အန်ဖီးလ်မြေက ယူနိုက်တက်ရဲ့ သူရဲကောင်းလေးယောက်အကြောင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့ညက အန်ဖီးလ်မှာ ယူနိုက်တက်ရဲ့ ခံစစ်စွမ်းရည် ကောင်းမွန်မှုတွေနဲ့ အတူ ဂိုးမရှိ သရေနဲ့ ပြီးဆုံးခဲ့ပါတယ်။ လီဗာပူး တိုက်စစ်မှူးတွေအတွက် အခွင်ုအရေးလွန်နည်းပါးခဲ့တဲ့ပွဲတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမှာ တော့ ဖာမီနိုဟာ အခွင့်အရေးကောင်း တစ်ချို့ ရခဲ့ပေမယ့်လည်း အသုံးမချနိုင်ခဲ့ပါဘူး။

ဒုတိယပိုင်းမှာတော့ ယူနိုက်တက်ဟာ တိုက်စစ် ကစားပုံ ကောင်းလာခဲ့ပြီး ဖာနန်ဒက်နဲ့ ပေါ့ဘာတို့ဟာ အပိုင်အခွင့်အရေးတွေရရှိခဲ့ပေမယ့် ဂိုးသမား အယ်လစ်ဆန် ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်ရဲ့ခံစစ်မှူးလေးယောက်လုံးဟာ ထုတ်ဖော် ချီးကျူးစရာကောင်းအောင် ကိုယ့်အပိုင်းမှာကိုယ်တာဝန်ကျေခဲ့တဲ့အပြင် တိုက်စစ်ပိုင်းကိုလည်း လိုက်ပါကစားပေးနိုင်ခဲ့ပါတယ်။ ပွဲချိန်အများစုမှာ လီဗာပူးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူနိုင်ခဲ့ပေမယ့် ထိရောက်တဲ့ ဂိုးကန်သွင်းမှုတွေမလုပ်နိုင်ခဲ့တာဟာလည်း ဒီနေ့ပွဲမှာ ယူနိုက်တက်အသင်းရဲ့ တိုးတက်လာတဲ့ စွမ်းရည်တွေဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအတွက်တော့ ၂၀၁၈ အောက်တိုဘာ နောက်ပိုင်း အန်ဖီးလ်ကွင်းမှာကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ သွင်းဂိုးမရရှိခဲ့တဲ့ ပထမဆုံးပွဲဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်ခံစစ်ဟာ လီဗာပူးတိုက်စစ်မှူးတွေဖြစ်တဲ့ မာနေး၊ ဆာလက်၊ ဖာမီနိုတို့ကိုအကောင်းဆုံးထိန်းချုပ်ခဲ့ပြီး လုခ်ရှောကတော့ အကောင်းဆုံးဖြစ်ခဲ့ပါတယ်။

ဂိုးသမားဒီဂီယာကလည်း ဒီပွဲမှာ ကောင်းမွန်တဲ့ ဂိုးပေါက် ကာကွယ်မှု (၂) ကြိမ် လုပ်ပြ သွားနိုင်ခဲ့ပြီး စွမ်းဆောင်ရည်သတ်မှတ်ချက် ( 6.5 ) ရခဲ့ပါတယ်။

ဝမ် ဘစ်ဆာကာ ( 7 ) အရင်ပွဲတွေမှာခြေစွမ်းမပြနိုင်တဲ့ ဘစ်ဆာကာဟာ ဒီနေ့မှာတော့ ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေကိုပြသလာနိုင်သလို မာနေးရဲ့ တိုက်စစ်ဆင်မှုကိုလည်း ထိန်းချုပ်ကစား နိုင်ခဲ့ပါတယ်။

လင်ဒီလော့ဖ် ( 7 ) သူပါတဲ့ အတွက် မေးခွန်း ထုတ်ခံ ခဲ့ရ ပါတယ် ။ ဒါပေမယ့် သူဟာ ကောင်းမွန်တဲ့ ပိတ်ဆို့မှု ၊ ရှင်းထုတ်မုှ အချို့ကို လုပ်ဆောင်ရင်း ခံစစ် ကစားပုံ ကောင်းပြနိုင်ခဲ့ပါတယ်။ အမြင့်ဘောလုယူအောင်မြင်မှုနှုန်း(၁၀၀%)၊ ဘောလုံးပေးပို့အောင်မြင်မှုနှုန်း(၈၃%) ၊ ဘောလုံးရှင်းထုတ်မှု(၁၀)ကြိမ် ပြုလုပ်ခဲ့ပြီး ယခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ယူနိုက်တက်ခံစစ်မှုးတစ်ဦးအနေနဲ့ ဘောလုံးရှင်းထုတ်မှု အကြိမ်ရေအများဆုံးပြုလုပ်သွားနိုင်ခဲ့တာလည်းဖြစ်သည်။

မက်ဂွားယား ( 7 ) ယူနိုက်တက် အသင်း ခေါင်းဆောင် ကတော့ တည်ငြိမ်တဲ့ ခံစစ် ကစားပုံ ၊ အမြင့်ဘောတွေကို ဦးယူမှု ၊ ကောင်းမွန်တဲ့ ရှင်းထုတ်မှု တွေကို လုပ်ဆောင်ရင်း မာကျောတဲ့ ခံစစ် ကစားဟန် ပြသနိုင်ခဲ့ ပါတယ်။ဒီနေ့ပွဲမှာ မက်ဂွားယားဟာ ဘောလုံးထိတွေ့မှု(၅၃)ကြိမ် ၊ ဘောလုံးပေးပို့မှုအောင်မြင်နှုန်း(၈၀%) ၊ အမြင့်ဘောယှဉ်လုမှုအောင်မြင်နှုန်း(၁၀၀%) ၊ ဘောလုံးရှင်းထုတ်မှု(၆)ကြိမ်၊ ကြားဖြတ်လုယူမှု(၃)ကြိမ် နဲ့ပြစ်ဒဏ်ကျူးလွန်ခဲ့ခြင်းမရှိခဲ့ပါဘူး။

လုခ်ရှော ( 8 ) ဆာလာကို ကောင်းကောင်း ထိန်းချုပ် ကစားပြ နိုင်ခဲ့သလို ရှောဟာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ် ။ သူဟာတိုက်စစ်ပိုင်းကိုလည်း လိုက်ပါကူညီပေးနိုင်ခဲ့ပါတယ်။ ဒီပွဲမှ ာလုရှော ရဲ့ စွမ်းဆောင်မှုတွေကတော့ အဝေးဘောပေးပို့တိကျမှုနှုန်း(၁၀၀%) ၊ ဖျက်ထုတ်မှု(၁၀၀%)အောင်မြင် ၊ ဘောလုံးထိချက်(၆၈)ကြိမ် ၊ ဘောလုံးပေးပို့အောင်မြင်မှုနှုန်း(၈၀%) ၊ အမြင့်ဘော(၃)ကြိမ်ယှဉ်လုရာတွင် (၂)ကြိမ်အသာစီးရခဲ့ ၊ ဘောလုံးဆယ်ယူမှု(၈)ကြိမ် ၊ ဘောလုံးရှင်းထုတ်မှု(၄)ကြိမ် ၊ အခွင့်အရေးဖန်တီးမှု(၂)ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

skysports မှာပွဲသုံးသပ်မှုလုပ်နေတဲ့ ရွိုင်ကိန်းကလည်း “ နောက်တန်းလေးယောက်လုံးရဲ့ခြေစွမ်းကတော့ ဒီနေ့ပွဲမှာ အကောင်းဆုံးပါပဲ၊ ရှောလည်း ဒီနေ့ပွဲမှာ အတော်ကိုကောင်းတယ်” ဆိုပြီးပြောခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အန္ဖီးလ္ေျမက ယူႏိုက္တက္ရဲ႕ သူရဲေကာင္းေလးေယာက္အေၾကာင္း

မေန႔ညက အန္ဖီးလ္မွာ ယူႏိုက္တက္ရဲ႕ ခံစစ္စြမ္းရည္ ေကာင္းမြန္မႈေတြနဲ႔ အတူ ဂိုးမရွိ သေရနဲ႔ ၿပီးဆုံးခဲ့ပါတယ္။ လီဗာပူး တိုက္စစ္မႉးေတြအတြက္ အခြင္ုအေရးလြန္နည္းပါးခဲ့တဲ့ပြဲတစ္ပြဲလည္းျဖစ္ခဲ့ပါတယ္။ ပထမပိုင္းမွာ ေတာ့ ဖာမီႏိုဟာ အခြင့္အေရးေကာင္း တစ္ခ်ိဳ႕ ရခဲ့ေပမယ့္လည္း အသုံးမခ်ႏိုင္ခဲ့ပါဘူး။ ဒုတိယပိုင္းမွာေတာ့ ယူႏိုက္တက္ဟာ တိုက္စစ္ ကစားပုံ ေကာင္းလာခဲ့ၿပီး ဖာနန္ဒက္နဲ႔ ေပါ့ဘာတို႕ဟာ အပိုင္အခြင့္အေရးေတြရရွိခဲ့ေပမယ့္ ဂိုးသမား အယ္လစ္ဆန္ ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

ဒီပြဲမွာ ယူႏိုက္တက္ရဲ႕ခံစစ္မႉးေလးေယာက္လုံးဟာ ထုတ္ေဖာ္ ခ်ီးက်ဴးစရာေကာင္းေအာင္ ကိုယ့္အပိုင္းမွာကိုယ္တာဝန္ေက်ခဲ့တဲ့အျပင္ တိုက္စစ္ပိုင္းကိုလည္း လိုက္ပါကစားေပးႏိုင္ခဲ့ပါတယ္။ ပြဲခ်ိန္အမ်ားစုမွာ လီဗာပူးအသင္းဟာ ေဘာလုံးပိုင္ဆိုင္မႈအသာစီးရယူႏိုင္ခဲ့ေပမယ့္ ထိေရာက္တဲ့ ဂိုးကန္သြင္းမႈေတြမလုပ္ႏိုင္ခဲ့တာဟာလည္း ဒီေန႔ပြဲမွာ ယူႏိုက္တက္အသင္းရဲ႕ တိုးတက္လာတဲ့ စြမ္းရည္ေတြျဖစ္ပါတယ္။ လီဗာပူးလ္အသင္းအတြက္ေတာ့ ၂၀၁၈ ေအာက္တိုဘာ ေနာက္ပိုင္း အန္ဖီးလ္ကြင္းမွာကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲေတြမွာ သြင္းဂိုးမရရွိခဲ့တဲ့ ပထမဆုံးပြဲျဖစ္ခဲ့ပါတယ္။ ယူႏိုက္တက္ခံစစ္ဟာ လီဗာပူးတိုက္စစ္မႉးေတြျဖစ္တဲ့ မာေနး၊ ဆာလက္၊ ဖာမီႏိုတို႔ကိုအေကာင္းဆုံးထိန္းခ်ဳပ္ခဲ့ၿပီး လုခ္ေရွာကေတာ့ အေကာင္းဆုံးျဖစ္ခဲ့ပါတယ္။

ဂိုးသမားဒီဂီယာကလည္း ဒီပြဲမွာ ေကာင္းမြန္တဲ့ ဂိုးေပါက္ ကာကြယ္မႈ (၂) ႀကိမ္ လုပ္ျပ သြားႏိုင္ခဲ့ၿပီး စြမ္းေဆာင္ရည္သတ္မွတ္ခ်က္ ( 6.5 ) ရခဲ့ပါတယ္။

ဝမ္ ဘစ္ဆာကာ ( 7 ) အရင္ပြဲေတြမွာေျခစြမ္းမျပႏိုင္တဲ့ ဘစ္ဆာကာဟာ ဒီေန႔မွာေတာ့ ေကာင္းမြန္တဲ့စြမ္းေဆာင္ရည္ေတြကိုျပသလာႏိုင္သလို မာေနးရဲ႕ တိုက္စစ္ဆင္မႈကိုလည္း ထိန္းခ်ဳပ္ကစား ႏိုင္ခဲ့ပါတယ္။

လင္ဒီေလာ့ဖ္ ( 7 ) သူပါတဲ့ အတြက္ ေမးခြန္း ထုတ္ခံ ခဲ့ရ ပါတယ္ ။ ဒါေပမယ့္ သူဟာ ေကာင္းမြန္တဲ့ ပိတ္ဆို႔မႈ ၊ ရွင္းထုတ္မုွ အခ်ိဳ႕ကို လုပ္ေဆာင္ရင္း ခံစစ္ ကစားပုံ ေကာင္းျပႏိုင္ခဲ့ပါတယ္။ အျမင့္ေဘာလုယူေအာင္ျမင္မႈႏႈန္း(၁၀၀%)၊ ေဘာလုံးေပးပို႔ေအာင္ျမင္မႈႏႈန္း(၈၃%) ၊ ေဘာလုံးရွင္းထုတ္မႈ(၁၀)ႀကိမ္ ျပဳလုပ္ခဲ့ၿပီး ယခုႏွစ္ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ယူႏိုက္တက္ခံစစ္မႈးတစ္ဦးအေနနဲ႔ ေဘာလုံးရွင္းထုတ္မႈ အႀကိမ္ေရအမ်ားဆုံးျပဳလုပ္သြားႏိုင္ခဲ့တာလည္းျဖစ္သည္။

မက္ဂြားယား ( 7 ) ယူႏိုက္တက္ အသင္း ေခါင္းေဆာင္ ကေတာ့ တည္ၿငိမ္တဲ့ ခံစစ္ ကစားပုံ ၊ အျမင့္ေဘာေတြကို ဦးယူမႈ ၊ ေကာင္းမြန္တဲ့ ရွင္းထုတ္မႈ ေတြကို လုပ္ေဆာင္ရင္း မာေက်ာတဲ့ ခံစစ္ ကစားဟန္ ျပသႏိုင္ခဲ့ ပါတယ္။ဒီေန႔ပြဲမွာ မက္ဂြားယားဟာ ေဘာလုံးထိေတြ႕မႈ(၅၃)ႀကိမ္ ၊ ေဘာလုံးေပးပို႔မႈေအာင္ျမင္ႏႈန္း(၈၀%) ၊ အျမင့္ေဘာယွဥ္လုမႈေအာင္ျမင္ႏႈန္း(၁၀၀%) ၊ ေဘာလုံးရွင္းထုတ္မႈ(၆)ႀကိမ္၊ ၾကားျဖတ္လုယူမႈ(၃)ႀကိမ္ နဲ႔ျပစ္ဒဏ္က်ဴးလြန္ခဲ့ျခင္းမရွိခဲ့ပါဘူး။

လုခ္ေရွာ ( 8 ) ဆာလာကို ေကာင္းေကာင္း ထိန္းခ်ဳပ္ ကစားျပ ႏိုင္ခဲ့သလို ေရွာဟာ ပြဲစဥ္ရဲ႕ အေကာင္းဆုံး ကစားသမား ျဖစ္ခဲ့ပါတယ္ ။ သူဟာတိုက္စစ္ပိုင္းကိုလည္း လိုက္ပါကူညီေပးႏိုင္ခဲ့ပါတယ္။ ဒီပြဲမွ ာလုေရွာ ရဲ႕ စြမ္းေဆာင္မႈေတြကေတာ့ အေဝးေဘာေပးပို႔တိက်မႈႏႈန္း(၁၀၀%) ၊ ဖ်က္ထုတ္မႈ(၁၀၀%)ေအာင္ျမင္ ၊ ေဘာလုံးထိခ်က္(၆၈)ႀကိမ္ ၊ ေဘာလုံးေပးပို႔ေအာင္ျမင္မႈႏႈန္း(၈၀%) ၊ အျမင့္ေဘာ(၃)ႀကိမ္ယွဥ္လုရာတြင္ (၂)ႀကိမ္အသာစီးရခဲ့ ၊ ေဘာလုံးဆယ္ယူမႈ(၈)ႀကိမ္ ၊ ေဘာလုံးရွင္းထုတ္မႈ(၄)ႀကိမ္ ၊ အခြင့္အေရးဖန္တီးမႈ(၂)ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ skysports မွာပြဲသံုးသပ္မႈလုပ္ေနတဲ့ ႐ြိဳင္ကိန္းကလည္း “ ေနာက္တန္းေလးေယာက္လုံးရဲ႕ေျခစြမ္းကေတာ့ ဒီေန႔ပြဲမွာ အေကာင္းဆုံးပါပဲ၊ ေရွာလည္း ဒီေန႔ပြဲမွာ အေတာ္ကိုေကာင္းတယ္” ဆိုၿပီးေျပာခဲ့ပါတယ္။