အပြန်အလှန်သွင်းဂိုးတွေနဲ့ ကင်းပါဝါမှာ သရေတစ်မှတ်စီခွဲယူသွားတဲ့ပွဲ (လက်စတာ ၂-၂ ယူနိုက်တက်)

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောက်ဆင်ဒေးပွဲစဉ်အဖြစ် အစောဆုံးကစားခဲ့တဲ့ လက်စတာနဲ့ ယူနိုက်တက်ပွဲမှာတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ၂-၂ ဂိုးသရေကျသွားပြီး လီဗာပူးက မနက်ဖြန်ညမှာ ဝက်စ်ဘရွန်းကိုသာအနိုင်ရခဲ့ရင် ဒုတိယနေရာက လက်စတာကို ၆ မှတ်အထိ ဖြတ်ထားနိုင်မှာဖြစ်ပါတယ်။


ယူနိုက်တက်ဟာ ဒီပွဲမတိုင်ခင် ယခုရာသီပရီးမီးယားလိဂ်အဝေးကွင်းပွဲတွေမှာ နောက်ကနေ လိုက်ကစားပြီး ပွဲတိုင်းအနိုင်ရခဲ့တဲ့ ယူနိုက်တက်ဟာ လက်စတာနဲ့ပွဲမှာ ဦးဆောင်ဂိုး ၂ကြိမ်ကို မထိန်းနိုင်ခဲ့ဘဲ ချေပဂိုးတွေ ပေးလိုက်ရလို့ အဝေးကွင်း နိုင်ပွဲဆက်စံချိန် ရပ်တန့်သွားခဲ့ရပါတယ်။


ဒီအတွက်ကြောင့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဝေးကွင်းပွဲဆက်အနိုင်အများဆုံးအသင်းတွေအဖြစ် ရပ်တည်နေတဲ့ ချဲလ်ဆီး(၂၀၀၈)နဲ့ မန်စီးတီး(၂၀၁၇)တို့ကို လိုက်မီနိုင်ဖို့ အခွင့်အရေးက တစ်ပွဲအလျော့နဲ့ ဆုံးရှုံးသွားခဲ့ရသလို အသင်းသမိုင်းတစ်လျှောက် အဝေးကွင်းပွဲဆက်အနိုင်အများဆုံးစံချိန်တင်ထားတာကလည်း ၁၀ပွဲနဲ့ ရပ်တန့်သွားခဲ့ရပါတယ်။


ဒီပွဲမှာ တစ်ဂိုးဖန်တီး၊ တစ်ဂိုးသွင်းယူခဲ့တဲ့ ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ ယခုရာသီဥရောပထိပ်တန်းလိဂ် ၅ခုအနက် သွင်းဂိုး ၁၀ဂိုးအမြန်ဆုံးသွင်းယူနိုင်တဲ့ ကွင်းလယ်လူဖြစ်လာခဲ့ပြီး ၂၀၀၈-၀၉ ရာသီက စီရော်နယ်ဒိုနောက်ပိုင်း ပရီးမီးယားလိဂ်တစ်ရာသီမှာ အနည်းဆုံး ၁၀ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးပေါ်တူဂီကစားသမားဖြစ်လာခဲ့ပါတယ်။

ပွဲချိန်အစောပိုင်းမှာ ယူနိုက်တက်အသင်း အပိုင်အခွင့်အရေးရခဲ့ပြီး တောင်ပံကနေ ဖာနန်ဒက်စ် အသာလေးခုတ်တင်ပေးလိုက်တာကို တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် အနီးကပ်ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် မယုံနိုင်စရာကောင်းလောက်အောင် ဂိုးဘားပေါ်ကျော်သွားခဲ့ပြီး ပြီးခဲ့တဲ့နှစ်ဘောက်ဆင်ဒေးနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ခေါင်းတိုက်ဘောကနေ ဂိုးပေါက်တည့်မှု တစ်ကြိမ်မှ မရှိသေးတဲ့စံချိန်ဆိုး တင်သွားခဲ့ရပါတယ်။


ဒါပေမဲ့ ပွဲချိန် ၂၃ မိနစ်မှာ ယူနိုက်တက်အသင်း ဦးဆောင်ဂိုးရရှိသွားခဲ့ပြီး ဒန်နီရယ်ဂျိမ်းစ်ရဲ့ပေးပို့မှုကို ဖာနန်ဒက်စ် လမ်းကြောင်းပြောင်း အသာလေးခင်းပေးလိုက်တာကို အသင့်ရှိနေတဲ့ ရက်ရှ်ဖို့ဒ်က မနားတမ်းကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။


ယူနိုက်တက်ရဲ့ အပျော်က ၈ မိနစ်ပဲ ခံခဲ့ပြီး ပွဲချိန် ၃၁မိနစ်မှာ တောင်ပံကစားသမား ဟာဗေးဘန်းစ်က ဂိုးဧရိယာထိပ်ကနေ ဘယ်ခြေနဲ့ ဂိုးသမားရဲ့ ညာဘက်ထောင့်ထဲ အပြင်းကန်သွင်းသွားတာဖြစ်ပါတယ်။


ပွဲချိန် ၇၉ မိနစ်မှာတော့ ယူနိုက်တက်အသင်း ဦးဆောင်ဂိုးထပ်ရသွားခဲ့ပြီး လူစားဝင်တိုက်စစ်မှူး ကာဗာနီ အသာလေးခင်းပေးတာကို ဖာနန်ဒက်စ်က ဂိုးသမားရဲ့ညာဘက်အောက်ထောင့်ထဲ မြေလှိမ့်ဘောကန်သွင်းခဲ့တာဖြစ်ပါတယ်။


ဖာနန်ဒက်စ်ဟာ ယခုရာသီပရီးမီးယားလိဂ်မှာ ၁၀ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၆ကြိမ်ပြုလုပ်ပေးထားပြီး ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲထွက်ကစားခဲ့ပြီးနောက် ၂၈ပွဲမှာ သွင်းဂိုးတိုက်ရိုက်ပါဝင်ပတ်သက်မှု ၃၁ဂိုးအထိရှိနေပြီဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ အဝေးကွင်း ၁၁ပွဲဆက်အနိုင်ရတော့မယ်လို့ ထင်နေတုန်း ပွဲချိန် ၈၅ မိနစ်မှာ လက်စတာအသင်း ဒုတိယမြောက်ချေပဂိုးရရှိသွားခဲ့ပြီး ဗာဒီရဲ့ပိတ်သွင်းမှု လူစားဝင်နောက်ခံလူ တွမ်ဇီဘီနဲ့ ထိကာ လမ်းကြောင်းပြောင်းဝင်သွားခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အျပန္အလွန္သြင္းဂိုးေတြနဲ႔ ကင္းပါ၀ါမွာ သေရတစ္မွတ္စီခြဲယူသြားတဲ့ပြဲ (လက္စတာ ၂-၂ ယူႏုိက္တက္)

ေဘာက္ဆင္ေဒးပြဲစဥ္အျဖစ္ အေစာဆုံးကစားခဲ့တဲ့ လက္စတာနဲ႔ ယူႏုိက္တက္ပြဲမွာေတာ့ အျပန္အလွန္သြင္းဂိုးေတြနဲ႔အတူ ၂-၂ ဂိုးသေရက်သြားၿပီး လီဗာပူးက မနက္ျဖန္ညမွာ ၀က္စ္ဘရြန္းကိုသာအႏိုင္ရခဲ့ရင္ ဒုတိယေနရာက လက္စတာကို ၆ မွတ္အထိ ျဖတ္ထားႏိုင္မွာျဖစ္ပါတယ္။ ယူႏုိက္တက္ဟာ ဒီပြဲမတုိင္ခင္ ယခုရာသီပရီးမီးယားလိဂ္အေ၀းကြင္းပြဲေတြမွာ ေနာက္ကေန လုိက္ကစားၿပီး ပြဲတိုင္းအႏုိင္ရခဲ့တဲ့ ယူႏုိက္တက္ဟာ လက္စတာနဲ႔ပြဲမွာ ဦးေဆာင္ဂိုး ၂ႀကိမ္ကို မထိန္းနိုင္ခဲ့ဘဲ ေခ်ပဂိုးေတြ ေပးလုိက္ရလုိ႔ အေ၀းကြင္း ႏိုင္ပဲြဆက္စံခ်ိန္ ရပ္တန္႔သြားခဲ့ရပါတယ္။

ဒီအတြက္ေၾကာင့္ ယူႏုိက္တက္ဟာ ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ အေ၀းကြင္းပြဲဆက္အႏိုင္အမ်ားဆံုးအသင္းေတြအျဖစ္ ရပ္တည္ေနတဲ့ ခ်ဲလ္ဆီး(၂၀၀၈)နဲ႔ မန္စီးတီး(၂၀၁၇)တုိ႔ကို လုိက္မီႏိုင္ဖို႔ အခြင့္အေရးက တစ္ပြဲအေလ်ာ့နဲ႔ ဆုံး႐ံႈးသြားခဲ့ရသလုိ အသင္းသမုိင္းတစ္ေလွ်ာက္ အေ၀းကြင္းပြဲဆက္အႏိုင္အမ်ားဆုံးစံခ်ိန္တင္ထားတာကလည္း ၁၀ပြဲနဲ႔ ရပ္တန႔္သြားခဲ့ရပါတယ္။ ဒီပြဲမွာ တစ္ဂိုးဖန္တီး၊ တစ္ဂိုးသြင္းယူခဲ့တဲ့ ယူႏုိက္တက္ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ယခုရာသီဥေရာပထိပ္တန္းလိဂ္ ၅ခုအနက္ သြင္းဂိုး ၁၀ဂိုးအျမန္ဆုံးသြင္းယူနိုင္တဲ့ ကြင္းလယ္လူျဖစ္လာခဲ့ၿပီး ၂၀၀၈-၀၉ ရာသီက စီေရာ္နယ္ဒိုေနာက္ပိုင္း ပရီးမီးယားလိဂ္တစ္ရာသီမွာ အနည္းဆုံး ၁၀ဂိုးသြင္းယူႏုိင္တဲ့ ပထမဆုံးေပၚတူဂီကစားသမားျဖစ္လာခဲ့ပါတယ္။

ပြဲခ်ိန္အေစာပိုင္းမွာ ယူႏိုက္တက္အသင္း အပိုင္အခြင့္အေရးရခဲ့ၿပီး ေတာင္ပံကေန ဖာနန္ဒက္စ္ အသာေလးခုတ္တင္ေပးလိုက္တာကို တုိက္စစ္မွဴး ရက္ရွ္ဖို႔ဒ္ အနီးကပ္ေခါင္းတုိက္ခြင့္ရခဲ့ေပမယ့္ မယုံႏိုင္စရာေကာင္းေလာက္ေအာင္ ဂိုးဘားေပၚေက်ာ္သြားခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္ေဘာက္ဆင္ေဒးေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ ေခါင္းတိုက္ေဘာကေန ဂိုးေပါက္တည့္မႈ တစ္ႀကိမ္မွ မရွိေသးတဲ့စံခ်ိန္ဆုိး တင္သြားခဲ့ရပါတယ္။ ဒါေပမ့ဲ ပဲြခ်ိန္ ၂၃ မိနစ္မွာ ယူႏုိက္တက္အသင္း ဦးေဆာင္ဂိုးရရွိသြားခဲ့ၿပီး ဒန္နီရယ္ဂ်ိမ္းစ္ရဲ႕ေပးပုိ႔မႈကို ဖာနန္ဒက္စ္ လမ္းေၾကာင္းေျပာင္း အသာေလးခင္းေပးလုိက္တာကို အသင့္ရွိေနတဲ့ ရက္ရွ္ဖို႔ဒ္က မနားတမ္းကန္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ယူႏုိက္တက္ရဲ႕ အေပ်ာ္က ၈ မိနစ္ပဲ ခံခ့ဲၿပီး ပြဲခ်ိန္ ၃၁မိနစ္မွာ ေတာင္ပံကစားသမား ဟာေဗးဘန္းစ္က ဂိုးဧရိယာထိပ္ကေန ဘယ္ေျခနဲ႔ ဂိုးသမားရဲ႕ ညာဘက္ေထာင့္ထဲ အျပင္းကန္သြင္းသြားတာျဖစ္ပါတယ္။ ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ ယူႏုိက္တက္အသင္း ဦးေဆာင္ဂိုးထပ္ရသြားခဲ့ၿပီး လူစား၀င္တုိက္စစ္မွဴး ကာဗာနီ အသာေလးခင္းေပးတာကို ဖာနန္ဒက္စ္က ဂိုးသမားရဲ႕ညာဘက္ေအာက္ေထာင့္ထဲ ေျမလွိမ့္ေဘာကန္သြင္းခဲ့တာျဖစ္ပါတယ္။

ဖာနန္ဒက္စ္ဟာ ယခုရာသီပရီးမီးယားလိဂ္မွာ ၁၀ဂိုးသြင္းကာ ဂိုးဖန္တီးမႈ ၆ႀကိမ္ျပဳလုပ္ေပးထားၿပီး ယူႏုိက္တက္အတြက္ ပရီးမီးယားလိဂ္ပြဲထြက္ကစားခဲ့ၿပီးေနာက္ ၂၈ပြဲမွာ သြင္းဂိုးတုိက္႐ိုက္ပါ၀င္ပတ္သက္မႈ ၃၁ဂိုးအထိရွိေနၿပီျဖစ္ပါတယ္။ ယူႏုိက္တက္အေနနဲ႔ အေ၀းကြင္း ၁၁ပြဲဆက္အႏိုင္ရေတာ့မယ္လုိ႔ ထင္ေနတုန္း ပြဲခ်ိန္ ၈၅ မိနစ္မွာ လက္စတာအသင္း ဒုတိယေျမာက္ေခ်ပဂိုးရရွိသြားခဲ့ၿပီး ဗာဒီရဲ႕ပိတ္သြင္းမႈ လူစား၀င္ေနာက္ခံလူ တြမ္ဇီဘီနဲ႔ ထိကာ လမ္းေၾကာင္းေျပာင္း၀င္သြားခဲ့တာပါ။