အပြီးသတ်လမ်းခွဲဖို့ပဲဆန္ဒရှိတဲ့ ဟန်ဒါဆင်

လာမယ့်ဇန်နဝါရီကာလအတွင်း တခြားကလပ်တစ်ခုကိုအငှားချဖို့စီစဉ်နေပေမယ့်

ကစားသမားကတော့ မန်ချက်စတာယူနိုက်တက်နဲ့အပြီးသတ်လမ်းခွဲဖို့ဆန္ဒ

ရှိနေတယ်လို့ သတင်းထွက်နေပါတယ်။

အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူ ဟန်ဒါဆင်ဟာ

ပြီးခဲ့တဲ့ရာသီဝက်ကာလက ယူနိုက်တက်အသင်းရဲ့ဦးစားပေး

ဂိုးသမားအဖြစ်ပါဝင်ခွင့်ရခဲ့ပေမယ့် ဒီရာသီမစခင် ကိုဗစ်ရောဂါခံစားခဲ့ရပြီး

နံပါတ်(၁)ဂိုးသမားဒီဂီယာကလည်း အရင်လိုလက်စွမ်းမျိုးပြသနေတာကြောင့်

ပွဲထွက်ကစားခွင့်ပျောက်ဆုံးနေသလို ဝက်စ်ဟမ်းနဲ့ကစားခဲ့တဲ့လိဂ်ဖလား

တတိယအဆင့်တစ်ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ အဲဒါကြောင့် ယူနိုက်တက်

အသင်းက ဟန်ဒါဆင်ကို ပုံမှန်ကစားခွင့်ရမယ့်အသင်းတစ်သင်းဆီ (၁၈)လ

အငှားချဖို့ပြင်ဆင်နေပြီး အခုနိုဝင်ဘာလကုန်ပိုင်းမှာ ဟန်ဒါဆင်ရဲ့အနာဂတ်နဲ့

ပတ်သက်လို့ ဆုံးဖြတ်ချက်ချမှတ်သွားဖို့ရှိနေပါပြီ။

ဒါပေမဲ့လည်း ဟန်ဒါဆင်ကတော့ လာမယ့်၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်

အင်္ဂလန်အသင်းမှာရွေးချယ်ခံရဖို့အတွက်

ယူနိုက်တက်အသင်းနဲ့အပြီးသတ်လမ်းခွဲဖို့ဆန္ဒရှိနေပေမယ့် သူ့ရဲ့စာချုပ်

သက်တမ်းက ၂၀၂၃ ခုနှစ်အထိကျန်ရှိနေတာကြောင့် အခက်ကြုံရဖို့ရှိနေပါတယ်။

zawgyi


မန်ချက်စတာယူနိုက်တက်ဂိုးသမားဟန်ဒါဆင်ဟာ အသင်းက သူ့ကို













