အနှိပ်ခံမယ်ဆိုရင် စီရော်နယ်ဒိုကို သတိရပါ…. ကြံ့ခိုင်မှုကောင်းမွန်နေခြင်းမှာ အနှိပ်ခံတာက အဓိကျတယ်လို့ စီရော်နယ်ဒိုဖွင့်ဟ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပေါ်တူဂီအသင်းနဲ့ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုက သူ့အသက် ၃၆ နှစ်ထဲရောက်လာတဲ့အထိ ကြံ့ခိုင်မှုပြည့်ဝစွာ ကစားနိုင်သေးတဲ့ အကြောင်းအရင်းတွေထဲက အဓိကကျတဲ့အချက်တစ်ခုကို ဖွင့်ဟပြောကြားခဲ့တယ်လို့ သိရပါတယ်။

စီရော်နယ်ဒိုဟာ မကြာသေးခင်က ဖီဖာရဲ့ The Best ဆုပေးပွဲမှာ ထိပ်ဆုံး ၃ ဦးစာရင်း ထဲဝင်ခဲ့သလို Ballon d’Or အကောင်းဆုံးအသင်းစာရင်းမှာလည်း ပါခဲ့ပြီး Dubai Globe Soccer Awards မှာလည်း ရာစုနှစ်ရဲ့အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သူဖြစ်ပါတယ်။ သူဟာ အားကစားသမားတွေထဲမှာ ကြံ့ခိုင်မှု အကောင်းဆုံးသူတွေထဲမှာ အပါအဝင်ဖြစ်ပြီး ဒီအတွက်လည်း အစားအသောက်ကို ဂရုစိုက်သလို အရက်သေစာလည်း သောက်သုံးခြင်းမရှိပါဘူး။

ဒါ့အပြင်ပွဲစဉ်တစ်ခုပြီးတာနဲ့ သူ့ကြံ့ခိုင်မှုပိုင်းအတွက် အထူးဂရုပြုဆောင်ရွက်သူပါ။ ဒီအထဲမှာ ပွဲစဉ်ကြောင့် ထိခိုက်မှုတွေကိုအမြန်ဆုံးပြေလျော့စေဖို့အတွက် အထူးပြုလုပ်ထားတဲ့ ရေခဲကန်ထဲစိမ်ခြင်း၊ အနှိပ်ခံခြင်းတို့အပြင် နိုက်ထရိုဂျင်အရေနဲ့ ကုသမှုခံယူခြင်း၊ ပုံမှန်ရေကူးခြင်းတို့ကိုပြုလုပ်လေ့ရှိပါတယ်။

သူဟာရီးရဲလ်မက်ဒရစ်မှာ ရှိတုန်းကဆိုရင် သူ့ကို နှိပ်ပေးဖို့အတွက် ၅ ဦးပါအဖွဲ့ကို ရီးရဲလ်ကဖွဲ့ထားပေးရပြီး ပုံမှန်အနှိပ်ခံခဲ့သူဖြစ်ပါတယ်။ သူက” ကြံ့ခိုင်မှုပိုင်းနဲ့ ပတ်သက်ရင်တော့ ကျွန်တော်ဂရုစိုက်တယ်ဆိုတာ အားလုံးသိပါတယ်။ အခုချိန်အထိလည်း အသက် ၂၀ တုန်းကပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းတွေကို ကျွန်တော်လုပ်နေဆဲပါဘဲ။

အနှိပ်ခံမှုဟာ တစ်ကိုယ်လုံးမှာရှိတဲ့ အကြောတွေကိုပြေလျော့စေပြီး နာကျင်မှုတွေကိုလည်း အမြန်သက်သာစေပါတယ်။ တစ်ခါတလေမှာ အိမ်ကိုမနက် ၂ နာရီမှပြန်ရောက်တာပါ။ ဒါပေမယ့်လည်း ကျွန်တော်ဟာ SPA ကိုသွားပြီး အနှိပ်ခံဖြစ်အောင် ခံပါတယ်။

ဒါကြောင့် အခုချိန်အထိ နှေးကွေးသွားတယ်လို့ မခံစားရသေးပါဘူး။ အသက် ၄၀ အထိအကောင်းဆုံး ဆက်ကစားနိုင်ဦးမှာပါ” လို့ပြောသွားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း စီရော်နယ်ဒိုဟာ သူ့အိမ်မှာ အတူနေချစ်သူ ဂျော်ဂျီနာရဲ့ အနှိပ်ခံပေနေတဲ့ ပုံတွေကိုဖြန့်ဝေခဲ့သေးကြောင်း သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အႏွိပ္ခံမယ္ဆိုရင္ စီေရာ္နယ္ဒိုကို သတိရပါ….ႀကံ့ခိုင္မႈေကာင္းမြန္ေနျခင္းမွာ အႏွိပ္ခံတာက အဓိက်တယ္လို႔ စီေရာ္နယ္ဒိုဖြင့္ဟ

ေပၚတူဂီအသင္းနဲ႔ ဂ်ဴဗင္တပ္တိုက္စစ္မႉး စီေရာ္နယ္ဒိုက သူ႔အသက္ ၃၆ ႏွစ္ထဲေရာက္လာတဲ့အထိ ႀကံ့ခိုင္မႈျပည့္ဝစြာ ကစားႏိုင္ေသးတဲ့ အေၾကာင္းအရင္းေတြထဲက အဓိကက်တဲ့အခ်က္တစ္ခုကို ဖြင့္ဟေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

စီေရာ္နယ္ဒိုဟာ မၾကာေသးခင္က ဖီဖာရဲ႕ The Best ဆုေပးပြဲမွာ ထိပ္ဆုံး ၃ ဦးစာရင္း ထဲဝင္ခဲ့သလို Ballon d’Or အေကာင္းဆုံးအသင္းစာရင္းမွာလည္း ပါခဲ့ၿပီး Dubai Globe Soccer Awards မွာလည္း ရာစုႏွစ္ရဲ႕အေကာင္းဆုံး ကစားသမားဆုကို ရရွိခဲ့သူျဖစ္ပါတယ္။ သူဟာ အားကစားသမားေတြထဲမွာ ႀကံ့ခိုင္မႈ အေကာင္းဆုံးသူေတြထဲမွာ အပါအဝင္ျဖစ္ၿပီး ဒီအတြက္လည္း အစားအေသာက္ကို ဂ႐ုစိုက္သလို အရက္ေသစာလည္း ေသာက္သုံးျခင္းမရွိပါဘူး။

ဒါ့အျပင္ပြဲစဥ္တစ္ခုၿပီးတာနဲ႔ သူ႔ႀကံ့ခိုင္မႈပိုင္းအတြက္ အထူးဂ႐ုျပဳေဆာင္႐ြက္သူပါ။ ဒီအထဲမွာ ပြဲစဥ္ေၾကာင့္ ထိခိုက္မႈေတြကိုအျမန္ဆုံးေျပေလ်ာ့ေစဖို႔အတြက္ အထူးျပဳလုပ္ထားတဲ့ ေရခဲကန္ထဲစိမ္ျခင္း၊ အႏွိပ္ခံျခင္းတို႔အျပင္ ႏိုက္ထ႐ိုဂ်င္အေရနဲ႔ ကုသမႈခံယူျခင္း၊ ပုံမွန္ေရကူးျခင္းတို႔ကိုျပဳလုပ္ေလ့ရွိပါတယ္။

သူဟာရီးရဲလ္မက္ဒရစ္မွာ ရွိတုန္းကဆိုရင္ သူ႕ကို ႏွိပ္ေပးဖို႔အတြက္ ၅ ဦးပါအဖြဲ႕ကို ရီးရဲလ္ကဖြဲ႕ထားေပးရၿပီး ပုံမွန္အႏွိပ္ခံခဲ့သူျဖစ္ပါတယ္။ သူက” ႀကံ့ခိုင္မႈပိုင္းနဲ႔ ပတ္သက္ရင္ေတာ့ ကြၽန္ေတာ္ဂ႐ုစိုက္တယ္ဆိုတာ အားလုံးသိပါတယ္။ အခုခ်ိန္အထိလည္း အသက္ ၂၀ တုန္းကျပဳလုပ္ခဲ့တဲ့ ေလ့က်င့္ခန္းေတြကို ကြၽန္ေတာ္လုပ္ေနဆဲပါဘဲ။

အႏွိပ္ခံမႈဟာ တစ္ကိုယ္လုံးမွာရွိတဲ့ အေၾကာေတြကိုေျပေလ်ာ့ေစၿပီး နာက်င္မႈေတြကိုလည္း အျမန္သက္သာေစပါတယ္။ တစ္ခါတေလမွာ အိမ္ကိုမနက္ ၂ နာရီမွျပန္ေရာက္တာပါ။ ဒါေပမယ့္လည္း ကြၽန္ေတာ္ဟာ SPA ကိုသြားၿပီး အႏွိပ္ခံျဖစ္ေအာင္ ခံပါတယ္။

ဒါေၾကာင့္ အခုခ်ိန္အထိ ေႏွးေကြးသြားတယ္လို႔ မခံစားရေသးပါဘူး။ အသက္ ၄၀ အထိအေကာင္းဆုံး ဆက္ကစားႏိုင္ဦးမွာပါ” လို႔ေျပာသြားပါတယ္။ ၿပီးခဲ့တဲ့ ဧၿပီလတုန္းကလည္း စီေရာ္နယ္ဒိုဟာ သူ႔အိမ္မွာ အတူေနခ်စ္သူ ေဂ်ာ္ဂ်ီနာရဲ႕ အႏွိပ္ခံေပေနတဲ့ ပုံေတြကိုျဖန႔္ေဝခဲ့ေသးေၾကာင္း သိရပါတယ္။