အဖွင့်ဂိုးရှင် နှင်းခဲလူသား တီယာနေးအပေါ် အာတီတာရဲ့အမြင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့က ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ အဖြစ် အာဆင်နယ် အသင်း နဲ့ ဝက်စ်ဘရွန်း အသင်း တို့ ယှဉ်ပြိုင် ကစားခဲ့ကြပြီး အာဆင်နယ် အသင်းက ဝက်စဘရွန်း အသင်းကို အဝေးကွင်းမှာ ၄ ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲဒီနိုင်ပွဲကြောင့် အာဆင်နယ် အသင်းဟာ သုံးပွဲဆက် အနိုင်ရရှိသွားခဲ့ပြီးတော့ နောက်ဆုံး ကစားထားတဲ့ ၈ ရက် အတွင်းမှာ ရမှတ် ၉ မှတ် ရယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ ‌နေရာအထိကိုတက်လှမ်းနိုင်ခဲ့ပြီးတော့ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာက အသင်းနဲ့လည်း ရမှတ် ၆ မှတ်သာ ကွာဟတော့တဲ့ အခြေအ‌နေ ဖြစ်ပါတယ်။ အာဆင်နယ် အတွက် ဂိုးတွေကိုတော့ ပထမပိုင်းမှာ တီယာနေး နဲ့ ဆာကာ တို့က သွင်းယူ ခဲ့တာ ဖြစ်ပြီး ၊ ဒုတိယပိုင်းမှာတော့ တိုက်စစ်မှူး လာကာဇက် က သွင်းဂိုး နှစ်ဂိုး ထပ်မံ သွင်းယူ ပေးခဲ့ပါတယ်။

အဲဒီပွဲရဲ့ ပွဲချိန်၂၃မိနစ်မှာ နောက်တန်းညာခြမ်းကနေ ရော့ဒ်ဟိုးဒင်းချပေးလိုက်တဲ့အမြင့်ဘောကို တီယာနေးက ဘယ်ခြမ်းကနေ လက်ခံရယူ၊ ဝက်စ်ဘရွန်းနောက်ခံလူ ဖာလောင်းကို ကျော်ယူပြီး နောက်တစ်ခါ အတွင်းဘက်ကိုခေါက်ပြီးပြန်လိမ်ဝင်ကာ ညာခြေနဲ့ ဂိုးသမားဘယ်ခြမ်းကိုလှမ်းတွတ်ကာ၊ အဖွင့်ဦးဆောင်ဂိုးကို ဘယ်သန်လူငယ်ကစားသမားကသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အဖွင့်ဂိုးရှင် တီယာနေးအပေါ် ကို နည်းပြအာတီတာက” ကျွန်တော် ဒီအသင်းကိုရောက်ပြီးကတည်းက သူက ပုခုံးဒဏ်ရာနဲ့ ပြဿနာတက်နေခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်သူ့အကြောင်းသိနေပါတယ်။ သူက တကယ့်ကို ပြည့်စုံတဲ့ အဆင့်အတန်း၊ခြေ စွမ်းတွေနဲ့ အရည်အသွေးကောင်းကောင်း ရှိသူဖြစ်ပါတယ်။ သူနဲ့အလုပ်တွဲလုပ်ရတာ ပျော်စရာကောင်းပါတယ်။ သူကတော်တဲ့ကောင်လေးပါပဲ”

” သူ အခုလို ဂိုးသွင်းလိုက်နိုင်တာ၊ အသင်းနဲ့အတူ နေ့စဉ် ပိုမိုတိုးတက်ကောင်းမွန်လာတာတွေကြောင့် ကျွန်တော်သူ့အတွက် အားရပါတယ်။ ဒါပေမယ့် အသားကျရမယ့် တချို့ ပြဿနာလေးတွေတော့ရှိပါသေးတယ်။ အိမ်ကနေ ထွက်လာရတာက သူ့အတွက် စိန်ခေါ်မှုပါပဲ။ ကျွန်တော်တို့လည်း သူ့အပေါ်ကြိုးစားကူညီပေးနေပါတယ်။

နောက်ပြီး သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးတွေကလည်း အံမခန်းပါပဲ။ ကျွန်တော်တို့တွေ ခေါင်းမှာ မာဖလာပတ်ပြီး လက်အိတ်တွေဝတ်၊ ဦးထုတ်တွေဆောင်းနေရတဲ့အချိန်မှာ သူက ဘောင်းဘီတိုနဲ့တီရှပ်ဝတ်ပြီး လေ့ကျင့်ခန်းတွေတောင် ပေါ့ပေါ့ပါးပါး လုပ်နေနိုင်တာကတော့ လုံးဝအံ့သြစရာပဲပေါ့။ သူ့ပုံစံက အရမ်းအဆင်ပြေနေတာလေ…”ဆိုပြီးပြောဆိုပါတယ်။

တီယာနေး က တော့ သူ့ရဲ့ သွင်းဂိုး နဲ့ ပတ်သက်ပြီး ” ကျွန်တော့်အသင်းဖော်တွေကတော့ ကျွန်တော့် သွင်းဂိုးကို ဖြတ်တင်ဘော လို့ ခေါ်နေကြတာပါပဲ။ ကျွန်တော် ပြန်ကြည့်ရပါဦးမယ်။ ဂိုးရတဲ့ အတွက်တော့ ဝမ်းသာမိပါတယ်။ ကျွန်တော်က ဂိုးတွေ အများကြီး သွင်းလေ့ ရှိသူ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီသွင်းဂိုးကိုတော့ ပြန်ကြည့်ပါဦးမယ် ” လို့ ပြောဆိုပါတယ် ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အဖြင့္ဂိုးရွင္ ႏွင္းခဲလူသား တီယာေနးအေပၚ အာတီတာရဲ႕အျမင္

မေန႔က ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၇ အျဖစ္ အာဆင္နယ္ အသင္း နဲ႔ ဝက္စ္ဘ႐ြန္း အသင္း တို႔ ယွဥ္ၿပိဳင္ ကစားခဲ့ၾကၿပီး အာဆင္နယ္ အသင္းက ဝက္စဘ႐ြန္း အသင္းကို အေဝးကြင္းမွာ ၄ ဂိုး ဂိုးမရွိဆိုတဲ့ ရလဒ္နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ အဲဒီႏိုင္ပြဲေၾကာင့္ အာဆင္နယ္ အသင္းဟာ သုံးပြဲဆက္ အႏိုင္ရရွိသြားခဲ့ၿပီးေတာ့ ေနာက္ဆုံး ကစားထားတဲ့ ၈ ရက္ အတြင္းမွာ ရမွတ္ ၉ မွတ္ ရယူႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ အာဆင္နယ္အသင္းဟာ အမွတ္ေပးဇယားရဲ႕ အဆင့္ ၁၁ ‌ေနရာအထိကိုတက္လွမ္းႏိုင္ခဲ့ၿပီးေတာ့ အမွတ္ေပးဇယားရဲ႕ အဆင့္ ၄ ေနရာက အသင္းနဲ႔လည္း ရမွတ္ ၆ မွတ္သာ ကြာဟေတာ့တဲ့ အေျခအ‌ေန ျဖစ္ပါတယ္။ အာဆင္နယ္ အတြက္ ဂိုးေတြကိုေတာ့ ပထမပိုင္းမွာ တီယာေနး နဲ႔ ဆာကာ တို႔က သြင္းယူ ခဲ့တာ ျဖစ္ၿပီး ၊ ဒုတိယပိုင္းမွာေတာ့ တိုက္စစ္မႉး လာကာဇက္ က သြင္းဂိုး ႏွစ္ဂိုး ထပ္မံ သြင္းယူ ေပးခဲ့ပါတယ္။

အဲဒီပြဲရဲ႕ ပြဲခ်ိန္၂၃မိနစ္မွာ ေနာက္တန္းညာျခမ္းကေန ေရာ့ဒ္ဟိုးဒင္းခ်ေပးလိုက္တဲ့အျမင့္ေဘာကို တီယာေနးက ဘယ္ျခမ္းကေန လက္ခံရယူ၊ ဝက္စ္ဘ႐ြန္းေနာက္ခံလူ ဖာေလာင္းကို ေက်ာ္ယူၿပီး ေနာက္တစ္ခါ အတြင္းဘက္ကိုေခါက္ၿပီးျပန္လိမ္ဝင္ကာ ညာေျခနဲ႔ ဂိုးသမားဘယ္ျခမ္းကိုလွမ္းတြတ္ကာ၊ အဖြင့္ဦးေဆာင္ဂိုးကို ဘယ္သန္လူငယ္ကစားသမားကသြင္းယူသြားခဲ့တာျဖစ္ပါတယ္။ အဖြင့္ဂိုးရွင္ တီယာေနးအေပၚ ကို နည္းျပအာတီတာက” ကြၽန္ေတာ္ ဒီအသင္းကိုေရာက္ၿပီးကတည္းက သူက ပုခုံးဒဏ္ရာနဲ႔ ျပႆနာတက္ေနခဲ့တာပါ။ ဒါေပမယ့္ ကြၽန္ေတာ္သူ႔အေၾကာင္းသိေနပါတယ္။ သူက တကယ့္ကို ျပည့္စုံတဲ့ အဆင့္အတန္း၊ေျခ စြမ္းေတြနဲ႔ အရည္အေသြးေကာင္းေကာင္း ရွိသူျဖစ္ပါတယ္။ သူနဲ႔အလုပ္တြဲလုပ္ရတာ ေပ်ာ္စရာေကာင္းပါတယ္။ သူကေတာ္တဲ့ေကာင္ေလးပါပဲ”

” သူ အခုလို ဂိုးသြင္းလိုက္ႏိုင္တာ၊ အသင္းနဲ႔အတူ ေန႔စဥ္ ပိုမိုတိုးတက္ေကာင္းမြန္လာတာေတြေၾကာင့္ ကြၽန္ေတာ္သူ႔အတြက္ အားရပါတယ္။ ဒါေပမယ့္ အသားက်ရမယ့္ တခ်ိဳ႕ ျပႆနာေလးေတြေတာ့ရွိပါေသးတယ္။ အိမ္ကေန ထြက္လာရတာက သူ႔အတြက္ စိန္ေခၚမႈပါပဲ။ ကြၽန္ေတာ္တို႔လည္း သူ႔အေပၚႀကိဳးစားကူညီေပးေနပါတယ္။ ေနာက္ၿပီး သူ႕ရဲ႕ ခႏၶာကိုယ္ထဲမွာ စီးဆင္းေနတဲ့ ေသြးေတြကလည္း အံမခန္းပါပဲ။ ကၽြန္ေတာ္တို႕ေတြ ေခါင္းမွာ မာဖလာပတ္ၿပီး လက္အိတ္ ေတြဝတ္၊ဦးထုတ္ေတြေဆာင္းေနရတဲ့အခ်ိန္မွာ သူက ေဘာင္းဘီတိုနဲ႔တီရွပ္ဝတ္ၿပီး ေလ့က်င့္ခန္းေတြေတာင္ ေပါ့ေပါ့ပါးပါး လုပ္ေနႏိုင္တာကေတာ့ လံုးဝအံ့ၾသစရာပဲေပါ့။ သူ႔ပံုစံက အရမ္းအဆင္ေျပေနတာေလ…”ဆိုၿပီးေျပာဆိုပါတယ္။

တီယာေနး က ေတာ့ သူ႔ရဲ႕ သြင္းဂိုး နဲ႔ ပတ္သက္ၿပီး ” ကြၽန္ေတာ့္အသင္းေဖာ္ေတြကေတာ့ ကြၽန္ေတာ့္ သြင္းဂိုးကို ျဖတ္တင္ေဘာ လို႔ ေခၚေနၾကတာပါပဲ။ ကြၽန္ေတာ္ ျပန္ၾကည့္ရပါဦးမယ္။ ဂိုးရတဲ့ အတြက္ေတာ့ ဝမ္းသာမိပါတယ္။ ကြၽန္ေတာ္က ဂိုးေတြ အမ်ားႀကီး သြင္းေလ့ ရွိသူ မဟုတ္ပါဘူး။ ဒါေပမယ့္ ဒီသြင္းဂိုးကိုေတာ့ ျပန္ၾကည့္ပါဦးမယ္ ” လို႔ ေျပာဆိုပါတယ္ ။