အမ်ဘာပေကို အရခေါ်ယူပေးရေးအတွက် လီဗာပူးကို ဖိအားပေးမှုတွေ ပြုလုပ်နေတဲ့ ကလော့ပ်
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
လီဗာပူးနည်းပြ ကလော့ပ်ကတော့ နွေရာသီမှာ ပီအက်စ်ဂျီစတား အမ်ဘာပေကို အရခေါ်ယူနိုင်ဖို့ ဖိအားပေးလုပ်ဆောင်နေပါတယ်။
လီဗာပူးဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက အမ်ဘာပေကို ခေါ်ယူဖို့ ချိတ်ဆက်နေတာဖြစ်ပြီး လီဗာပူးရဲ့စပွန်ဆာ Nike ကလည်း ထောက်ပံ့ပေးဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။
ပီအက်စ်ဂျီကတော့ အသက် ၂၂ နှစ်သားကိုရောင်းချလိုခြင်းမရှိပေမယ့် စာချုပ်သက်တမ်းက ၁၈ လပဲကျန်ရှိတော့တာကြောင့်နွေရာသီမှာ ရောင်းချရဖွယ်ရှိနေပါတယ်။
တကယ်လို့ ပီအက်စ်ဂျီအနေနဲ့ စာချုပ်သစ်သာ မချုပ်ဆိုနိုင်ခဲ့ရင် ဘာပေကိုနွေရာသီမှာ မဖြစ်မနေရောင်းချရဖွယ်ရှိနေတာဖြစ်ပါတယ်။
သတင်းဌာနတွေကလည်း ကလော့ပ်ဟာ ဘာပေကိုခေါ်ယူနိုင်ဖို့ တွန်းအားပေးလုပ်ဆောင်နေတယ်လို့ ဖော်ပြနေကြပါတယ်။
သတင်းတွေအရ ဖာဘင်ဟိုကလည်း မိုနာကိုမှာ ဘာပေနဲ့အတူ တွဲကစားဖူးတာကြောင့် လီဗာပူးလာအောင် ဆွဲဆောင်ပေးနိုင်မယ်လို့ ဆိုနေကြပါတယ်။
ဘရာဇီးသားကလည်း တကယ်လို့အသင်းအနေနဲ့ အမ်ဘာပေကို ခေါ်ယူမယ်ဆိုရင် ကူညီပေးသွားမယ်လို့ ဆိုခဲ့ပါတယ်။
စာချုပ်သက်တမ်း ၁၈ လပဲကျန်တော့ပေမယ့် ပီအက်စ်ဂျီဘက်က ဘာပေကို ဈေးပေါပေါနဲ့ရောင်းချလိုခြင်းမရှိတာဖြစ်ပါတယ်။
ပိုချက်တီနိုကလည်း အသင်းအတွက် ၁၄၇ ပွဲမှာ ၁၀၆ ဂိုးအထိ သွင်းယူပေးထားနိုင်တဲ့ အသက် ၂၂ နှစ်သားကို နွေရာသီမှာ ရောင်းချချင်နေပါတယ်။
သတင်းတွေကတော့ ပိုချက်တီနိုဟာ နွေရာသီမှာ အဂူရို နဲ့ မက်ဆီတို့ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ ဖော်ပြနေကြပါတယ်။
ဒါပေမဲ့ အခြားတစ်ဖက်မှာလည်း အမ်ဘာပေကို လီဗာပူးအပြင် ရီးရဲလ်မက်ဒရစ်အသင်းကပါ စိတ်ဝင်စားနေပါတယ်။
လီဗာပူးနည်းပြ ကလော့ပ်ကတော့ တနလာၤနေ့အပြောင်းအရွှေ့မပိတ်ခင် ဗဟိုနောက်ခံလူတစ်ဦးခေါ်ယူဖွယ်ရှိနေတယ်လို့ ဆိုခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi