
ရိုးမားကို ဒုက္ခပေးမယ့် ဘိုလော့ဂ်နာ၊ အင်တာရဲ့ဂိုးတွေကိုထိုင်ရေတွက်မယ်
ဘိုလော့ဂ်နာ – ရိုးမား
ဗီနီဇီယာကိုမထင်မှတ်ဘဲရှုံးခဲ့တာကလွဲရင် ဘိုလော့ဂ် နာခြေစွမ်းတည်ငြိမ်နေပြီး
နောက်ဆုံး ၄ပွဲမှာ ၃ပွဲနိုင်ခဲ့ တယ်။ ဘိုလော့ဂ်နာဟာ ဒီရာသီအိမ်ကွင်း ၇ပွဲမှာ
၂ပွဲ သာရှုံးခဲ့သလို ပွဲတိုင်းလည်းဂိုးသွင်းနိုင်ခဲ့တယ်။ ရိုးမား က
ပြိုင်ပွဲစုံ ၃ပွဲဆက်ပေးဂိုးမရှိနိုင်ခဲ့ပေမယ့် အားနည်း ချက်အချို့ ရှိနေဆဲပါ။
ခရစ္စတန်တီနဲ့ ဂွန်ဇာလိုဗီလာ သာမက လူငယ်တိုက်စစ်မှူး
အဖီနာဂျီယန်လည်း ကို ဗစ်ကူးစက်ခံထားရလို့မပါနိုင်တော့ဘူး။
မော်ရင်ညိုက လည်း ဒီပွဲပြီးရင် အင်တာနဲ့ရင်ဆိုင်ရဖို့ရှိတာမို့
ပွဲထွက် စာရင်းကို အပြောင်းအလဲ လုပ်ကောင်းလုပ်နိုင်တယ်။
ဘိုလော့ဂ်နာ သရေရသွားရင်အံ့သြစရာမရှိပါဘူး။
ရွေးချယ်မှု – ဘိုလော့ဂ်နာ
အင်တာမီလန် – စပီဇီယာ
ပြိုင်ပွဲစုံ ၉ပွဲဆက် ရှုံးပွဲမရှိသလို နိုင်သင့်နိုင်ထိုက်တဲ့ပွဲ တွေကိုလည်း
အင်တာ အမှားအယွင်းမရှိအနိုင်ကစား နေတယ်။ ဒီရာသီစီးရီးအေမှာ
ပေးဂိုးအများဆုံးဖြစ်နေ တဲ့စပီဇီယာအနေနဲ့ ဆန်စီရိုမှာ အင်တာတိုက်စစ်ကို
ပွဲ ချိန်ပြည့်တောင့်ခံဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ စပီဇီယာ ဟာ
ဒီရာသီအဝေးကွင်းမှာ လာဇီယိုကို ၆ဂိုး၊ ဗီရိုနာကို ၄ဂိုး၊ ဖီအိုကို ၃ဂိုး၊
အတ္တလန္တာကို ၅ဂိုးပေးထားရတာပါ။ ဆန်းချက်ဇ်လည်း ပြန်ကစားနိုင်ပြီမို့
ဘယ်လိုတိုက်စစ် အတွဲနဲ့ပွဲထွက်လာပါစေ အင်တာ ဂိုးတွေသွင်းနိုင်မှာပါ။
ဘော်ဒီဈေးကလည်း ၂+၁၅ ကနေ ၂-၂၀ အထိတက် လာတာမို့
ပြားစွန်းရင်းပြီး အင်တာပဲရွေးရပါလိမ့်မယ်။
ရွေးချယ်မှု – အင်တာမီလန်
ဂျီနိုအာ – အေစီမီလန်
ဂျီနိုအာ နိုင်ပွဲပျောက်တာ ၁၁ပွဲဆက်ရှိလာပါပြီ။ ရှက်ဗ် ချန်ကို
ရောက်လာပေမယ့် နိုင်ပွဲရအောင်မစွမ်းဆောင် နိုင်သေးဘူး။
ရှက်ဗ်ချန်ကိုဟာ နည်းပြဟောင်း ဘယ် လာဒီနီလက်ထက်ပေးဂိုးများခဲ့တဲ့
ခံစစ်ကိုတော့ အချိန် တိုအတွင်း ပြုပြင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ခံစစ်ကို
အဓိက အာရုံစိုက်နေရလို့ တိုက်စစ်ပိုင်းအားနည်းသွားခဲ့ပြီး
သူ ကိုင်ခဲ့တဲ့ ၂ပွဲလုံး ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ အေစီမီလန်က လည်း
ခြေစွမ်းယိမ်းယိုင်စပြုလာပြီး ပြိုင်ပွဲစုံနောက်ဆုံး ၅ပွဲမှာ ၁ပွဲသာနိုင်ခဲ့တယ်။
ကစားသမားဘဝကအောင် မြင်ခဲ့တဲ့အသင်းဟောင်းကို အခက်တွေ့အောင်
လုပ်ပြ မယ်လို့ကြုံးဝါးထားတဲ့ ရှက်ဗ်ချန်ကိုရဲ့စကားကို ဒီတစ် ပွဲတော့
ယုံကြည်ပေးချင်ပါတယ်။ ဂျီနိုအာဘော်ဒီ ပါးပါး၊ ဂိုးအောက်များများ ရွေးသင့်တယ်။
ရွေးချယ်မှု – ဂျီနိုအာ / ဂိုးအောက်
ဆက်ဆူအိုလို – နာပိုလီ
နာပိုလီအတွက် မထင်မှတ်ဘဲ ခက်ခဲနိုင်တဲ့ပွဲပါ။ ဆက် ဆူအိုလိုဟာ
ပြီးခဲ့တဲ့တစ်လအတွင်း သိသိသာသာခြေ တက်လာပြီး ဂျူဗင်တပ်နဲ့
အေစီမီလန်ကွင်းမှာတောင် အနိုင်ရခဲ့တယ်။ ဆက်ဆူအိုလိုတိုက်စစ်ကလည်း
ကွင်း မရွေးဂိုးသွင်းခဲ့တာ ၁၀ပွဲဆက်ရှိပါပြီ။ နာပိုလီကလည်း အဓိကတိုက်စစ်မှူး
အိုဆင်ဟန် မပါတာတောင် လာဇီ ယိုကို ၄ဂိုးပြတ်အနိုင်ရခဲ့ပြီး
မာတန်စ်၊ အင်ဆစ်ဂ်နီ၊ ဇီ လင်းစကီး၊ လိုဇာနိုတို့အားလုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ပြိုင်ပွဲစုံနောက်ဆုံး ၅ပွဲမှာ ၄ပွဲဂိုးပေးခဲ့ရတဲ့နာပိုလီခံစစ် ကတော့
ရာသီအစကလောက်စိတ်မချရတော့ဘူး။ နာ ပိုလီရဲ့အကျောပေးမှု
၁+၈၀ က ပါးလွန်းတာမို့ ဘော် ဒီရှောင်ပြီး ဂိုးအပေါ်ရွေးပေးချင်တယ်။
ရွေးချယ်မှု – ဂိုးအပေါ်
zawgyi
႐ိုးမားကို ဒုကၡေပးမယ့္ ဘိုေလာ့ဂ္နာ၊ အင္တာရဲ႕ဂိုးေတြကိုထိုင္ေရတြက္မယ္
အေျဖရွာၾကည့္မိတဲ့ ဗုဒၶဟူးည စီးရီးေအ အေမးပုစာၦ (ေကာင္းပိုင္)
ဘိုေလာ့ဂ္နာ ႐ိုးမား
ဗီနီဇီယာကိုမထင္မွတ္ဘဲရႈံးခဲ့တာကလြဲရင္ ဘိုေလာ့ဂ္ နာေျခစြမ္းတည္ၿငိမ္ေနၿပီး
ေနာက္ဆုံး ၄ပြဲမွာ ၃ပြဲႏိုင္ခဲ့ တယ္။ ဘိုေလာ့ဂ္နာဟာ ဒီရာသီအိမ္ကြင္း ၇ပြဲမွာ
၂ပြဲ သာရႈံးခဲ့သလို ပြဲတိုင္းလည္းဂိုးသြင္းႏိုင္ခဲ့တယ္။ ႐ိုးမား က
ၿပိဳင္ပြဲစုံ ၃ပြဲဆက္ေပးဂိုးမရွိႏိုင္ခဲ့ေပမယ့္ အားနည္း ခ်က္အခ်ိဳ႕ ရွိေနဆဲပါ။
ခရစၥတန္တီနဲ႔ ဂြန္ဇာလိုဗီလာ သာမက လူငယ္တိုက္စစ္မႉး
အဖီနာဂ်ီယန္လည္း ကို ဗစ္ကူးစက္ခံထားရလို႔မပါႏိုင္ေတာ့ဘူး။
ေမာ္ရင္ညိဳက လည္း ဒီပြဲၿပီးရင္ အင္တာနဲ႔ရင္ဆိုင္ရဖို႔ရွိတာမို႔
ပြဲထြက္ စာရင္းကို အေျပာင္းအလဲ လုပ္ေကာင္းလုပ္ႏိုင္တယ္။
ဘိုေလာ့ဂ္နာ သေရရသြားရင္အံ့ၾသစရာမရွိပါဘူး။
ေ႐ြးခ်ယ္မႈ – ဘိုေလာ့ဂ္နာ
အင္တာမီလန္ စပီဇီယာ
ၿပိဳင္ပြဲစုံ ၉ပြဲဆက္ ရႈံးပြဲမရွိသလို ႏိုင္သင့္ႏိုင္ထိုက္တဲ့ပြဲ ေတြကိုလည္း
အင္တာ အမွားအယြင္းမရွိအႏိုင္ကစား ေနတယ္။ ဒီရာသီစီးရီးေအမွာ
ေပးဂိုးအမ်ားဆုံးျဖစ္ေန တဲ့စပီဇီယာအေနနဲ႔ ဆန္စီ႐ိုမွာ အင္တာတိုက္စစ္ကို
ပြဲ ခ်ိန္ျပည့္ေတာင့္ခံဖို႔ ဘယ္လိုမွမျဖစ္ႏိုင္ဘူး။ စပီဇီယာ ဟာ
ဒီရာသီအေဝးကြင္းမွာ လာဇီယိုကို ၆ဂိုး၊ ဗီ႐ိုနာကို ၄ဂိုး၊ ဖီအိုကို ၃ဂိုး၊
အတၱလႏၲာကို ၅ဂိုးေပးထားရတာပါ။ ဆန္းခ်က္ဇ္လည္း ျပန္ကစားႏိုင္ၿပီမို႔
ဘယ္လိုတိုက္စစ္ အတြဲနဲ႔ပြဲထြက္လာပါေစ အင္တာ ဂိုးေတြသြင္းႏိုင္မွာပါ။
ေဘာ္ဒီေဈးကလည္း ၂+၁၅ ကေန ၂-၂၀ အထိတက္ လာတာမို႔
ျပားစြန္းရင္းၿပီး အင္တာပဲေ႐ြးရပါလိမ့္မယ္။
ေ႐ြးခ်ယ္မႈ – အင္တာမီလန္
ဂ်ီႏိုအာ ေအစီမီလန္
ဂ်ီႏိုအာ ႏိုင္ပြဲေပ်ာက္တာ ၁၁ပြဲဆက္ရွိလာပါၿပီ။ ရွက္ဗ္ ခ်န္ကို
ေရာက္လာေပမယ့္ ႏိုင္ပြဲရေအာင္မစြမ္းေဆာင္ ႏိုင္ေသးဘူး။
ရွက္ဗ္ခ်န္ကိုဟာ နည္းျပေဟာင္း ဘယ္ လာဒီနီလက္ထက္ေပးဂိုးမ်ားခဲ့တဲ့
ခံစစ္ကိုေတာ့ အခ်ိန္ တိုအတြင္း ျပဳျပင္ႏိုင္ခဲ့တယ္။ ဒါေပမဲ့ ခံစစ္ကို
အဓိက အာ႐ုံစိုက္ေနရလို႔ တိုက္စစ္ပိုင္းအားနည္းသြားခဲ့ၿပီး
သူ ကိုင္ခဲ့တဲ့ ၂ပြဲလုံး ဂိုးမသြင္းႏိုင္ခဲ့ပါဘူး။ ေအစီမီလန္က လည္း
ေျခစြမ္းယိမ္းယိုင္စျပဳလာၿပီး ၿပိဳင္ပြဲစုံေနာက္ဆုံး ၅ပြဲမွာ ၁ပြဲသာႏိုင္ခဲ့တယ္။
ကစားသမားဘဝကေအာင္ ျမင္ခဲ့တဲ့အသင္းေဟာင္းကို အခက္ေတြ႕ေအာင္
လုပ္ျပ မယ္လို႔ႀကဳံးဝါးထားတဲ့ ရွက္ဗ္ခ်န္ကိုရဲ႕စကားကို ဒီတစ္ ပြဲေတာ့
ယုံၾကည္ေပးခ်င္ပါတယ္။ ဂ်ီႏိုအာေဘာ္ဒီ ပါးပါး၊ ဂိုးေအာက္မ်ားမ်ား ေ႐ြးသင့္တယ္။
ေ႐ြးခ်ယ္မႈ – ဂ်ီႏိုအာ / ဂိုးေအာက္
ဆက္ဆူအိုလို နာပိုလီ
နာပိုလီအတြက္ မထင္မွတ္ဘဲ ခက္ခဲႏိုင္တဲ့ပြဲပါ။ ဆက္ ဆူအိုလိုဟာ
ၿပီးခဲ့တဲ့တစ္လအတြင္း သိသိသာသာေျခ တက္လာၿပီး ဂ်ဴဗင္တပ္နဲ႔
ေအစီမီလန္ကြင္းမွာေတာင္ အႏိုင္ရခဲ့တယ္။ ဆက္ဆူအိုလိုတိုက္စစ္ကလည္း
ကြင္း မေ႐ြးဂိုးသြင္းခဲ့တာ ၁၀ပြဲဆက္ရွိပါၿပီ။ နာပိုလီကလည္း အဓိကတိုက္စစ္မႉး
အိုဆင္ဟန္ မပါတာေတာင္ လာဇီ ယိုကို ၄ဂိုးျပတ္အႏိုင္ရခဲ့ၿပီး
မာတန္စ္၊ အင္ဆစ္ဂ္နီ၊ ဇီ လင္းစကီး၊ လိုဇာႏိုတို႔အားလုံး ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။
ၿပိဳင္ပြဲစုံေနာက္ဆုံး ၅ပြဲမွာ ၄ပြဲဂိုးေပးခဲ့ရတဲ့နာပိုလီခံစစ္ ကေတာ့
ရာသီအစကေလာက္စိတ္မခ်ရေတာ့ဘူး။ နာ ပိုလီရဲ႕အေက်ာေပးမႈ
၁+၈၀ က ပါးလြန္းတာမို႔ ေဘာ္ ဒီေရွာင္ၿပီး ဂိုးအေပၚေ႐ြးေပးခ်င္တယ္။
ေ႐ြးခ်ယ္မႈ – ဂိုးအေပၚ