အပြန်အလှန်ဂိုးသွင်းမယ့် ဆမ်ဒိုး-လာဇီယို၊ ဂျူဗင်တပ် အနိမ့်ဆုံး ၂ဂိုးပြတ်မယ်
ဘိုလော့ဂ်နာ – ဖီအိုရင်တီးနား
ကြေးအရဆိုရင် ဘိုလော့ဂ်နာကွင်းမှာပြန်ပေးထားရတဲ့
ဖီအိုရင်တီးနားကိုကြိုက်စရာပါ။ ဒါပေမဲ့ ခြေစွမ်းအရဆိုရင်တော့
ဘိုလော့ဂ်နာကွင်းမှာ ဖီအိုရင်တီးနား နိုင်ဖို့အခွင့်အလမ်းနည်းပါတယ်။
ဘိုလော့ဂ်နာက နောက်ဆုံး ၅ပွဲမှာ ၄ပွဲနိုင်၊ ၁ပွဲသာရှုံးခဲ့ပြီး
ဂိုးမပေးရတာကလည်း ၃ပွဲရှိခဲ့တယ်။ ဖီအိုရင်တီးနားက အိမ်ကွင်း ၄ပွဲဆက်
နိုင်ထားပေမယ့် အဝေးကွင်းမှာတော့ ၄ပွဲဆက်ရှုံးခဲ့ရာမှာ
ရှားရှားပါးပါး ၁ဂိုးသာသွင်းနိုင်ခဲ့တာပါ။ ဘိုလော့ဂ်နာကွင်းမှာ
ဖီအို နိုင်ပွဲမရတာလည်း ၃ပွဲဆက်ရှိပါပြီ။ ကြေးမကြည့်ဘဲ
လက်ရှိခြေစွမ်းနဲ့ အိမ်/အဝေးစွမ်းဆောင်ရည်ကို အဓိက
သုံးသပ်ပြီး ဘိုလော့ဂ်နာ ရွေးပေးချင်ပါတယ်။
ရွေးချယ်မှု – ဘိုလော့ဂ်နာ
စပီဇီယာ – ဆက်ဆူအိုလို
နောက်ဆုံး ၅ပွဲမှာ ၄ပွဲရှုံးခဲ့တာမို့ စပီဇီယာ တန်းဆင်းဇုန်ထဲရောက်ဖို့
လက်တစ်ကမ်းသာလိုပါတော့တယ်။ စပီဇီယာဟာ
ဒီရာသီစီးရီးအေရဲ့ခံစစ်အညံ့ဆုံးအသင်းဖြစ်ပြီး ၁၅ပွဲမှာ ၁၄ပွဲဂိုးပေးခဲ့ရတယ်။
အိမ်ကွင်းခြေစွမ်းကတော့ အဆိုးကြီးမဟုတ်ဘဲ နောက်ဆုံး ၄ပွဲမှာ ၁ပွဲသာရှုံးခဲ့သလို
နောက်ဆုံး ၆ပွဲမှာလည်း ၅ပွဲဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဆက်ဆူအိုလိုကလည်း
အေစီမီလန်ကိုနိုင်၊ နာပိုလီကို သရေကစားပြီး တစ်သင်းလုံးယုံကြည်မှုရနေတာပါ။
၁၁ပွဲဆက်ဂိုးသွင်းနိုင်ခဲ့သလို နောက်ဆုံး ၈ပွဲမှာလည်း ၁ပွဲ ၂ဂိုးသွင်းနိုင်တာ
၇ပွဲရှိခဲ့တဲ့ ဆက်ဆူအိုလိုတိုက်စစ်က ကွင်းမရွေးပါဘူး။
ဂိုးအပေါ် တစ်ကွက်တည်းကြိုက်တယ်။
ရွေးချယ်မှု – ဂိုးအပေါ်
ဗီနီဇီယာ – ဗီရိုနာ
အသင်းကြီးတွေကိုမယှဉ်နိုင်ပေမယ့် အလယ်အလတ်အသင်းတွေနဲ့တွေ့ရင်တော့
ဗီနီဇီယာ ခံကန်လေ့ရှိပါတယ်။ အတ္တလန္တာနဲ့အင်တာကိုမရှုံးမီကဆိုရင်
ရိုးမားနဲ့ဘိုလော့ဂ်နာကိုနိုင်၊ ဂျီနိုအာကိုသရေကစားနိုင်ခဲ့တာကသက်သေပါပဲ။
ဗီနီဇီယာဟာ ဒီရာသီအိမ်ကွင်း ၆ပွဲမှာလည်း ၅ပွဲဂိုးရခဲ့တာပါ။
ဗီရိုနာက အိမ်ကွင်း ၆ပွဲဆက်ရှုံးပွဲမရှိ ၅ပွဲနိုင်ထားပေမယ့် အဝေးကွင်းမှာတော့
မူးလို့ရှူစရာနိုင်ပွဲမရှိသေးပါဘူး။ ပြီးခဲ့တဲ့ရာသီကိုပါထည့်တွက်ရင်
အဝေးကွင်း ၁၁ပွဲဆက်နိုင်ပွဲပျောက်ခဲ့တာပါ။ ဗီနီဇီယာသရေရသွားရင်
အံ့သြစရာမရှိပါဘူး။
ရွေးချယ်မှု – ဗီနီဇီယာ
ဆမ်ဒိုးရီးယား – လာဇီယို
ဆမ်ဒိုးရီးယားကတော့ အိတ်ပေါက်နဲ့ဖားကောက်နေတဲ့အသင်းပါ။
ကာပူတို၊ ကွာဂလီယာရယ်လာ၊ ဂတ်ဘီယာဒီနီ၊ ကန်ဒရီဗာတို့
ဦးဆောင်တဲ့တိုက်စစ်က နောက်ဆုံး၁၀ပွဲမှာ ၉ပွဲဂိုးရခဲ့ပေမယ့် ခံစစ်ကလည်း
ဂိုးမပေးရတာ ၁ပွဲသာရှိခဲ့တာပါ။ ဒီရာသီ ဆမ်ဒိုးရီးယားပွဲဆိုရင်
နိုင်ရင်လည်း ၃-၁၊ ရှုံးရင်လည်း ၁-၃ ရလဒ်ထွက်တာများခဲ့ပါတယ်။ လာဇီယိုကလည်း
၃ပွဲဆက်နိုင်ပွဲပျောက်ခဲ့ရာမှာ ၁၀ဂိုးတောင်ပေးခဲ့ရတာပါ။ ၁၅ပွဲမှာ ၂၉ဂိုးပေးထားရတဲ့
လာဇီယိုခံစစ်က စပီဇီယာနဲ့ဆလာနီတာနာပြီးရင် အညံ့ဆုံးပါပဲ။
နှစ်သင်းစလုံးရဲ့ခံစစ်ကစိတ်မချရတာမို့ အပြန်အလှန်ဂိုးသွင်းပြီး ဂိုးပေါ်ဦးမယ့်ပွဲပါပဲ။
ရွေးချယ်မှု – ဂိုးအပေါ်
ဂျူဗပ်တပ် – ဂျီနိုအာ
အေစီမီလန်ဂန္ထဝင် ရှက်ဗ်ချန်ကိုရဲ့ ဂျီနိုအာနည်းပြဘဝအစပိုင်းကတော့
ဆူးခင်းတဲ့လမ်းကိုဖြတ်ကျော်နေရသလိုပါပဲ။ အသင်းကြီးတွေနဲ့ချည်း
ဆက်တိုက်ရင်ဆိုင်နေရပြီး ၃ပွဲကစား၊ နိုင်ပွဲမရှိ၊ ၁မှတ်သာရခဲ့သလို ဂိုးလည်း
ဈေးဦးမပေါက်သေးဘူး။ ရိုးမားနဲ့ အေစီမီလန်ကို ယှဉ်နိုင်ခဲ့ခြင်းမရှိသလို
ဂျူဗင်တပ်ကိုလည်း လည်စင်းခံရဖို့များပါတယ်။ ဒီရာသီ ဂျူဗင်တပ်ခြေစွမ်းက
အကောင်းကြီးမဟုတ်ပေမယ့် ဖိဖိစီးစီးကစားရင် ဂျီနိုအာကိုအသာမရစရာ
အကြောင်းမရှိပါဘူး။ ဂျူဗင်တပ်ရဲ့ဖွင့်လှစ်မှုကလည်း ၁-၁၀၀ ကနေ ၂+၄၀ အထိ
တက်လာတာမို့ အနိမ့်ဆုံး ၂ဂိုးပြတ်နိုင်ဖို့သေချာနေပါတယ်။
ရွေးချယ်မှု – ဂျူဗပ်တပ်
zawgyi
အဖြေရှာကြည့်မိတဲ့ တနင်္ဂနွေည စီးရီးအေ အမေးပုစ္ဆာ (ကောင်းပိုင်)
စပီဇီယာ ဆက်ဆူအိုလို
ဗီနီဇီယာ ဗီရိုနာ
အံ့သြစရာမရှိပါဘူး။
ရွေးချယ်မှု – ဗီနီဇီယာ
ဂျူဗပ်တပ် ဂျီနိုအာ