသေးတာမို့
ဇယားအောက်ဆုံးက ဆလာနီတာနာနဲ့ရင်ဆိုင်ရမယ့် ပွဲမှာ
မဖြစ်မနေအနိုင်ရဖို့ ကြိုးစားပါလိမ့်မယ်။
ဂျူဗင်တပ်တိုက်စစ် ကလည်း ဒိုင်ဘာလာ၊ မိုရာတာ၊ ဗလာဟိုဗစ်တို့နဲ့ လူပြန်စုံလာပါပြီ။
ဆလာနီတာနာက နောက်ဆုံး ၆ပွဲမှာ ၁ပွဲသာရှုံးခဲ့တယ်ဆိုပေမယ့်
အင်တာကို ၅ဂိုးပြတ်ရှုံးခဲ့တာကိုကြည့်ရင်
အသင်းကြီးတွေကိုမယှဉ် နိုင်တာ ထင်ရှားပါတယ်။
ပွဲစကတည်းက ဖိဖိစီးစီးကစားရင် ဂျူဗင် တပ် အနိုင်ပြတ်သားဖို့သေချာပါတယ်။
ရွေးချယ်မှု – ဂျူဗင်တပ်
ရိုးမား Vs လာဇီယို
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ရောမဒါဘီပွဲဖြစ်သလို ဥရောပဝင်ခွင့်ရဖို့
အဆုံးအဖြတ်ပေးနိုင်တဲ့ပွဲလည်းဖြစ်ပါတယ်။
၂သင်းစလုံးရဲ့ ဒီရာသီ ခြေစွမ်းက ကောင်းတစ်ခါ ဆိုးတစ်လှည့်နဲ့ မှန်းရခက်ပေမယ့်
လက် ရှိမှာတော့ ရိုးမားက ခြေစွမ်းပိုတည်ငြိမ်ပါတယ်။
ရိုးမားဟာ ပြိုင်ပွဲစုံ ၇ပွဲဆက်ရှုံးပွဲမရှိသလို
နောက်ဆုံး ၁၂ပွဲမှာလည်း ၁ပွဲသာရှုံးခဲ့တာပါ။
ရိုးမားခံစစ်ကလည်း ပုံစံကောင်းရနေပြီး နောက်ဆုံး ၅ပွဲမှာ ၂ဂိုးသာ ပေးခဲ့ရပါတယ်။
လာဇီယိုကလည်း ၂ပွဲဆက်ပေးဂိုးမရှိနိုင်ခဲ့တာမို့ ယုံ ကြည်မှုအမြင့်ဆုံးရနေမှာပါ။
ဒါဘီပွဲပီပီ ၂သင်းလုံးဂိုးစမပေးရဖို့ အာ ရုံစိုက်ကစားမှာမို့
ဂိုးတွေအများကြီးမြင်တွေ့ရဖို့မလွယ်ဘူး။ ဂိုးပေါင်း ဈေးကလည်း
၃+၅၀ ကနေ ၃+၉၅ အထိကျလာတာမို့ ဂိုးအောက်နဲ့ စွန့်စားသင့်တယ်။
ရွေးချယ်မှု – ဂိုးအောက်
ဘိုလော့ဂ်နာ Vs အတ္တလန္တာ
ဖီအိုကိုရှုံးခဲ့ပေမယ့် ဘိုလော့ဂ်နာ ကစားပုံမညံ့ခဲ့ဘူး။
နောက်ဆုံး ၄ပွဲ မှာဆိုရင် ဘိုလော့ဂ်နာ ၁ပွဲသာရှုံးခဲ့တာပါ။
အိမ်ကွင်း၃ပွဲဆက်ရှုံးပွဲမရှိ ရာမှာလည်း ဘိုလော့ဂ်နာ ၁ဂိုးပဲပေးခဲ့ရပါတယ်။
အတ္တလန္တာက ယူရို ပါလိဂ်မှာ လေဗာကူဆင်ကို ၂ကျော့စလုံးအနိုင်ယူပြီး
ကွာတားတက် သွားပေမယ့် စီးရီးအေမှာတော့ရုန်းကန်နေရပါတယ်။
နောက်ဆုံး ၈ပွဲ မှာဆိုရင် ၁ပွဲသာနိုင်ခဲ့ပြီး ဂိုးမသွင်းနိုင်တာ ၅ပွဲရှိခဲ့တယ်။
အတ္တလန္တာ ဘော်ဒီဈေး ၁+၉၀ သာမက ဂိုးပေါင်းဈေး ၃+၉၀ ပါပျော့နေပါတယ်။
ဘိုလော့ဂ်နာအောက်စုံရွေးရင် ၂ကျပ်ကွက်ရနိုင်တယ်။
ရွေးချယ်မှု – ဘိုလော့ဂ်နာ / ဂိုးအောက်
zawgyi
အနိုင်ပြတ်သားမယ့် ဂျူဗင်တပ်၊ ဂိုးတွေဆွံ့အဖွယ်ရှိတဲ့ ရောမဒါဘီပွဲ အဖြေရှာကြည့်မိတဲ့ တနင်္ဂနွေည စီးရီးအေ အမေးပုစ္ဆာ (ကောင်းပိုင်)
ရွေးချယ်မှု – ဗီနီဇီယာ
အမ်ပိုလီ Vs ဗီရိုနာ
ရွေးချယ်မှု – အမ်ပိုလီ
ရိုးမား Vs လာဇီယို