အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပေမယ့် စတုတ္ထဒိုင်လူကြီးကို သိမ်းပိုက်လိုက်နိုင်ခဲ့တဲ့ ဂျပ်ဖ်ဟာဒဲလ်ဗယ်
အက်ဖ်စီအမ်မာမှနောက်ခံလူဂျပ်ဖ်ဟာဒဲလ်ဗယ်နှင့်စတုတ္ထဒိုင်လူကြီး
ရှိုနာရှူခရူလာတို့ဟာဒတ်ချ်ဒုတိယတန်းပွဲစဉ်တစ်ခုမှာပထမဆုံးအကြိမ်ဆုံစည်းပြီး
လေးလအကြာမှာ ချစ်ကြိုက်နေကြပြီဖြစ်ကြောင်း ကြေညာလာပါတယ်။
၂၀၂၁ခုနှစ်၊ဩဂုတ်လ၃၁ရက်နေ့တုန်းကအက်ဖ်စီအမ်မာဟာ
ဒတ်ချ်ဒုတိယတန်းပွဲစဉ်အဖြစ်အက်ဖ်စီအိုင်ဟိုဗန်နှင့်ရင်ဆိုင်ကစားခဲ့ရပါတယ်။
ရှူခရူလာဟာ၂၀၁၉-၂၀ရာသီတုန်းကလည်းဒတ်ချ်ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးအဖြစ်
တာဝန်ထမ်းဆောင်လာခဲ့သူဖြစ်ပြီးဟာဒဲလ်ဗယ်ပါဝင်တဲ့ယင်းပွဲစဉ်မှာဒိုင်အဖြစ်
တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ယင်းပွဲရဲ့ပွဲချိန်၉၁မိနစ်မှာဟာ
ဒဲလ်ဗယ်ဟာအနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ယင်းပွဲမှာအက်ဖ်စီအမ်မာဟာအိုင်ဟိုဗင့်ကို၁-ဝဂိုးဖြင့်မထင်မှတ်ဘဲရှုံးနိမ့်ခဲ့ပါတယ်။
ဒါပေမဲ့ယင်းပွဲကဟာဒဲလ်ဗယ်နှင့်ရှူခရူလာတို့အတွက် အထူးစပါယ်ရှယ်
အလှည့်အပြောင်းဖြစ်လာစေခဲ့ပါတယ်။ပွဲပြီးခါနီးမှာအနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပေမဲ့
အသက်၂၆နှစ်ရှိနောက်တန်းအစွန်လူဟာစတုတ္ထဒိုင်လူကြီးကိုသိမ်းပိုက်လိုက်နိုင်ခဲ့ပါတယ်။
ယခုလလေးလအကြာမှာတော့၎င်းတို့နှစ်ဦးကချစ်သူတွေဖြစ်ကြောင်း
တရားဝင်ကြေညာလာပါတယ်။၎င်းတို့နှစ်ဦးဟာနှစ်သစ်ကူးခရီးစဉ်အဖြစ်
ရောမသို့အလည်အပတ်သွားရောက်စဉ်ရိုက်ကူးထားတဲ့ဓာတ်ပုံကို
ဆိုရှယ်မီဒီယာမှာတင်ပြီး ပရိသတ်များကိုအသိပေးလာတာဖြစ်ပါတယ်။
ရှူခရူလာဟာဒတ်ချ်ဘောလုံးလောကမှာအလားအလာကောင်းတဲ့
ဒိုင်များထဲမှတစ်ဦးအဖြစ်သတ်မှတ်ခြင်းခံထားရသူဖြစ်ပြီး ချန်ပီယံလိဂ်ပွဲများ၊
ယူရိုနှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲများတွင်လည်းတာဝန်ထမ်းဆောင်ထားသူဖြစ်ပါတယ်။
သူမဟာ၂၀၁၉ခုနှစ်မှာဖီဖာရဲ့ဒုတိယအဆင့်ဒုတိယအဆင့်ဒိုင်လူကြီးဖြစ်လာပြီးနောက်
ဒတ်ချ်အမျိုးသားအပျော်တမ်းပွဲများတွင်ကြီးကြပ်ခွင့်ရရှိတဲ့
ပထမဆုံးအမျိုးသမီးဒိုင်ဖြစ်လာပါတယ်။
zawgyi
အထုတ်ခံရတဲ့ပွဲမှာ ပထမဆုံးတွေ့ဆုံပြီး စတုတ္ထဒိုင်လူကြီးနှင့် ဘောလုံးသမားတို့ ချစ်ကြိုက်သွားခဲ့ကြ
ရှိုနာရှူခရူလာတို့ဟာဒတ်ခ်ျဒုတိယတန်းပွဲစဉ်တစ်ခုမှာပထမဆုံးအကြိမ်ဆုံစည်းပြီး
ဒတ်ခ်ျဒုတိယတန်းပွဲစဉ်အဖြစ်အက်ဖ်စီအိုင်ဟိုဗန်နှင့်ရင်ဆိုင်ကစားခဲ့ရပါတယ်။
ရှူခရူလာဟာ၂၀၁၉-၂၀ရာသီတုန်းကလည်းဒတ်ခ်ျပရော်ဖက်ရှင်နယ်ဒိုင်လူကြီးအဖြစ်
ရှူခရူလာဟာဒတ်ခ်ျဘောလုံးလောကမှာအလားအလာကောင်းတဲ့
ဒတ်ခ်ျအမျိုးသားအပျော်တမ်းပွဲများတွင်ကြီးကြပ်ခွင့်ရရှိတဲ့