
မန်ယူအသင်းကနေ အလာဗက်စ်အသင်းမှာ အငှားထွက်ကစားနေတဲ့
လူငယ် ကစားသမား ပယ်လစ္စထရီကတော့ မနှစ်က ဇန်နဝါရီ ဈေးကွက်မှာ
၎င်းရဲ့ စီနီယာ ဥရုဂွေး ကစားသမားကြီး ကာဗာနီ နဲ့အတူ အသင်းထံ
ရှေ့ဆင့် နောက်ဆင့် ရောက်ရှိလာခဲ့တာပါ။
မန်ယူအသင်းဟာ ပယ်လစ္စထရီကို ဈေးကွက်ပိတ်ခါနီး နောက်ဆုံး မိနစ်ကျမှ
စာချုပ်ချုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။
ပယ်လစ္စထရီကတော့ မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဟာ
မည်သူတစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းမှုကြောင့်မှ မဟုတ်ဘဲ မိမိရဲ့
စိတ်အားထက်သန်မှုကြောင့် ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
” အဲ့ဒီအချိန်တုန်းက ကျွန်တော်က လိုင်ယွန်အသင်းကို ပြောင်းဖို့ အတော်လေး
နီးစပ်နေပြီ။ ကျွန်တော်လည်း လိုင်ယွန်မှာပဲ သွားကစားရတော့မယ်လို့
တွေးထားခဲ့တာပါ။ ဒါပေမယ့် အပြောင်းအရွှေ့ နောက်ဆုံးမိနစ်မှာ
မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို ရခဲ့တာပါ”
” ကျွန်တော် မန်ယူအသင်းကိုပဲ ပြောင်းချင်ခဲ့တယ်။ ဒီကို ပြောင်းလာတာလည်း
ဘယ်သူမှ တွန်းအားပေးလို့ မဟုတ်ဘူး။ ကျွန်တော်ကိုက ဒီအသင်းမှာ ကစားချင်တာ။
ဒီအသင်းမှာထိပ်တန်း ကစားသမားကောင်းတွေလည်း အများကြီးရှိတယ်။
နောက်ပြီး ကျွန်တော့် FIFA ဂိမ်းဆော့ တိုင်းလည်း မန်ယူအသင်းကိုပဲ
ရွေးဖြစ်တာများတယ်ဗျ” ပယ်လစ္စထရီက ဆိုပါတယ်။
နည်းပြ ဆိုးလ်ရှားဟာ ပယ်လစ္စထရီကို ပွဲကစားချိန်များများရပြီး ပိုမို ရင့်ကျင်
လာစေဖို့အတွက် အလာဗက်စ်အသင်းကို ဒုတိယအကြိမ်အငှားစေလွှတ်ခဲ့ပေမယ့်
ဒီရာသီမှာတော့ ပယ်လစ္စထရီဟာ ပွဲထွက်ခွင့်နည်းပါးနေပါတယ်။
အငှားစာချုပ်အရ ဒီဇင်ဘာလအထိ ကစားသမားအနေနဲ့ ပွဲချိန် မိနစ် (၁၀၀၀) ခန့်
ကစားခွင့်ရရမယ် ဆိုတဲ့ အချက်ပါနေပေမယ့် လက်ရှိအချိန်တော့ ပယ်လစ္စထရီဟာ
ပွဲချိန် မိနစ် (၂၀၀) ပြည့်အောင်တောင် ကစားခွင့် မရသေးတာဖြစ်ပါတယ်။
ဒါ့ကြောင့် မန်ယူအသင်းအနေနဲ့ စာချုပ်ဖျက်သိမ်းပြီး ပယ်လစ္စထရီကို
အသင်းထံ ပြန်ခေါ်ကာ လာမယ့် ဇန်နဝါရီမှာ အသင်းသစ်ရှာဖွေပြီး
ထပ်မံ အငှားစေလွှတ်ဖို့ စီစဉ်နေပါတယ်။
zawgyi
အေျပာင္းအေ႐ႊ႕ ေနာက္ဆုံးမိနစ္မွာ မန္ယူအသင္းရဲ႕ ကမ္းလွမ္းမႈကို ရခဲ့တာပါ – ပယ္လစၥထရီ
မန္ယူအသင္းကေန အလာဗက္စ္အသင္းမွာ အငွားထြက္ကစားေနတဲ့
လူငယ္ ကစားသမား ပယ္လစၥထရီကေတာ့ မႏွစ္က ဇန္နဝါရီ ေဈးကြက္မွာ
၎ရဲ႕ စီနီယာ ဥ႐ုေဂြး ကစားသမားႀကီး ကာဗာနီ နဲ႔အတူ အသင္းထံ
ေရွ႕ဆင့္ ေနာက္ဆင့္ ေရာက္ရွိလာခဲ့တာပါ။
မန္ယူအသင္းဟာ ပယ္လစၥထရီကို ေဈးကြက္ပိတ္ခါနီး ေနာက္ဆုံး မိနစ္က်မွ
စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာလည္းျဖစ္ပါတယ္။
ပယ္လစၥထရီကေတာ့ မန္ယူအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခဲ့တာဟာ
မည္သူတစ္ဦးတစ္ေယာက္ရဲ႕ တိုက္တြန္းမႈေၾကာင့္မွ မဟုတ္ဘဲ မိမိရဲ႕
စိတ္အားထက္သန္မႈေၾကာင့္ ျဖစ္တယ္လို႔ ဖြင့္ဟခဲ့ပါတယ္။
” အဲ့ဒီအခ်ိန္တုန္းက ကြၽန္ေတာ္က လိုင္ယြန္အသင္းကို ေျပာင္းဖို႔ အေတာ္ေလး
နီးစပ္ေနၿပီ။ ကြၽန္ေတာ္လည္း လိုင္ယြန္မွာပဲ သြားကစားရေတာ့မယ္လို႔
ေတြးထားခဲ့တာပါ။ ဒါေပမယ့္ အေျပာင္းအေ႐ႊ႕ ေနာက္ဆုံးမိနစ္မွာ
မန္ယူအသင္းရဲ႕ ကမ္းလွမ္းမႈကို ရခဲ့တာပါ”
” ကြၽန္ေတာ္ မန္ယူအသင္းကိုပဲ ေျပာင္းခ်င္ခဲ့တယ္။ ဒီကို ေျပာင္းလာတာလည္း
ဘယ္သူမွ တြန္းအားေပးလို႔ မဟုတ္ဘူး။ ကြၽန္ေတာ္ကိုက ဒီအသင္းမွာ ကစားခ်င္တာ။
ဒီအသင္းမွာထိပ္တန္း ကစားသမားေကာင္းေတြလည္း အမ်ားႀကီးရွိတယ္။
ေနာက္ၿပီး ကြၽန္ေတာ့္ FIFA ဂိမ္းေဆာ့ တိုင္းလည္း မန္ယူအသင္းကိုပဲ
ေ႐ြးျဖစ္တာမ်ားတယ္ဗ်” ပယ္လစၥထရီက ဆိုပါတယ္။
နည္းျပ ဆိုးလ္ရွားဟာ ပယ္လစၥထရီကို ပြဲကစားခ်ိန္မ်ားမ်ားရၿပီး ပိုမို ရင့္က်င္
လာေစဖို႔အတြက္ အလာဗက္စ္အသင္းကို ဒုတိယအႀကိမ္အငွားေစလႊတ္ခဲ့ေပမယ့္
ဒီရာသီမွာေတာ့ ပယ္လစၥထရီဟာ ပြဲထြက္ခြင့္နည္းပါးေနပါတယ္။
အငွားစာခ်ဳပ္အရ ဒီဇင္ဘာလအထိ ကစားသမားအေနနဲ႔ ပြဲခ်ိန္ မိနစ္ (၁၀၀၀) ခန႔္
ကစားခြင့္ရရမယ္ ဆိုတဲ့ အခ်က္ပါေနေပမယ့္ လက္ရွိအခ်ိန္ေတာ့ ပယ္လစၥထရီဟာ
ပြဲခ်ိန္ မိနစ္ (၂၀၀) ျပည့္ေအာင္ေတာင္ ကစားခြင့္ မရေသးတာျဖစ္ပါတယ္။
ဒါ့ေၾကာင့္ မန္ယူအသင္းအေနနဲ႔ စာခ်ဳပ္ဖ်က္သိမ္းၿပီး ပယ္လစၥထရီကို
အသင္းထံ ျပန္ေခၚကာ လာမယ့္ ဇန္နဝါရီမွာ အသင္းသစ္ရွာေဖြၿပီး
ထပ္မံ အငွားေစလႊတ္ဖို႔ စီစဥ္ေနပါတယ္။