လီယွန်နယ်မက်ဆီဟာ Ballon d’Or ဆုပေးပွဲမှာဘာစီလိုနာကစားဖော်ဟောင်း
ပီဒရီက Kopa Trophy ဆုကိုဆွတ်ခူးသွားနိုင်မှုအပေါ်အဖေကသားရဲ့
အောင်မြင်မှုအတွက်ဂုဏ်ယူသလိုမျိုး ဝမ်းသာဂုဏ်ယူခဲ့ပါတယ်။
ဘာစီလိုနာလူငယ်စတားဟာ Ballon d’Or ဆုပေးပွဲမှာအသက်၂၁နှစ်အောက်
ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအဖြစ် Kopa Trophy ဆုကို
ဆွတ်ခူးသွားခဲ့ပါတယ်။မက်ဆီဟာကစားဖော်ဟောင်းပီဒရီ ဆုယူဖို့
စင်မြင့်ပေါ်သို့တက်လာချိန်မှာ ပြုံးပျော်ရွှင်ဝမ်းသာဂုဏ်ယူနေခဲ့တာတွေ့ရပါတယ်။
ပီဒရီဟာပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကလက်စ်ပါးမက်စ်မှပြောင်းလာပြီးနောက်
ဘာစီလိုနာပထမဆုံးရာသီမှာပီဒရီနှင့်တွဲကစားခဲ့ပါတယ်။ပီဒရီဟာဘာစီလိုနာတွင်
မက်ဆီနှင့်တစ်နှစ်တာတွဲကစားစဉ်အတွင်းနေ့စဉ်လေ့လာသင်ယူမှုများ
ပြုလုပ်ကာအာဂျင်တီးနားဂန္ထဝင်ကိုဆရာတစ်ဦးလိုသဘောထားခဲ့ပါတယ်။
ပီဒရီဟာပြီးခဲ့တဲ့အပတ်တုန်းကလည်းမက်ဆီနောက်ပိုင်းတွင် Golden Boy ဆုကို
ပထမဆုံးရရှိတဲ့ပထမဆုံးဘာစီလိုနာကစားသမားအဖြစ်ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။
ပီဒရီဟာ Kopa Trophy ဆုကိုဒေါ့မွန်မှဂျူ့ဘယ်လင်ဂမ်၊မေဆင်ဂရင်းဝုဒ်၊
ဘူကာယိုဆာကာတို့အားကျော်ဖြတ်ကာဆွတ်ခူးသွားနိုင်ခဲ့တာဖြစ်ပါတယ်။
မနေ့ညက Ballon d’Or ဆုပေးပွဲမှာမက်ဆီကိုယ်တိုင်ဟာလည်း
သူ့ရဲ့ခုနှစ်ကြိမ်မြောက် Ballon d’Or ဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။
zawgyi
အဖေကသားရဲ့ အောင်မြင်မှုအတွက်ဂုဏ်ယူသလိုမျိုး ဝမ်းသာဂုဏ်ယူခဲ့ မက်ဆီ