
ခရစ္စတယ်ပဲလေ့စ်အလယ်တန်းကစားသမားဂျိမ်းစ်မက်အာသာဟာအာဆင်နယ်
တိုက်စစ်သမားဘူကာယိုဆာကာရဲ့ခြေသလုံးကိုပြင်းထန်စွာကန်ခဲ့ပေမယ့်လည်း
အနီကတ်ပြထုတ်ပယ်ခြင်းမခံခဲ့ရပါဘူး။
အသက်၃၄နှစ်ရှိစကော့တလန်လက်ရွေးစင်ကစားသမားဟာတနင်္လာနေ့ညတုန်းက
အာဆင်နယ်နှင့်လန်ဒန်ဒါဘီပွဲစဉ်မှာဘူကာယိုဆာကာရဲ့ခြေသလုံးကိုအပြင်းကန်
ခဲ့တာလည်းဖြစ်ပါတယ်။
ဒါပေမယ့်ကွင်းလယ်ဒိုင်လူကြီးမိုက်ဒိန်းဟာမက်အာသာကိုအနီကတ်ပြထုတ်ပယ်
ခြင်းမပြုဘဲအဝါကတ်သာပြခဲ့ပါတယ်။ဘူကာယိုဆာကာရဲ့မက်အာသာရဲ့ပြင်းထန်တဲ့
ကန်ချက်ကြောင့်ဒဏ်ရာရရှိသွားခဲ့ပြီးဒုတိယပိုင်းမစတင်ခင်ဆမ်ဘီလိုကွန်ဂါနဲ့
လူစားလဲခဲ့ရပါတယ်။
အာဆင်နယ်ဘက်သို့အငြင်းပွားစရာဆုံးဖြတ်ချက်များပြုလုပ်ခဲ့ဖူးတဲ့သမိုင်းကြောင်း
ရှိခဲ့ဖူးတဲ့ကွင်းလယ်ဒိုင်လူကြီးမိုက်ဒိန်းဟာယင်းဆုံးဖြတ်ချက်ကြောင့်ပရိသတ်မျာ
းရဲ့မေးခွန်းထုတ်မှုများထပ်မံကြုံလာရပြန်ပါတယ်။
မနေ့ညတုန်းကအသင်းခေါင်းဆောင်ဟောင်းဗီအဲရာဦးဆောင်တဲ့ပဲလေ့စ်နှင့်
ပွဲစဉ်မှာအာဆင်နယ်ဟာပွဲအစ၈မိနစ်မှာဘဲအူဘာမီယန်ရဲ့ဂိုးနဲ့ပွဲကိုဦးဆောင်
နိုင်ခဲ့ပါတယ်။
အာဆင်နယ်ဟာပွဲအစအထကောင်းခဲ့ပေမယ့်လည်းပဲလေ့စ်ခံစစ်ကြောင်းရဲ့
ပိတ်ဆို့ကို ကျော်ဖြတ်ရန်ရုန်းကန်ခဲ့ရပါတယ်။ဒုတိယပိုင်းပွဲချိန်၅၀မိနစ်မှာ
ဘန်တီကီကပဲလေ့စ်အတွက်ချေပဂိုးသွင်းခဲ့ပါတယ်။ပွဲချိန်၇၃မိနစ်မှာ
အီဒူယတ်ကပဲလေ့စ်အတွက်ဒုတိယဂိုးသွင်းလိုက်ပြီးနောက်ပွဲပြီးသွားလို့
တောင်ယူဆခဲ့ရပါတယ်။ဒါပေမယ့်နာကျင်အချိန်ပိုမှာလာကာဇက်တီက
အာဆင်နယ်အတွက်တစ်မှတ်ရစေမယ့်အဖိုးတန်ချေပဂိုးကိုသွင်းယူခဲ့ပါတယ်။
Zawgyi
အနီကတ္ျပအထုတ္ခံခဲ့ရႏိုင္တဲ့ မက္အာသာ
ခရစၥတယ္ပဲေလ့စ္အလယ္တန္းကစားသမားဂ်ိမ္းစ္မက္အာသာဟာအာဆင္နယ္
တိုက္စစ္သမားဘူကာယိုဆာကာရဲ႕ေျခသလုံးကိုျပင္းထန္စြာကန္ခဲ့ေပမယ့္လည္း
အနီကတ္ျပထုတ္ပယ္ျခင္းမခံခဲ့ရပါဘူး။
အသက္၃၄ႏွစ္ရွိစေကာ့တလန္လက္ေ႐ြးစင္ကစားသမားဟာတနလၤာေန႔ညတုန္းက
အာဆင္နယ္ႏွင့္လန္ဒန္ဒါဘီပြဲစဥ္မွာဘူကာယိုဆာကာရဲ႕ေျခသလုံးကိုအျပင္းကန္
ခဲ့တာလည္းျဖစ္ပါတယ္။
ဒါေပမယ့္ကြင္းလယ္ဒိုင္လူႀကီးမိုက္ဒိန္းဟာမက္အာသာကိုအနီကတ္ျပထုတ္ပယ္
ျခင္းမျပဳဘဲအဝါကတ္သာျပခဲ့ပါတယ္။ဘူကာယိုဆာကာရဲ႕မက္အာသာရဲ႕ျပင္းထန္တဲ့
ကန္ခ်က္ေၾကာင့္ဒဏ္ရာရရွိသြားခဲ့ၿပီးဒုတိယပိုင္းမစတင္ခင္ဆမ္ဘီလိုကြန္ဂါနဲ႔
လူစားလဲခဲ့ရပါတယ္။
အာဆင္နယ္ဘက္သို႔အျငင္းပြားစရာဆုံးျဖတ္ခ်က္မ်ားျပဳလုပ္ခဲ့ဖူးတဲ့သမိုင္းေၾကာင္း
ရွိခဲ့ဖူးတဲ့ကြင္းလယ္ဒိုင္လူႀကီးမိုက္ဒိန္းဟာယင္းဆုံးျဖတ္ခ်က္ေၾကာင့္ပရိသတ္မ်ာ
းရဲ႕ေမးခြန္းထုတ္မႈမ်ားထပ္မံႀကဳံလာရျပန္ပါတယ္။
မေန႔ညတုန္းကအသင္းေခါင္းေဆာင္ေဟာင္းဗီအဲရာဦးေဆာင္တဲ့ပဲေလ့စ္ႏွင့္
ပြဲစဥ္မွာအာဆင္နယ္ဟာပြဲအစ၈မိနစ္မွာဘဲအူဘာမီယန္ရဲ႕ဂိုးနဲ႔ပြဲကိုဦးေဆာင္
ႏိုင္ခဲ့ပါတယ္။
အာဆင္နယ္ဟာပြဲအစအထေကာင္းခဲ့ေပမယ့္လည္းပဲေလ့စ္ခံစစ္ေၾကာင္းရဲ႕
ပိတ္ဆို႔ကို ေက်ာ္ျဖတ္ရန္႐ုန္းကန္ခဲ့ရပါတယ္။ဒုတိယပိုင္းပြဲခ်ိန္၅၀မိနစ္မွာ
ဘန္တီကီကပဲေလ့စ္အတြက္ေခ်ပဂိုးသြင္းခဲ့ပါတယ္။ပြဲခ်ိန္၇၃မိနစ္မွာ
အီဒူယတ္ကပဲေလ့စ္အတြက္ဒုတိယဂိုးသြင္းလိုက္ၿပီးေနာက္ပြဲၿပီးသြားလို႔
ေတာင္ယူဆခဲ့ရပါတယ္။ဒါေပမယ့္နာက်င္အခ်ိန္ပိုမွာလာကာဇက္တီက
အာဆင္နယ္အတြက္တစ္မွတ္ရေစမယ့္အဖိုးတန္ေခ်ပဂိုးကိုသြင္းယူခဲ့ပါတယ္။