
ဒီကနေ့မှာကျရောက်တဲ့ အမေများနေ့(Mother’s Day) အတွက်
သူ့မိခင်ကိုဂုဏ်ပြုရင်းနဲ့ ဘက်ခမ်းထုတ်ပြလိုက်တဲ့ပုံတွေထဲမှာ
သူ့အမေ ဆန်ဒရာ၊ သူနဲ့ ဆာအဲလက်စ်ဖာဂူဆန် တို့အတူ
တွဲရိုက်ထားတဲ့ဓာတ်ပုံလည်းပါဝင်ခဲ့ပါတယ်။
ဘက်ခမ်းဟာဒီကနေ့မနက်(တနင်္ဂနွေ) မှာသူ့ရဲ့အင်စတာဂရမ်ကနေ
မိခင် ဆန်ဒရာဂျော်ဂျီနာဝက်စ် ကိုဂုဏ်ပြုပြီးပုံတွေကိုထုတ်ပြလိုက်တာဖြစ်ပါတယ်။
ဒီပုံတွေထဲမှာပြီးခဲ့တဲ့နှစ်ပေါင်းများစွာကာ အံ့အားသင့်စရာကောင်းသလို
လွမ်းမောဖွယ်ရာလည်းဖြစ်တဲ့ပုံတွေပါဝင်ခဲ့တာပါ။
ဒီအထဲကပုံတစ်ခုမှာ မန်ယူရဲ့ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် ကိုအလယ်မှာထားကာ
မန်ယူရဲ့မျက်နှာသစ်လေး ဘက်ခမ်းနဲ့ သူ့မိခင်တို့ကတစ်ဖက်တစ်ချက်စီမှာထိုင်ကာ
အိုးလ်ထရက်ဖို့ဒ်ကွင်းက အသင်းခုံတန်းပေါ်မှာရိုက်ထားတဲ့ ပုံလည်းပါဝင်ခဲ့တာပါ။
ဒီပုံထဲမှာ ဘက်ခမ်းဟာ ဂျက်ကက်တစ်ထည်ဝတ်ဆင်ထားပြီး
သူတို့ရှေ့မှာ ပရီးမီးယားလိဂ်ဆုဖလားနဲ့ ကွန်မြူနတီဒိုင်း တို့ကိုလည်း
ချထားတာတွေ့ရပါတယ်။ ဘက်ခမ်းနဲ့ ဖာဂူဆန်တို့ဟာ၂၀၀၀ ပြည့်နှစ်အစပိုင်းမှာ
သဘောထားကွဲလွဲမှုတွေစတင်ခဲ့ပြီးနောက် ၂၀၀၃ မှ
ာ ရီးရဲလ်မက်ဒရစ်ကိုဘက်ခမ်းပြောင်းသွားခဲ့ပါတယ်။
ဒါပေမယ့်အခုချိန်မှာတော့ သူတို့နှစ်ဦးဟာဖြစ်ပျက်ခဲ့တာတွေကိုမေ့ပစ်ပြီး
ကောင်းမွန်တဲ့ဆက်ဆံရေးကိုပြန်လည်ထူထောင်ထားနိုင်ကြပြီဖြစ်ပါတယ်။
နောက်ထပ်ပုံတွေထဲမှာ ၉၀ ပြည့်လွန်နှစ်တွေက
ဘက်ခမ်းဆွတ်ခူးခဲ့တဲ့ဆုဖလားတွေထဲမှာပါဝင်တဲ့ ပရီးမီးယားလိဂ်နဲ့
အက်ဖ်အေဖလား တို့နဲ့အတူ သူတို့သားအမိရိုက်ထားတာလည်းပါဝင်ပါတယ်။
ဒါ့အပြင် ဆယ်ကျော်သက်ဘက်ခမ်းဟာ
မန်ယူအသင်းရဲ့လေ့ကျင့်ခန်းဝတ်စုံဝတ်ပြီး ဆန်ဒရာနဲ့ရိုက်ထားတဲ့ပုံ၊
သူ့အစ်မ လင်းနဲ့ သူ့အမေဆန်ဒရာအပြင် မွေးကာစညီမလေး ဂျိုအန်နီတို့နဲ့အတူ
ရိုက်ထားတဲ့ပုံလည်းပါဝင်ခဲ့ပါသေးတယ်။
ပုံစာမှာဘက်ခမ်းက”အံ့အားသင့်စရာကောင်းတဲ့ အမေနဲ့ နန်နီရေ
ပျော်စရာ အမေများနေ့ပါ။
အမေ့ကိုကျွန်တော်တို့သိပ်ချစ်ကြပြီး ကျွန်တော်တို့အတွက်
အမြဲတမ်းရှိနေပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ရေးခဲ့ပါတယ်။
ဒီပို့စ်ကို သူ့မောင်နှမတွေ၊ ဇနီးသည် ဗစ်တိုးရီးယားနဲ့ သူ့ကလေးတွေကို tagged တွဲကာ
သူ့ရဲ့ ၇၁ သန်းသော followers တွေမြင်တွေ့စေဖို့လုပ်ခဲ့ပါတယ်။
ဘက်ခမ်းဟာ အခုလအစောပိုင်းကလည်း သူ့ရဲ့ယောက္ခမဖြစ်တဲ့
ဗစ်တိုးရီးယားရဲ့မိခင် ဂျက်ကီရဲ့ မွေးနေ့ကိုဂုဏ်ပြုတဲ့ပို့စ်တင်ခဲ့သေးပြီး
နောက်ရက်အနည်းငယ်အကြာမှာလည်း သူ့သားကြီး ဘရွတ်ကလင်းရဲ့လက်ထပ်ပွဲအတွက်
သူ့အဖေ၊ယောက္ခထီး တို့နဲ့တွဲပြီးရိုက်ထားတဲ့ပုံကို တင်ခဲ့သေးကြောင်းလည်းသိရပါတယ်။
zawgyi
အေမမ်ားေန႔အတြက္ ဖာဂူဆန္နဲ႔သူ႔မိခင္အပါအဝင္ အံ့အားသင့္စရာပုံေတြထုတ္ျပလိုက္တဲ့ ဘက္ခမ္း
ဒီကေန႔မွာက်ေရာက္တဲ့ အေမမ်ားေန႔(Mother’s Day) အတြက္
သူ႔မိခင္ကိုဂုဏ္ျပဳရင္းနဲ႔ ဘက္ခမ္းထုတ္ျပလိုက္တဲ့ပုံေတြထဲမွာ
သူ႔အေမ ဆန္ဒရာ၊ သူနဲ႔ ဆာအဲလက္စ္ဖာဂူဆန္ တို႔အတူ
တြဲ႐ိုက္ထားတဲ့ဓာတ္ပုံလည္းပါဝင္ခဲ့ပါတယ္။
ဘက္ခမ္းဟာဒီကေန႔မနက္(တနဂၤေႏြ) မွာသူ႔ရဲ႕အင္စတာဂရမ္ကေန
မိခင္ ဆန္ဒရာေဂ်ာ္ဂ်ီနာဝက္စ္ ကိုဂုဏ္ျပဳၿပီးပုံေတြကိုထုတ္ျပလိုက္တာျဖစ္ပါတယ္။
ဒီပုံေတြထဲမွာၿပီးခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကာ အံ့အားသင့္စရာေကာင္းသလို
လြမ္းေမာဖြယ္ရာလည္းျဖစ္တဲ့ပုံေတြပါဝင္ခဲ့တာပါ။
ဒီအထဲကပုံတစ္ခုမွာ မန္ယူရဲ႕ဂႏၴဝင္နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္ ကိုအလယ္မွာထားကာ
မန္ယူရဲ႕မ်က္ႏွာသစ္ေလး ဘက္ခမ္းနဲ႔ သူ႔မိခင္တို႔ကတစ္ဖက္တစ္ခ်က္စီမွာထိုင္ကာ
အိုးလ္ထရက္ဖို႔ဒ္ကြင္းက အသင္းခုံတန္းေပၚမွာ႐ိုက္ထားတဲ့ ပုံလည္းပါဝင္ခဲ့တာပါ။
ဒီပုံထဲမွာ ဘက္ခမ္းဟာ ဂ်က္ကက္တစ္ထည္ဝတ္ဆင္ထားၿပီး
သူတို႔ေရွ႕မွာ ပရီးမီးယားလိဂ္ဆုဖလားနဲ႔ ကြန္ျမဴနတီဒိုင္း တို႔ကိုလည္း
ခ်ထားတာေတြ႕ရပါတယ္။ ဘက္ခမ္းနဲ႔ ဖာဂူဆန္တို႔ဟာ၂၀၀၀ ျပည့္ႏွစ္အစပိုင္းမွာ
သေဘာထားကြဲလြဲမႈေတြစတင္ခဲ့ၿပီးေနာက္ ၂၀၀၃ မွ
ာ ရီးရဲလ္မက္ဒရစ္ကိုဘက္ခမ္းေျပာင္းသြားခဲ့ပါတယ္။
ဒါေပမယ့္အခုခ်ိန္မွာေတာ့ သူတို႔ႏွစ္ဦးဟာျဖစ္ပ်က္ခဲ့တာေတြကိုေမ့ပစ္ၿပီး
ေကာင္းမြန္တဲ့ဆက္ဆံေရးကိုျပန္လည္ထူေထာင္ထားႏိုင္ၾကၿပီျဖစ္ပါတယ္။
ေနာက္ထပ္ပုံေတြထဲမွာ ၉၀ ျပည့္လြန္ႏွစ္ေတြက
ဘက္ခမ္းဆြတ္ခူးခဲ့တဲ့ဆုဖလားေတြထဲမွာပါဝင္တဲ့ ပရီးမီးယားလိဂ္နဲ႔
အက္ဖ္ေအဖလား တို႔နဲ႔အတူ သူတို႔သားအမိ႐ိုက္ထားတာလည္းပါဝင္ပါတယ္။
ဒါ့အျပင္ ဆယ္ေက်ာ္သက္ဘက္ခမ္းဟာ
မန္ယူအသင္းရဲ႕ေလ့က်င့္ခန္းဝတ္စုံဝတ္ၿပီး ဆန္ဒရာနဲ႔႐ိုက္ထားတဲ့ပုံ၊
သူ႔အစ္မ လင္းနဲ႔ သူ႔အေမဆန္ဒရာအျပင္ ေမြးကာစညီမေလး ဂ်ိဳအန္နီတို႔နဲ႔အတူ
႐ိုက္ထားတဲ့ပုံလည္းပါဝင္ခဲ့ပါေသးတယ္။ ပုံစာမွာဘက္ခမ္းက”
အံ့အားသင့္စရာေကာင္းတဲ့ အေမနဲ႔ နန္နီေရ ေပ်ာ္စရာ အေမမ်ားေန႔ပါ။
အေမ့ကိုကြၽန္ေတာ္တို႔သိပ္ခ်စ္ၾကၿပီး ကြၽန္ေတာ္တို႔အတြက္
အၿမဲတမ္းရွိေနေပးခဲ့တဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္” လို႔ေရးခဲ့ပါတယ္။
ဒီပို႔စ္ကို သူ႔ေမာင္ႏွမေတြ၊ ဇနီးသည္ ဗစ္တိုးရီးယားနဲ႔ သူ႔ကေလးေတြကို tagged တြဲကာ
သူ႔ရဲ႕ ၇၁ သန္းေသာ followers ေတြျမင္ေတြ႕ေစဖို႔လုပ္ခဲ့ပါတယ္။
ဘက္ခမ္းဟာ အခုလအေစာပိုင္းကလည္း သူ႔ရဲ႕ေယာကၡမျဖစ္တဲ့
ဗစ္တိုးရီးယားရဲ႕မိခင္ ဂ်က္ကီရဲ႕ ေမြးေန႔ကိုဂုဏ္ျပဳတဲ့ပို႔စ္တင္ခဲ့ေသးၿပီး
ေနာက္ရက္အနည္းငယ္အၾကာမွာလည္း သူ႔သားႀကီး ဘ႐ြတ္ကလင္းရဲ႕လက္ထပ္ပြဲအတြက္
သူ႔အေဖ၊ေယာကၡထီး တို႔နဲ႔တြဲၿပီး႐ိုက္ထားတဲ့ပုံကို တင္ခဲ့ေသးေၾကာင္းလည္းသိရပါတယ္။