
မန်ချက်စတာ ယူနိုက်တက်အသင်းက ယခုအပတ်မှာ ဝက်ဖို့ဒ်အသင်းနဲ့
ကစားရဖို့ရှိနေပါတယ်။ အိုလေ ဂန်းနား ဆိုးရှားက နည်းပြရာထူး
ဆက်လက်တည်မြဲဖို့ တိုက်ပွဲဝင်နေရပြီး အပြောင်းအလဲတွေ ပြုလုပ်သွားဖွယ်
ရှိနေပါတယ်။ The Telegraph သတင်းဌာနအရ အသင်းမှ ကစားသမားအချို့ဟာ
ပွဲကစားခွင့်နည်းပါးတဲ့အပေါ် မပျော်မရွှင် ဖြစ်နေကြတယ်လို့ သိရပြီး
ယခုအပတ်ပွဲစဉ်က သူတို့ထဲမှ ( ၃ ) ဦးကို အသုံးပြုဖို့ အကောင်းဆုံး
အခွင့်အရေး ဖြစ်ပါတယ်။ သူတို့ ( ၃ ) ဦး စလုံးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ
ပွဲထွက်ကစားခွင့် မရရှိသေးပါဘူး။
( ၁ ) အဲလက် တဲလက်
လုခ်ရှောဟာ မန်စီးတီးနဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အင်္ဂလန်အသင်းရဲ့
ပွဲစဉ် ( ၂ ) ခုကို လွဲချော်ခဲ့ပါတယ်။ ဒါကြောင့် အိုလေ ဂန်းနား ဆိုးရှားကလည်း
သတိထားတဲ့အနေနဲ့ လုခ်ရှောကို အလျင်စလို အသုံးမပြုသင့်ပါဘူး။
အဲလက် တဲလက်ဟာ ဗီလာရီးရဲနဲ့ ပွဲစဉ်နောက်ပိုင်း တစ်ပွဲမျှ ပွဲထွက်ခွင့်
မရရှိသေးတာတွေ့ရပါတယ်။
( ၂ ) ဒွန်နီ ဗန်ဒီဘိ
ဒွန်နီ ဗန်ဒီဘိကို ဒီရာသီ ပရီးမီးယားလိဂ်မှာ စတင် ပွဲထွက်ကစားစေဖို့
အခွင့်အရေး. တစ်ခုဖြစ်ပါတယ်။ စကော့ မက်တွမ်မီနေးက ဖျားနာမှုကြောင့်
စကော့တလန်လက်ရွေးစင်အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့ပြီး သူ့ကိုလည်း
လုခ်ရှောလိုပဲ အလျင်စလို အသုံးမပြုသင့်ပါဘူး။
ဖရက်က တောင်အမေရိကဇုန် ခြေစစ်ပွဲတွေမှာ ပွဲပန်းလာနိုင်ပြီး မာတစ်နဲ့အတူ
ဗန်ဒီဘိကတော့ အနားယူခွင့်ရရှိထားပါတယ်။
ဗန်ဒီဘိက ယူနိုက်တက်ရဲ့ နောက်ဆုံးပွဲစဉ် (၂ ) ခုမှာ လူစားဝင် ကစားခွင့်ရခဲ့ပြီး
ဆိုးရှားအနေနဲ့ နယ်သာလန်ကွင်းလယ်လူကို အမှန်တကယ်အခွင့်အရေးတွေ
ပေးသင့်နေပါပြီ။
( ၃ ) ဂျေစီ လင်ဂတ်
ဒါကတော့ ပြတ်ပြတ်သားသားြပောဖို့ အနည်းငယ်ခက်ပါတယ်။တဲလက် နှင့်
ဗန်ဒီဘိက အသင်းဖော်တွေရဲ့ ဒဏ်ရာပြဿနာကြောင့် ပွဲထွက်ကစားခွင့်ရဖို့
ပိုမိုသေချာနေပါတယ်။ ဘရူနို ဖာနန်ဒက်စ်အနေနဲ့ ပေါ်တူဂီအသင်းက
ကမ္ဘာ့ဖလား တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းမရှိတဲ့အတွက် အနည်းငယ်
စိတ်ပင်ပန်းမှုတွေ ရှိနိုင်ပြီး ယူနိုက်တက်က ကစားသမားကို ခဏတာ
အနားပေးဖို့ စဉ်းစားလာနိုင်ပါတယ်။ ဂျေစီ လင်ဂတ်ကတော့ လန်းဆန်းမှုအပြည့်နဲ့
ကွင်းအတွင်းမှာ ယူနိုက်တက်အတွက် အစွမ်းကုန်ပေးဆပ်သွားဖို့ အသင့်ရှိနေပါတယ်။
zawgyi
အေမ့ေလ်ာ့ခံ ကစားသမား ( ၃ ) ဦး ဝက္ဖို႔ဒ္နဲ႔ပြဲစဥ္မွာ ပထမဆုံးအႀကိမ္ ပြဲထြက္ခြင့္ေပးရမည္
မန္ခ်က္စတာ ယူႏိုက္တက္အသင္းက ယခုအပတ္မွာ ဝက္ဖို႔ဒ္အသင္းနဲ႔
ကစားရဖို႔ရွိေနပါတယ္။ အိုေလ ဂန္းနား ဆိုးရွားက နည္းျပရာထူး
ဆက္လက္တည္ၿမဲဖို႔ တိုက္ပြဲဝင္ေနရၿပီး အေျပာင္းအလဲေတြ ျပဳလုပ္သြားဖြယ္
ရွိေနပါတယ္။ The Telegraph သတင္းဌာနအရ အသင္းမွ ကစားသမားအခ်ိဳ႕ဟာ
ပြဲကစားခြင့္နည္းပါးတဲ့အေပၚ မေပ်ာ္မ႐ႊင္ ျဖစ္ေနၾကတယ္လို႔ သိရၿပီး
ယခုအပတ္ပြဲစဥ္က သူတို႔ထဲမွ ( ၃ ) ဦးကို အသုံးျပဳဖို႔ အေကာင္းဆုံး
အခြင့္အေရး ျဖစ္ပါတယ္။ သူတို႔ ( ၃ ) ဦး စလုံးဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ
ပြဲထြက္ကစားခြင့္ မရရွိေသးပါဘူး။
( ၁ ) အဲလက္ တဲလက္
လုခ္ေရွာဟာ မန္စီးတီးနဲ႔ပြဲစဥ္မွာ ရရွိခဲ့တဲ့ ဒဏ္ရာေၾကာင့္ အဂၤလန္အသင္းရဲ႕
ပြဲစဥ္ ( ၂ ) ခုကို လြဲေခ်ာ္ခဲ့ပါတယ္။ ဒါေၾကာင့္ အိုေလ ဂန္းနား ဆိုးရွားကလည္း
သတိထားတဲ့အေနနဲ႔ လုခ္ေရွာကို အလ်င္စလို အသုံးမျပဳသင့္ပါဘူး။
အဲလက္ တဲလက္ဟာ ဗီလာရီးရဲနဲ႔ ပြဲစဥ္ေနာက္ပိုင္း တစ္ပြဲမွ် ပြဲထြက္ခြင့္
မရရွိေသးတာေတြ႕ရပါတယ္။
( ၂ ) ဒြန္နီ ဗန္ဒီဘိ
ဒြန္နီ ဗန္ဒီဘိကို ဒီရာသီ ပရီးမီးယားလိဂ္မွာ စတင္ ပြဲထြက္ကစားေစဖို႔
အခြင့္အေရး. တစ္ခုျဖစ္ပါတယ္။ စေကာ့ မက္တြမ္မီေနးက ဖ်ားနာမႈေၾကာင့္
စေကာ့တလန္လက္ေ႐ြးစင္အသင္းရဲ႕ ပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့ၿပီး သူ႔ကိုလည္း
လုခ္ေရွာလိုပဲ အလ်င္စလို အသုံးမျပဳသင့္ပါဘူး။
ဖရက္က ေတာင္အေမရိကဇုန္ ေျခစစ္ပြဲေတြမွာ ပြဲပန္းလာႏိုင္ၿပီး မာတစ္နဲ႔အတူ
ဗန္ဒီဘိကေတာ့ အနားယူခြင့္ရရွိထားပါတယ္။
ဗန္ဒီဘိက ယူႏိုက္တက္ရဲ႕ ေနာက္ဆုံးပြဲစဥ္ (၂ ) ခုမွာ လူစားဝင္ ကစားခြင့္ရခဲ့ၿပီး
ဆိုးရွားအေနနဲ႔ နယ္သာလန္ကြင္းလယ္လူကို အမွန္တကယ္အခြင့္အေရးေတြ
ေပးသင့္ေနပါၿပီ။
( ၃ ) ေဂ်စီ လင္ဂတ္
ဒါကေတာ့ ျပတ္ျပတ္သားသားျေပာဖို႔ အနည္းငယ္ခက္ပါတယ္။တဲလက္ ႏွင့္
ဗန္ဒီဘိက အသင္းေဖာ္ေတြရဲ႕ ဒဏ္ရာျပႆနာေၾကာင့္ ပြဲထြက္ကစားခြင့္ရဖို႔
ပိုမိုေသခ်ာေနပါတယ္။ ဘ႐ူႏို ဖာနန္ဒက္စ္အေနနဲ႔ ေပၚတူဂီအသင္းက
ကမာၻ႔ဖလား တိုက္႐ိုက္ေျခစစ္ပြဲေအာင္ျမင္ခဲ့ျခင္းမရွိတဲ့အတြက္ အနည္းငယ္
စိတ္ပင္ပန္းမႈေတြ ရွိႏိုင္ၿပီး ယူႏိုက္တက္က ကစားသမားကို ခဏတာ
အနားေပးဖို႔ စဥ္းစားလာႏိုင္ပါတယ္။ ေဂ်စီ လင္ဂတ္ကေတာ့ လန္းဆန္းမႈအျပည့္နဲ႔
ကြင္းအတြင္းမွာ ယူႏိုက္တက္အတြက္ အစြမ္းကုန္ေပးဆပ္သြားဖို႔ အသင့္ရွိေနပါတယ္။