
ဟယ်ရီကိန်းဟာနွေရာသီတုန်းကမန်ချက်စတာစီးတီးသို့ပေါင်သန်း၁၆၀ဖြင့်
ပြောင်းရွှေ့ရေးမအောင်မြင်ခဲ့မှုအတွက်ဝေဖန်မှုများနှင့်ကြုံနေရတဲ့အေးဂျင့်နှင့်
အစ်ကိုဖြစ်သူကိုကာကွယ်မှုပြုလုပ်လာပါတယ်။
အင်္ဂလန်နှင့်စပါးစ်အသင်းခေါင်းဆောင်ရဲ့အစ်ကိုချားလ်ဟာ CK66 ကို ဦးစီးနေ
သူဖြစ်ပြီးညီဖြစ်သူရဲ့အေးဂျင့်အဖြစ်ဆောင်ရွက်နေပါတယ်။သူဟာနွေရာသီတုန်းက
ပရီးမီးယားလိဂ်ချန်ပီယံဆီသို့ပြောင်းရန်လုပ်ဆောင်ခဲ့ပေမယ့်အောင်မြင်အောင်
မလုပ်နိုင်ခဲ့ပါဘူး။
ဇူလိုင်လတုန်းကဟယ်ရီကိန်းဟာစပါးစ်ဥက္ကဌဒါနီရယ်လီဗိုင်းကအသင်းပြောင်း
ခွင့်ပေးလိုက်ပြီးနောက်အလွန်ပျော်ရွှင်နေခဲ့ပါတယ်။
အပြောင်းအရွှေ့ကိစ္စဆွေးနွေးရာမှာအဖုအထစ်ဖြစ်အောင်လုပ်လေ့ရှိတဲ့လီဗိုင်းဟာ
အသက်၂၈နှစ်ရှိဟယ်ရီကိန်းနှင့်အေးဂျင့်ဖြစ်တဲ့ချားလ်တို့ကိုအပြောင်းအရွှေ့
လုပ်ခွင့်ပေးလိုက်ပြီဖြစ်ကြောင်းအသိပေးခဲ့ပါတယ်။
ဟယ်ရီကိန်းဟာပျော်ရွှင်လွန်းမှုကြောင့်အစ်ကိုချားလ်ရဲ့လက်ထပ်ပွဲတွင်အောင်ပွဲခံမှု
ပြုလုပ်ခဲ့ပါတယ်။ ဟယ်ရီကိန်းဟာမန်စီးတီးသို့တစ်ပတ်လုပ်ခပေါင်၄သိန်းတန်
ငါးနှစ်စာချုပ်ဖြင့်ပြောင်းဖို့သဘောတူညီမှုရခဲ့တယ်လို့ယုံကြည်ရပါတယ်။
ဒါပေမယ့်တကယ်တမ်းမှာတော့ဟယ်ရီကိန်းရဲ့မန်စီးတီးအပြောင်းအရွှေ့က
ဖြစ်မြောက်လာခြင်းမရှိဘဲအပြောင်းအရွှေ့ဈေးကွက်ပိတ်သွားကာစပါးစ်တွင်ပင်
ဆက်ကစားခဲ့ရပါတယ်။
ဟယ်ရီကိန်းက “မိသားစုနဲ့ပတ်သက်ပြီးရေးသားလာကြတာကတော့ရှိတာပါပဲ။
ဒါမျိုးတွေကလက်ခံဖို့တော့နည်းနည်းခက်ခဲပါတယ်။အထူးသဖြင့်အပြုသဘေ
ာမဆောင်တာကိုရေးသားလာတဲ့အခါမျိုးမှာပေါ့။ဒါပေမယ့်မိသားစုဆိုတာ
ဒီလိုအချိန်မျိုးတွေမှာအဖြေပေါ်ပါတယ်။ကျွန်တော်က အစ်ကို၊မိသားစု၊ ဇနီးနဲ့
သူမမိသားစုတို့နဲ့အရမ်းနီးစပ်ပါတယ်။ကျွန်တော်ယုံကြည်ရတဲ့သူတွေနောက်
အများကြီးရှိပါသေးတယ်။ကိုယ့်အကြောင်းပဲဖြစ်ဖြစ်၊ကိုယ်နဲ့နီးစပ်သူ သူငယ်ချင်း၊
ကစားဖော်တွေကိုအပြုသဘောမဆောင်တာရေးလာတဲ့အခါမလွယ်ကူပါဘူး။
နွေရာသီမှာကျွန်တော့်အေးဂျင့်အဖြစ်လုပ်နေတဲ့အစ်ကိုနဲ့ပတ်သက်ပြီးရေးသားတာတွေ
အများကြီးပါ။ဒါကြောင့်လည်းကျွန်တာ်တို့တွဲလက်ပိုတင်းကျပ်လာပါတယ်။
ကျွန်တော့်အတွက်သူ အေးဂျင့်အဖြစ်ဘယ်လိုလုပ်ပေးတယ်ဆိုတာသိပါတယ်။
အစ်ကိုတစ်ယောက်အနေနဲ့ဘာလုပ်ပေးတယ်ဆိုတာကိုလည်းသိပါတယ်။
အဲဒီလိုကာလမျိုးမှာတစ်ယောက်နဲ့တစ်ယောက်ပိုပြီးတော့တွဲလက်ညီလာပါတယ်။
ဒါကြောင့်လည်းဆက်တွဲကြပါတယ်”လို့ပြောကြားသွားပါတယ်။
Zawgyi
အေျပာင္းအေ႐ႊ႕မေအာင္ျမင္မႈခဲ့မႈအတြက္ ဟယ္ရီကိန္းကာကြယ္ေျပာဆို
ဟယ္ရီကိန္းဟာေႏြရာသီတုန္းကမန္ခ်က္စတာစီးတီးသို႔ေပါင္သန္း၁၆၀ျဖင့္
ေျပာင္းေ႐ႊ႕ေရးမေအာင္ျမင္ခဲ့မႈအတြက္ေဝဖန္မႈမ်ားႏွင့္ႀကဳံေနရတဲ့ေအးဂ်င့္ႏွင့္
အစ္ကိုျဖစ္သူကိုကာကြယ္မႈျပဳလုပ္လာပါတယ္။
အဂၤလန္ႏွင့္စပါးစ္အသင္းေခါင္းေဆာင္ရဲ႕အစ္ကိုခ်ားလ္ဟာ CK66 ကို ဦးစီးေန
သူျဖစ္ၿပီးညီျဖစ္သူရဲ႕ေအးဂ်င့္အျဖစ္ေဆာင္႐ြက္ေနပါတယ္။သူဟာေႏြရာသီတုန္းက
ပရီးမီးယားလိဂ္ခ်န္ပီယံဆီသို႔ေျပာင္းရန္လုပ္ေဆာင္ခဲ့ေပမယ့္ေအာင္ျမင္ေအာင္
မလုပ္ႏိုင္ခဲ့ပါဘူး။
ဇူလိုင္လတုန္းကဟယ္ရီကိန္းဟာစပါးစ္ဥကၠဌဒါနီရယ္လီဗိုင္းကအသင္းေျပာင္း
ခြင့္ေပးလိုက္ၿပီးေနာက္အလြန္ေပ်ာ္႐ႊင္ေနခဲ့ပါတယ္။
အေျပာင္းအေ႐ႊ႕ကိစၥေဆြးေႏြးရာမွာအဖုအထစ္ျဖစ္ေအာင္လုပ္ေလ့ရွိတဲ့လီဗိုင္းဟာ
အသက္၂၈ႏွစ္ရွိဟယ္ရီကိန္းႏွင့္ေအးဂ်င့္ျဖစ္တဲ့ခ်ားလ္တို႔ကိုအေျပာင္းအေ႐ႊ႕
လုပ္ခြင့္ေပးလိုက္ၿပီျဖစ္ေၾကာင္းအသိေပးခဲ့ပါတယ္။
ဟယ္ရီကိန္းဟာေပ်ာ္႐ႊင္လြန္းမႈေၾကာင့္အစ္ကိုခ်ားလ္ရဲ႕လက္ထပ္ပြဲတြင္ေအာင္ပြဲခံမႈ
ျပဳလုပ္ခဲ့ပါတယ္။ ဟယ္ရီကိန္းဟာမန္စီးတီးသို႔တစ္ပတ္လုပ္ခေပါင္၄သိန္းတန္
ငါးႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းဖို႔သေဘာတူညီမႈရခဲ့တယ္လို႔ယုံၾကည္ရပါတယ္။
ဒါေပမယ့္တကယ္တမ္းမွာေတာ့ဟယ္ရီကိန္းရဲ႕မန္စီးတီးအေျပာင္းအေ႐ႊ႕က
ျဖစ္ေျမာက္လာျခင္းမရွိဘဲအေျပာင္းအေ႐ႊ႕ေဈးကြက္ပိတ္သြားကာစပါးစ္တြင္ပင္
ဆက္ကစားခဲ့ရပါတယ္။
ဟယ္ရီကိန္းက “မိသားစုနဲ႔ပတ္သက္ၿပီးေရးသားလာၾကတာကေတာ့ရွိတာပါပဲ။
ဒါမ်ိဳးေတြကလက္ခံဖို႔ေတာ့နည္းနည္းခက္ခဲပါတယ္။အထူးသျဖင့္အျပဳသေဘ
ာမေဆာင္တာကိုေရးသားလာတဲ့အခါမ်ိဳးမွာေပါ့။ဒါေပမယ့္မိသားစုဆိုတာ
ဒီလိုအခ်ိန္မ်ိဳးေတြမွာအေျဖေပၚပါတယ္။ကြၽန္ေတာ္က အစ္ကို၊မိသားစု၊ ဇနီးနဲ႔
သူမမိသားစုတို႔နဲ႔အရမ္းနီးစပ္ပါတယ္။ကြၽန္ေတာ္ယုံၾကည္ရတဲ့သူေတြေနာက္
အမ်ားႀကီးရွိပါေသးတယ္။ကိုယ့္အေၾကာင္းပဲျဖစ္ျဖစ္၊ကိုယ္နဲ႔နီးစပ္သူ သူငယ္ခ်င္း၊
ကစားေဖာ္ေတြကိုအျပဳသေဘာမေဆာင္တာေရးလာတဲ့အခါမလြယ္ကူပါဘူး။
ေႏြရာသီမွာကြၽန္ေတာ့္ေအးဂ်င့္အျဖစ္လုပ္ေနတဲ့အစ္ကိုနဲ႔ပတ္သက္ၿပီးေရးသားတာေတြ
အမ်ားႀကီးပါ။ဒါေၾကာင့္လည္းကြၽန္တာ္တို႔တြဲလက္ပိုတင္းက်ပ္လာပါတယ္။
ကြၽန္ေတာ့္အတြက္သူ ေအးဂ်င့္အျဖစ္ဘယ္လိုလုပ္ေပးတယ္ဆိုတာသိပါတယ္။
အစ္ကိုတစ္ေယာက္အေနနဲ႔ဘာလုပ္ေပးတယ္ဆိုတာကိုလည္းသိပါတယ္။
အဲဒီလိုကာလမ်ိဳးမွာတစ္ေယာက္နဲ႔တစ္ေယာက္ပိုၿပီးေတာ့တြဲလက္ညီလာပါတယ္။
ဒါေၾကာင့္လည္းဆက္တြဲၾကပါတယ္”လို႔ေျပာၾကားသြားပါတယ္။