အမ်ဘာပေရဲ့ ပင်နယ်တီ လွဲချော်မှုကြောင့် ယူရို ပြိုင်ပွဲက ထွက်ခွာသွားခဲ့ရတဲ့ ပြင်သစ်

ပြင်သစ်အသင်းဟာ ဆွစ်ဇာလန်အသင်းနဲ့ ကစားသွားခဲ့တဲ့ ယူရို (၁၆) သင်း ရှုံးထွက် အဆင့် ပွဲစဉ်မှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ကြရပြီး အမ်ဘာပေရဲ့ ပင်နယ်တီ လွဲချော်မှုကြောင့် ယူရို ပြိုင်ပွဲက ထွက်ခွာသွားလိုက်ရပါပြီ။

ပြင်သစ်အသင်းဟာ သာမန် ပွဲကစားချိန်မှာ (၃-၁) ရလဒ်နဲ့ ဦးဆောင်ခဲ့ပေမယ့် ပွဲပြီးခါနီး (၁၀) မိနစ် အလိုမှာပဲ သွင်းဂိုး (၂) ဂိုးကို ပြန်လည် ခွင့်ပြုခဲ့ရလို့ (၃-၃) ရလဒ်နဲ့ သရေကျခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။

ပြင်သစ်အသင်းဟာ ပင်နယ်တီ အဆုံးအဖြတ်မှာ အမ်ဘာပေကသာ ပင်နယ်တီ သွင်းမယ် ဆိုရင် တစ်ဖက် (၅) ဂိုးစီနဲ့ သရေကျမှာ ဖြစ်ပေမယ့် ပင်နယ်တီ မဝင်ခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ်မှာ (၄-၅) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဆွစ်ဇာလန်အသင်းဟာ ပြင်သစ်အသင်းကို အနိုင်ရလို့ ကွာတား ဖိုင်နယ် တက်ရောက်နိုင်ခဲ့ပြီး လွန်ခဲ့တဲ့ (၁၉၅၄) ခုနှစ် နောက်ပိုင်း အဓိက နိုင်ငံ့ ပြိုင်ပွဲတွေမှာ ပထမဆုံး အကြိမ် ကွာတား ဖိုင်နယ်ကို ပြန်တက်ရောက်နိုင်တာပါ။

(၂၀၁၈) ခုနှစ် ရုရှား ကမ္ဘာ့ ဖလား ချန်ပီယံ ပြင်သစ်အသင်းဟာ လက်ရှိ ယူရို (၂၀၂၀) ပြိုင်ပွဲကို ရရှိနိုင်ဖို့အတွက် ရေပန်းစားတဲ့ အသင်း ဖြစ်ပေမယ့် (၁၆) သင်းအဆင့်နဲ့သာ ကျေနပ်ရပြီး ယူရို ပြိုင်ပွဲကနေ လှည့်ပြန်လိုက်ရပါပြီ။

ဆွစ်ဇာလန်အသင်းကတော့ လာမယ့် သောကြာနေ့ညမှာ နောက်ဆုံး (၈) သင်းအဆင့် ကွာတား ဖိုင်နယ် ပွဲစဉ် အဖြစ် (၁၆) သင်းအဆင့်မှာ ခရိုအေးရှားအသင်းကို (၃-၅) နဲ့ အနိုင်ရရှိခဲ့တဲံ စပိန်အသင်းနဲ့ ကစားသွားရပါမယ်။

ပြင်သစ်အသင်းဟာ ဆွစ်ဇာလန်အသင်းနဲ့ ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးကန်သွင်းမှု၊ ဂိုးပေါက်တည့် ကန်သွင်းမှု၊ ဘောလုံး ပေးပို့မှု စသဖြင့် အစစအရာရာ အသာရခဲ့ပေမယ့် ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်သွားခဲ့တာပါ။

ပြင်သစ် တိုက်စစ်မှူး ဘန်ဇီးမာက သွင်းဂိုး (၂) ဂိုး သွင်းယူထားလို့ လက်ရွေးစင် သွင်းဂိုး (၃၁) ဂိုး သွင်းယူထားပြီး ပြင်သစ် သမိုင်းမှာ သူ့ထက် ဂိုး ပိုသွင်းထားတဲ့ ကစားသမား ဆိုလို့ ကစားသမား (၅) ဦးသာ ရှိနေပါတော့တယ်။

Zawgyi

အမ္ဘာေပရဲ႕ ပင္နယ္တီ လြဲေခ်ာ္မႈေၾကာင့္ ယူ႐ို ၿပိဳင္ပြဲက ထြက္ခြာသြားခဲ့ရတဲ့ ျပင္သစ္

ျပင္သစ္အသင္းဟာ ဆြစ္ဇာလန္အသင္းနဲ႔ ကစားသြားခဲ့တဲ့ ယူရုိ (၁၆) သင္း ရႈံးထြက္ အဆင့္ ပဲြစဥ္မွာ ပင္နယ္တီ အဆုံးအျဖတ္ ခံယူခဲ့ၾကရၿပီး အမ္ဘာေပရဲ႕ ပင္နယ္တီ လဲြေခ်ာ္မႈေၾကာင့္ ယူရုိ ၿပိဳင္ပဲြက ထြက္ခြာသြားလုိက္ရပါၿပီ။

ျပင္သစ္အသင္းဟာ သာမန္ ပဲြကစားခ်ိန္မွာ (၃-၁) ရလဒ္နဲ႔ ဦးေဆာင္ခဲ့ေပမယ့္ ပဲြၿပီးခါနီး (၁၀) မိနစ္ အလုိမွာပဲ သြင္းဂုိး (၂) ဂုိးကုိ ျပန္လည္ ခြင့္ျပဳခဲ့ရလုိ႔ (၃-၃) ရလဒ္နဲ႔ သေရက်ခဲ့ၿပီး ပင္နယ္တီ အဆုံးအျဖတ္ ခံယူခဲ့ရပါတယ္။

ျပင္သစ္အသင္းဟာ ပင္နယ္တီ အဆုံးအျဖတ္မွာ အမ္ဘာေပကသာ ပင္နယ္တီ သြင္းမယ္ ဆုိရင္ တစ္ဖက္ (၅) ဂုိးစီနဲ႔ သေရက်မွာ ျဖစ္ေပမယ့္ ပင္နယ္တီ မဝင္ခဲ့လုိ႔ ပင္နယ္တီ အဆုံးအျဖတ္မွာ (၄-၅) ရလဒ္နဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။

ဆြစ္ဇာလန္အသင္းဟာ ျပင္သစ္အသင္းကုိ အႏုိင္ရလုိ႔ ကြာတား ဖုိင္နယ္ တက္ေရာက္ႏုိင္ခဲ့ၿပီး လြန္ခဲ့တဲ့ (၁၉၅၄) ခုႏွစ္ ေနာက္ပုိင္း အဓိက ႏုိင္ငံ့ ၿပိဳင္ပဲြေတြမွာ ပထမဆုံး အႀကိမ္ ကြာတား ဖုိင္နယ္ကို ျပန္တက္ေရာက္ႏုိင္တာပါ။

(၂၀၁၈) ခုႏွစ္ ရုရွား ကမၻာ့ ဖလား ခ်န္ပီယံ ျပင္သစ္အသင္းဟာ လက္ရွိ ယူရုိ (၂၀၂၀) ၿပိဳင္ပဲြကုိ ရရွိႏုိင္ဖုိ႔အတြက္ ေရပန္းစားတဲ့ အသင္း ျဖစ္ေပမယ့္ (၁၆) သင္းအဆင့္နဲ႔သာ ေက်နပ္ရၿပီး ယူရုိ ၿပိဳင္ပဲြကေန လွည့္ျပန္လုိက္ရပါၿပီ။

ဆြစ္ဇာလန္အသင္းကေတာ့ လာမယ့္ ေသာၾကာေန႔ညမွာ ေနာက္ဆုံး (၈) သင္းအဆင့္ ကြာတား ဖုိင္နယ္ ပဲြစဥ္ အျဖစ္ (၁၆) သင္းအဆင့္မွာ ခရုိေအးရွားအသင္းကုိ (၃-၅) နဲ႔ အႏုိင္ရရွိခဲ့တဲံ စပိန္အသင္းနဲ႔ ကစားသြားရပါမယ္။

ျပင္သစ္အသင္းဟာ ဆြစ္ဇာလန္အသင္းနဲ႔ ပဲြစဥ္မွာ ေဘာလုံးပုိင္ဆုိင္မႈ၊ ဂုိးကန္သြင္းမႈ၊ ဂုိးေပါက္တည့္ ကန္သြင္းမႈ၊ ေဘာလုံး ေပးပုိ႔မႈ စသျဖင့္ အစစအရာရာ အသာရခဲ့ေပမယ့္ ပင္နယ္တီ အဆုံးအျဖတ္မွာ အေရးနိမ့္သြားခဲ့တာပါ။

ျပင္သစ္ တုိက္စစ္မွဴး ဘန္ဇီးမာက သြင္းဂုိး (၂) ဂုိး သြင္းယူထားလုိ႔ လက္ေရြးစင္ သြင္းဂုိး (၃၁) ဂုိး သြင္းယူထားၿပီး ျပင္သစ္ သမုိင္းမွာ သူ႔ထက္ ဂုိး ပိုသြင္းထားတဲ့ ကစားသမား ဆုိလုိ႔ ကစားသမား (၅) ဦးသာ ရွိေနပါေတာ့တယ္။