ရိုးမား၊ အင်တာနဲ့ နာပိုလီ အနိုင်ပြတ်သားမယ်၊ လာဇီယိုနဲ့ အေစီမီလန် ရုန်းကန်ရဖွယ်ရှိ
ဆက်ဆူအိုလို – ဘိုလော့ဂ်နာ
ဆက်ဆူအိုလို ၆ပွဲဆက်ရှုံးပွဲမရှိပေမယ့် နိုင်ပွဲကလည်း ၂ပွဲသာရခဲ့တာပါ။
အေစီမီလန်နဲ့ လာဇီယိုကိုနိုင်ခဲ့တာ ဖြစ်ပြီး ကျန် ၄ပွဲလုံး ၂-၂သရေကျခဲ့ပါတယ်။
ဆက်ဆူ အိုလိုဟာ စီးရီးအေ ၁၄ပွဲဆက်ဂိုးသွင်းနိုင်ခဲ့သလို ၇ပွဲ ဆက်လည်း
တစ်ပွဲအနည်းဆုံး ၂ဂိုး သွင်းနိုင်တာခဲ့တာ ပါ။ ဒါပေမဲ့ ပွဲစဉ် ၁၈အပြီး
ဂိုးမပေးရတာ ၂ပွဲသာရှိခဲ့တဲ့ ခံစစ်ကလည်းလုံးဝစိတ်မချရပါဘူး။
ဘိုလော့ဂ်နာက ၃ ပွဲဆက်ရှုံးထားပေမယ့် ဒီရာသီ ၁၈ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ တာ
၄ပွဲသာရှိခဲ့တာပါ။ ဘိုလော့ဂ်နာလည်းဂိုးရနိုင်တာ မို့ ဂိုးအပေါ်အကြိုက်ဆုံးပါပဲ။
ရွေးချယ်မှု – ဂိုးအပေါ်
ဗီနီဇီယာ – လာဇီယို
အောက်အသင်းတွေထဲမှာ ဗီနီဇီယာ ခံကန်အားကောင်း ပါတယ်။
ပြိုင်ပွဲစုံ ၃ပွဲဆက်ရှုံးပွဲမရှိရာမှာ ဆမ်ဒိုးရီးယားနဲ့ ဂျူဗင်တပ်ကို ၁-၁ သရေ
ကစားနိုင်ခဲ့တယ်။ ဒီရာသီအိမ် ကွင်း ၈ပွဲမှာ ၄ပွဲသာရှုံးခဲ့ပြီး
ဖီအိုနဲ့ ရိုးမားကိုနိုင်၊ တိုရီနိုနဲ့ ဂျူဗီကို သရေကစားခဲ့တယ်။ လာဇီယိုက
အင်တာပြီးရင် ဒီရာသီ အိမ်ကွင်းအကောင်းဆုံးဖြစ်ပေမယ့်
အဝေးကွင်း ၉ပွဲမှာတော့ ၂ပွဲသာနိုင်ခဲ့သလို ပွဲတိုင်းဂိုးပေးခဲ့ရပါတယ်။
ဗီနီဇီယာကွင်း စီးရီးအေနောက်ဆုံး ၅ပွဲဆက်လည်း လာ ဇီယိုနိုင်ပွဲမရခဲ့ပါဘူး။
ကိုဗစ်ဖြစ်နေတဲ့ အင်မိုဘီလီ ပါနိုင် မှာမဟုတ်တာမို့ လာဇီယို ဘော်ဒီဈေးရော
ဂိုးပေါင်းဈေး ပါကျလာပါတယ်။ ဗီနီဇီယာ သရေရသွားနိုင်တယ်။
ရွေးချယ်မှု – ဗီနီဇီယာ
ဗီရိုနာ – ဖီအိုရင်တီးနား
ဗီရိုနာ ခြေကျသွားတာ သိသာပါတယ်။ ကိုပါအီတာလီ ယာက
ထွက်ခဲ့ရသလို စီးရီးအေနောက်ဆုံး ၅ပွဲမှာလည်း ၃ပွဲတောင်ရှုံးခဲ့တယ်။
အိမ်ကွင်းမှာလည်း ၃ပွဲဆက်နိုင်ပွဲ ပျောက်ထားတာပါ။ ဖီအိုရင်တီးနားက
ပြိုင်ပွဲစုံ ၅ပွဲဆက် ရှုံးပွဲမရှိ၊ ၄ပွဲနိုင်ခဲ့သလို ဘိုလော့ဂ်နာကွင်းနိုင်ပွဲနဲ့လည်း
အဝေးကွင်း ၄ပွဲဆက်ရှုံးခဲ့တာကို ရပ်တန့်နိုင်ခဲ့တယ်။ ဒီ ရာသီ ပြိုင်ပွဲစုံပွဲ
၂၀မှာ ၁၈ဂိုးသွင်းထားတဲ့ ဗလာဟိုဗစ် ကလည်း ကွင်းမရွေးဂိုးသွင်းနေတာပါ။
ဒါပေမဲ့ ဒီရာသီ အိမ်ကွင်း ၉ပွဲမှာ ၈ပွဲဂိုးသွင်းထားတဲ့ ဗီရိုနာတိုက်စစ်ကို တော့
ဖီအိုရင်တီးနား ဂိုးပေးရဖို့သေချာတယ်။ ဖီအိုရင် တီးနားဘော်ဒီ ပါးပါး၊
ဂိုးအပေါ် များများ ရွေးသင့်တယ်။
ရွေးချယ်မှု – ဖီအိုရင်တီးနား / ဂိုးအပေါ်
အင်တာမီလန် – တိုရီနို
၆ပွဲဆက်နိုင်ပွဲနဲ့အတူ နာပိုလီနဲ့ အေစီမီလန်ကို အင်တာ ၄မှတ်ဖြတ်ထားပါပြီ။
အင်တာရဲ့ နောက်ပိုင်းနိုင်ပွဲတွေက ဂိုးပိုပြတ်လာတာလည်းတွေ့ရပြီး
ဆလာနီတာနာကို ၅ဂိုး၊ ကက်ဂလီယာရီကို ၄ဂိုး၊ ရိုးမားကို ၃ဂိုးပြတ်စီနိုင်ခဲ့တာပါ။
တိုက်စစ်တင်ဂိုးသွင်းနှုန်းတက်လာတာမဟုတ်ဘဲ ခံစစ်က လည်းပုံစံကောင်းရနေပြီး
ပြိုင်ပွဲစုံနောက်ဆုံး ၇ပွဲမှာ ၆ပွဲဂိုး မပေးခဲ့ရဘူး။ တိုရီနိုက စီးရီးအေ ၄ပွဲဆက်
ရှုံးပွဲမရှိပေမယ့် အဝေးကွင်းကတော့ ညံ့မြဲညံ့နေဆဲပါပဲ။ နောက်ဆုံးအဝေး ကွင်း
၆ပွဲမှာ ၅ပွဲရှုံးခဲ့သလို ဒီရာသီ စီးရီးအေအဝေးကွင်း ၈ ပွဲမှာလည်း ၄ဂိုးသာ
သွင်းနိုင်ခဲ့တယ်။ ၂ဂိုးပြတ်ဖို့လိုပေမယ့် အင်တာမီလန် စွမ်းဆောင်နိုင်ပါလိမ့်မယ်။
ရွေးချယ်မှု – အင်တာမီလန်
ရိုးမား – ဆမ်ဒိုးရီးယား
ပြိုင်ပွဲစုံ ၃ပွဲဆက်နိုင်ခဲ့တာမို့ ရိုးမား ယုံကြည်မှုပြန်ရလာ ပြီ။
အတ္တလန္တာကွင်းမှာဆိုရင် ဘောလုံးပိုင်ဆိုင်မှု ၂၉ % ပဲရှိခဲ့တာတောင်
၄ဂိုးသွင်းနိုင်ခဲ့တာပါ။ ကစားပုံမကောင်း ရင်တောင် နိုင်ပွဲရအောင်ယူတာက
မော်ရင်ညိုရဲ့ စတိုင် ပါပဲ။ အေဘရာဟမ်လို အဆုံးသတ်သေချာတဲ့
တိုက်စစ် မှူးမျိုး ရှိဖို့တော့လိုတာပေါ့။ အေဘရာဟမ်ဟာ
လတ်တ လောဂိုးမြူးနေပြီး ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲမှာ ၇ဂိုးသွင်းနိုင် ခဲ့ပါတယ်။
ဆမ်ဒိုးရီးယားက နောက်ဆုံး ၆ပွဲမှာ ၁ပွဲသာရှုံး ခဲ့ပေမယ့် ဒီရာသီ အသင်းကြီးတွေနဲ့
ရင်ဆိုင်ရာမှာ ရလဒ် မကောင်းခဲ့ပါဘူး။ ရိုးမားရဲ့ဖွင့်လှစ်မှုကလည်း ၁+၃၀ က နေ
၁-၂၅ အထိတက်လာတာမို့ ဂိုးပြတ်နိုင်ဖို့များပါတယ်။
ရွေးချယ်မှု – ရိုးမား
အမ်ပိုလီ – အေစီမီလန်
ပြိုင်ပွဲစုံနောက်ဆုံး ၉ပွဲမှာ ၁ပွဲပဲရှုံးခဲ့တဲ့အထိ အမ်ပိုလီခြေ မှန်နေတယ်။
အမ်ပိုလီဟာ နာပိုလီ၊ ဂျူဗင်တပ်နဲ့ ဖီအိုကို နောက်ကောက်ချနိုင်ခဲ့တာမို့
ဆက်ဆူအိုလိုလိုပဲ ဒီရာသီ giant killers အဖြစ်တင်စားခံနေရတာပါ။
ဒါ့အပြင် အိမ် ကွင်းခြေစွမ်းလည်း တိုးတက်လာပြီး ၃ပွဲဆက်ရှုံးပွဲမရှိ၊
၇ မှတ်ရခဲ့ပါတယ်။ အေစီမီလန်က ရာသီဝက်ကျိုးကာနီးမှ
ခြေစွမ်းယိမ်းယိုင်သွားပြီး နောက်ဆုံး ၇ပွဲမှာ ၂ပွဲသာနိုင်ခဲ့ တယ်။
တန်းတက်တွေနဲ့ရင်ဆိုင်တိုင်း အေစီမီလန်ရလဒ် ကောင်းတတ်ပေမယ့်
ယုံကြည်မှုရနေတဲ့အမ်ပိုလီကွင်းမှာ တော့ အမှတ်ပြည့်ရဖို့မလွယ်ဘူး။
အေစီမီလန်ရဲ့အကျော ပေးမှုကလည်း ၁+၅၀ ကနေ ၁+၉၀ အထိ
ကျလာတာမို့ အမ်ပိုလီနဲ့ စွန့်စားသင့်တယ်။ ရွေးချယ်မှု – အမ်ပိုလီ
နာပိုလီ – စပီဇီယာ
အေစီမီလန်ကို ဆန်စီရိုမှာနိုင်ခဲ့တာက နာပိုလီအတွက် အလှည့်အပြောင်း
ဖြစ်လာနိုင်ပါတယ်။ ဒဏ်ရာပြဿနာ တွေရှိနေတာတောင် အနိုင်ရခဲ့တာဖြစ်ပြီး
ဒီပွဲမှာလည်း ဒဏ်ရာသက်သာပြီးမှ ကိုဗစ်ကူးစက်ခံရတဲ့ အင်ဆစ်ဂ် နီပါနိုင်ဦးမှ
ာမဟုတ်ဘူး။ ဒါပေမဲ့ အိုဆင်ဟန် ပြန်ကစား နိုင်ပြီဖြစ်သလို မာတန်းစ်၊
လိုဇာနို၊ ဇီလင်းစကီး၊ အဲလ် မက်စ်တို့နဲ့ နာပိုလီတိုက်စစ်စုဖွဲ့မှုက တောင့်တင်းဆဲပါ ပဲ။
စပီဇီယာက ဒီရာသီအဝေးကွင်းခံစစ်အညံ့ဆုံးဖြစ်သ လို နောက်ဆုံးအဝေးကွင်း
၆ပွဲဆက်ရှုံးခဲ့ရာမှာလည်း ၁ပွဲ အနည်းဆုံး ၂ဂိုးပေးခဲ့ရတာပါ။
နာပိုလီအနိုင်က ၂ဂိုးနဲ့အ ထက်ရှိပါလိမ့်မယ်။
ရွေးချယ်မှု – နာပိုလီ
zawgyi
အဖြေရှာကြည့်မိတဲ့ ဗုဒ္ဓဟူးည စီးရီးအေ အမေးပုစ္ဆာ (ကောင်းပိုင်)
ဗီနီဇီယာ လာဇီယို
ရွေးချယ်မှု – ဗီနီဇီယာ
အင်တာမီလန် တိုရီနို
ရွေးချယ်မှု – ရိုးမား
အမ်ပိုလီ အေစီမီလန်
နာပိုလီ စပီဇီယာ
ရွေးချယ်မှု – နာပိုလီ