အဖီနာဂန်ကို ဖိနပ်တစ်ရံဝယ် ပေးလိုက်ရတဲ့ မော်ရင်ဟို

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုဟာသူပေးထားတဲ့ကတိအတိုင်း

လူငယ်တိုက်စစ်မှူး ဖိလစ်အဖီနာဂန် ကိုဖိနပ်တစ်ရံဝယ် ပေးလိုက်ရတယ်လို့

သိရပါတယ်။ ဂျီနိုအာကို ၂-၀ နဲ့နိုင်တဲ့ပွဲမှာရိုးမားဟာပွဲချိန်မိနစ် ၇၀ ကျော်တဲ့အထိ

ဂိုးမသွင်းနိုင်သေးပါဘူး။ ဒီအချိန် မှာနည်းပြမော်ရင်ဟိုက

အသက် ၁၈ နှစ်သာရှိသေးတဲ့ အဖီနာဂန်ကို ၇၅ မိနစ်မှာလူစားသွင်းလိုက်ပြီး

ဂိုးသွင်းနိုင်ရင်မင်းလိုချင်တဲ့ဖိနပ် ဝယ်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

ဒီဂါနာသားဟာလူစားဝင်ပြီး ၇ မိနစ်အကြာမှာဘဲဂိုးသွင်းပြီး

ရိုးမားအတွက်ဦးဆောင်ဂိုးကိုရယူပေး ခဲ့ပါတယ်။ ဂိုးသွင်းပြီးအောင်ပွဲခံရာမှာလည်း

မော်ရင်ဟိုဆီပြေးသွားပြီး ” ဆရာကြီး ခင်ဗျားပြောထားတာမမေ့နဲ့နော်” လို့

ဆိုခဲ့သေး ကြောင်း မီဒီယာတွေကဖော်ပြပါတယ်။ ရိုးမားအတွက်ဒုတိယအနိုင်ဂိုးကို

အဖီနာဂန် ကဘဲနာကျင်အချိန်ပိုမှာသွင်းယူပေးခဲ့တာပါ။

ဒါကြောင့်လည်းတနင်္လာနေ့မနက်ပိုင်းမှာ မော်ရင်ဟိုကသူ့ကတိအတိုင်းယူရို ၈၀၀ တန်

ဘောကန်ဖိနပ်ကိုဝယ်ပေးခဲ့ရပါတယ်။ သူက ” ဖိလစ်ကို မင်းသာဂိုးသွင်းနိုင်ရင်

မင်းသိပ်ကြိုက်တဲ့ဖိနပ်ဝယ်ပေးမယ်လို့ ကျွန်တော်ကတိပေးခဲ့ပါတယ်။

ဈေးကလည်းကြီးသဗျ၊ ယူရို ၈၀၀ တောင်လေ။ ဂိုးသွင်းခဲ့တော့လည်း

သူ့ကိုကျွန်တော့်ကတိအတိုင်းဝယ်ပေးလိုက်ရပါတယ်” လို့ပြောခဲ့ပါတယ်။

မော်ရင်ဟိုက အဖီနာဂန် ကို အခန်းတစ်ခုထဲမှာ ဖိနပ်ပေးနေတဲ့

ဗီဒီယိုဖိုင်တစ်ခုဟာ တွစ်တာပေါ်မှာပျံနှံနေပြီး သူတို့နှစ်ဦးရဲ့ရင်းနှီးခင်မင်စွာ

ပြောနေတဲ့ စကားသံ တွေလည်းပါဝင်ခဲ့ပြီး ဖိနပ်စီးကြည့်နေချန်မှာ

မော်ရင်ဟိုက မင်းနဲ့တော်ရဲ့လား လို့မေးနေမှုလည်းပါဝင်ခဲ့ပါတယ်။

ဒါပေမယ့်အဲဒီဖိုင်ထဲမှာ အငြင်းပွားစရာတစ်ခုလည်းပါနေပြီး

ကင်မရာထဲမှာမပါတဲ့သူတစ်ဦးက အိတ်ထဲမှာငှက်ပျောသီးတွေပါတယ် လို့

ပြောနေသံကြားခဲ့ရတာပါ။ အဖီနာဂန်က ဖိနပ်အိတ်ကိုဖွင့်ကြည့်နေတုန်း

ဒီစကားသံထွက်လာတာဖြစ်ပြီး အီတလီလိုပြောခဲ့တာဖြစ်ပါ တယ်။

ဒီလိုပြောကြားမှုကို ရိုမားအသင်းကဘာမှတုံ့ပြန်ချင်းမရှိသေးပေမယ့်

စုံစမ်းနေတယ်လို့တော့ သတင်းတွေထွက်နေပါတယ်။ အဖီနာဂန်ဟာ

ပြီးခဲ့တဲ့ဇန်နဝါရီတုန်းကမှ ရိုးမားယူ ၁၉ အသင်းကိုရောက်လာတာဖြစ်ပါတယ်။

ရိုးမားဟာ စီးရီးအေ ၁၃ ပွဲကစားပြီးချိန်မှာ ၂၂ မှတ်နဲ့ အဆင့် ၅ နေရာမှာရပ်တည်နေပါတယ်။

zawgyi

အဖီနာဂန္ကို ဖိနပ္တစ္ရံဝယ္ ေပးလိုက္ရတဲ့ ေမာ္ရင္ဟို

႐ိုးမားအသင္းနည္းျပ ေမာ္ရင္ဟိုဟာသူေပးထားတဲ့ကတိအတိုင္း

လူငယ္တိုက္စစ္မႉး ဖိလစ္အဖီနာဂန္ ကိုဖိနပ္တစ္ရံဝယ္ ေပးလိုက္ရတယ္လို႔

သိရပါတယ္။ ဂ်ီႏိုအာကို ၂-၀ နဲ႔ႏိုင္တဲ့ပြဲမွာ႐ိုးမားဟာပြဲခ်ိန္မိနစ္ ၇၀ ေက်ာ္တဲ့အထိ

ဂိုးမသြင္းႏိုင္ေသးပါဘူး။ ဒီအခ်ိန္ မွာနည္းျပေမာ္ရင္ဟိုက

အသက္ ၁၈ ႏွစ္သာရွိေသးတဲ့ အဖီနာဂန္ကို ၇၅ မိနစ္မွာလူစားသြင္းလိုက္ၿပီး

ဂိုးသြင္းႏိုင္ရင္မင္းလိုခ်င္တဲ့ဖိနပ္ ဝယ္ေပးမယ္လို႔ ကတိေပးခဲ့ပါတယ္။

ဒီဂါနာသားဟာလူစားဝင္ၿပီး ၇ မိနစ္အၾကာမွာဘဲဂိုးသြင္းၿပီး

႐ိုးမားအတြက္ဦးေဆာင္ဂိုးကိုရယူေပး ခဲ့ပါတယ္။ ဂိုးသြင္းၿပီးေအာင္ပြဲခံရာမွာလည္း

ေမာ္ရင္ဟိုဆီေျပးသြားၿပီး ” ဆရာႀကီး ခင္ဗ်ားေျပာထားတာမေမ့နဲ႔ေနာ္” လို႔

ဆိုခဲ့ေသး ေၾကာင္း မီဒီယာေတြကေဖာ္ျပပါတယ္။ ႐ိုးမားအတြက္ဒုတိယအႏိုင္ဂိုးကို

အဖီနာဂန္ ကဘဲနာက်င္အခ်ိန္ပိုမွာသြင္းယူေပးခဲ့တာပါ။ ဒါေၾကာင့္လည္း

တနလၤာေန႔မနက္ပိုင္းမွာ ေမာ္ရင္ဟိုကသူ႔ကတိအတိုင္းယူ႐ို ၈၀၀ တန္

ေဘာကန္ဖိနပ္ကိုဝယ္ေပးခဲ့ရပါတယ္။ သူက ” ဖိလစ္ကို မင္းသာဂိုးသြင္းႏိုင္ရင္

မင္းသိပ္ႀကိဳက္တဲ့ဖိနပ္ဝယ္ေပးမယ္လို႔ ကြၽန္ေတာ္ကတိေပးခဲ့ပါတယ္။

ေဈးကလည္းႀကီးသဗ်၊ ယူ႐ို ၈၀၀ ေတာင္ေလ။ ဂိုးသြင္းခဲ့ေတာ့လည္း

သူ႔ကိုကြၽန္ေတာ့္ကတိအတိုင္းဝယ္ေပးလိုက္ရပါတယ္” လို႔ေျပာခဲ့ပါတယ္။

ေမာ္ရင္ဟိုက အဖီနာဂန္ ကို အခန္းတစ္ခုထဲမွာ ဖိနပ္ေပးေနတဲ့

ဗီဒီယိုဖိုင္တစ္ခုဟာ တြစ္တာေပၚမွာပ်ံႏွံေနၿပီး သူတို႔ႏွစ္ဦးရဲ႕ရင္းႏွီးခင္မင္စြာ

ေျပာေနတဲ့ စကားသံ ေတြလည္းပါဝင္ခဲ့ၿပီး ဖိနပ္စီးၾကည့္ေနခ်န္မွာ

ေမာ္ရင္ဟိုက မင္းနဲ႔ေတာ္ရဲ႕လား လို႔ေမးေနမႈလည္းပါဝင္ခဲ့ပါတယ္။

ဒါေပမယ့္အဲဒီဖိုင္ထဲမွာ အျငင္းပြားစရာတစ္ခုလည္းပါေနၿပီး

ကင္မရာထဲမွာမပါတဲ့သူတစ္ဦးက အိတ္ထဲမွာငွက္ေပ်ာသီးေတြပါတယ္ လို႔

ေျပာေနသံၾကားခဲ့ရတာပါ။ အဖီနာဂန္က ဖိနပ္အိတ္ကိုဖြင့္ၾကည့္ေနတုန္း

ဒီစကားသံထြက္လာတာျဖစ္ၿပီး အီတလီလိုေျပာခဲ့တာျဖစ္ပါ တယ္။

ဒီလိုေျပာၾကားမႈကို ႐ိုမားအသင္းကဘာမွတုံ႔ျပန္ခ်င္းမရွိေသးေပမယ့္

စုံစမ္းေနတယ္လို႔ေတာ့ သတင္းေတြထြက္ေနပါတယ္။ အဖီနာဂန္ဟာ

ၿပီးခဲ့တဲ့ဇန္နဝါရီတုန္းကမွ ႐ိုးမားယူ ၁၉ အသင္းကိုေရာက္လာတာျဖစ္ပါတယ္။

႐ိုးမားဟာ စီးရီးေအ ၁၃ ပြဲကစားၿပီးခ်ိန္မွာ ၂၂ မွတ္နဲ႔ အဆင့္ ၅ ေနရာမွာရပ္တည္ေနပါတယ္။