
မန်ချက်စတာယူနိုက်တက်အသင်းမှာ ပွဲထွက်ကစားခွင့်ရဖို့ရုန်းကန်နေရတဲ့
ကစားသမား(၃)ဦးဖြစ်တဲ့ ဆန်ချို၊ ဗန်ဒီဘိခ်နဲ့လင်ဂတ်တို့ဟာ အခုစနေနေ့ကျရင်
ဝက်ဖို့ဒ်အသင်းနဲ့ကစားမယ့်ပွဲမှာ ပွဲထွက်ကစားခွင့်ရဖို့ရှိနေပါပြီ။ ဒီကစားသမား(၃)ဦးဟာ
ပြီးခဲ့တဲ့နိုင်ငံတကာပွဲတွေမှာ သက်ဆိုင်ရာနိုင်ငံလက်ရွေးစင်အသင်းတွေအတွက်
အရေးမခံခဲ့ရတာကြောင့် နားရက်အပြည့်အဝရရှိထားပြီး ကြားရက်ထဲမှာ
အသင်းနဲ့အတူလေ့ကျင့်ခန်းပြုလုပ်ခဲ့ကြပါတယ်။
ယူနိုက်တက်အသင်းဟာပြိုင်ပွဲစုံနောက်ဆုံး(၁၂)ပွဲမှာ(၆)ပွဲအထိရှုံးနိမ့်ခဲ့တာကြောင့်
နည်းပြဆိုးလ်ရှားအတွက်ဖိအားတွေများနေပြီး ဆိုးလ်ရှားအနေနဲ့ လာမယ့်ဝက်ဖို့ဒ်နဲ့ပွဲထက်
ချန်ပီယံလိဂ်အုပ်စုကတက်ဖို့အတွက်အရေးပါတဲ့ ဗီလာရီးယဲလ်နဲ့ပွဲကို အာရုံစိုက်ဖို့
ရှိနေတာကြောင့် ပွဲထွက်ကစားသမားစာရင်းအပြောင်းအလဲလုပ်ဖို့ဆန္ဒ
ရှိနေတာဖြစ်ပါတယ်။
ဗန်ဒီဘိခ်ဟာ မန်စီးတီးနဲ့ကစားခဲ့တဲ့ပွဲမှာ ဒီရာသီဒုတိယမြောက်
ပရီးမီးယားလိဂ်ပွဲအဖြစ်ကစားခဲ့ရပြီး လင်ဂတ်က ဗီလာရီးယဲလ်ကို အနိုင်ရခဲ့တဲ့
ချန်ပီယံလိဂ်ပွဲနောက်ပိုင်းမှာ အသင်းအတွက်(၁၈)မိနစ်သာကစားခွင့်ရခဲ့သလို
ဆန်ချိုကတော့ ပွဲထွက်ကစားခွင့်တောင် သိပ်မရတော့ပါဘူး။ ယူနိုက်တက်
အသင်းအနေနဲ့ ပြိုင်ပွဲစုံမှာပွဲကျပ်တွေဆက်တိုက်ကစားရမှာဖြစ်လို့ ဆိုးလ်ရှားဟာ
ပွဲထွက်ကစားသမားစာရင်းကို အပြောင်းအလဲလုပ်ဖို့စီစဉ်နေတာလည်းဖြစ်ပါတယ်။
Zawgyi
အပယ္ခံ ေတြရဲ႕ ပြဲထြက္ခ်ိန္လား…
မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ပြဲထြက္ကစားခြင့္ရဖို႔႐ုန္းကန္ေနရတဲ့
ကစားသမား(၃)ဦးျဖစ္တဲ့ ဆန္ခ်ိဳ၊ ဗန္ဒီဘိခ္နဲ႔လင္ဂတ္တို႔ဟာ အခုစေနေန႔က်ရင္
ဝက္ဖို႔ဒ္အသင္းနဲ႔ကစားမယ့္ပြဲမွာ ပြဲထြက္ကစားခြင့္ရဖို႔ရွိေနပါၿပီ။ ဒီကစားသမား(၃)ဦးဟာ
ၿပီးခဲ့တဲ့ႏိုင္ငံတကာပြဲေတြမွာ သက္ဆိုင္ရာႏိုင္ငံလက္ေ႐ြးစင္အသင္းေတြအတြက္
အေရးမခံခဲ့ရတာေၾကာင့္ နားရက္အျပည့္အဝရရွိထားၿပီး ၾကားရက္ထဲမွာ
အသင္းနဲ႔အတူေလ့က်င့္ခန္းျပဳလုပ္ခဲ့ၾကပါတယ္။ ယူႏိုက္တက္အသင္းဟာ
ၿပိဳင္ပြဲစုံေနာက္ဆုံး(၁၂)ပြဲမွာ(၆)ပြဲအထိရႈံးနိမ့္ခဲ့တာေၾကာင့္ နည္းျပဆိုးလ္ရွားအတြက္
ဖိအားေတြမ်ားေနၿပီး ဆိုးလ္ရွားအေနနဲ႔ လာမယ့္ဝက္ဖို႔ဒ္နဲ႔ပြဲထက္ ခ်န္ပီယံလိဂ္
အုပ္စုကတက္ဖို႔အတြက္အေရးပါတဲ့ ဗီလာရီးယဲလ္နဲ႔ပြဲကို အာ႐ုံစိုက္ဖို႔
ရွိေနတာေၾကာင့္ ပြဲထြက္ကစားသမားစာရင္းအေျပာင္းအလဲလုပ္ဖို႔ဆႏၵ
ရွိေနတာျဖစ္ပါတယ္။ ဗန္ဒီဘိခ္ဟာ မန္စီးတီးနဲ႔ကစားခဲ့တဲ့ပြဲမွာ ဒီရာသီဒုတိယေျမာက္
ပရီးမီးယားလိဂ္ပြဲအျဖစ္ကစားခဲ့ရၿပီး လင္ဂတ္က ဗီလာရီးယဲလ္ကို အႏိုင္ရခဲ့တဲ့
ခ်န္ပီယံလိဂ္ပြဲေနာက္ပိုင္းမွာ အသင္းအတြက္(၁၈)မိနစ္သာကစားခြင့္ရခဲ့သလို
ဆန္ခ်ိဳကေတာ့ ပြဲထြက္ကစားခြင့္ေတာင္ သိပ္မရေတာ့ပါဘူး။ ယူႏိုက္တက္
အသင္းအေနနဲ႔ ၿပိဳင္ပြဲစုံမွာပြဲက်ပ္ေတြဆက္တိုက္ကစားရမွာျဖစ္လို႔ ဆိုးလ္ရွားဟာ
ပြဲထြက္ကစားသမားစာရင္းကို အေျပာင္းအလဲလုပ္ဖို႔စီစဥ္ေနတာလည္းျဖစ္ပါတယ္။