အမ်ဘာပေအနေနဲ့ ရော်နယ်ဒိုကို မှီနိုင်ပေမယ့် မက်ဆီကိုတော့ မမှီနိုင်ဘူးလို့ သတိပေးလိုက်တဲ့ လိုင်နီကာ

အင်္ဂလန် တိုက်စစ်မှူးဟောင်း လိုင်နီကာကတော့ ပြင်သစ် တိုက်စစ်မှူး အမ်ဘာပေအနေနဲ့ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုကို မှီနိုင်ပေမယ့် အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီကိုတော့ မမှီနိုင်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

တိုက်စစ်မှူး အမ်ဘာပေဟာ လီးဂူးဝမ်း ပြိုင်ပွဲမှာ “Golden Boot – ရွှေဖိနပ်ဆု” ကို နောက်ဆုံး (၃) နှစ်ဆက်တိုက် ရရှိထားတာကြောင့် လက်ရှိ ယူရို (၂၀၂၀) ပြိုင်ပွဲမှာတော့ စောင့်ကြည့်ချင်စရာ ထိပ်သီး တိုက်စစ်မှူး တစ်ဦးပါပဲ။

(၂၂) နှစ်အရွယ် ပြင်သစ် နဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေဟာ (၂၀၁၈) ရုရှား ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း သူ့ရဲ့ သွင်းဂိုးတွေနဲ့ ပြင်သစ်အသင်းကို ကမ္ဘာ့ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ ကစားသမားပဲ ဖြစ်ပါတယ်။

နည်းပြ ဒက်စ်ချန်ရဲ့ ပြင်သစ်အသင်းကတော့ ယနေ့ည၊ အင်္ဂါနေ့ည၊ ဗုဒ္စဟူးနေ့ နံနက်၊ (၁း၃၀) အချိန်မှာ ယူရို ပွဲစဉ် အဖြစ် နည်းပြ ဂျိုအာချင်လိုရဲ့ ဂျာမနီအသင်းနဲ့ အုပ်စု (F) ပွဲစဉ်ကို ယှဉ်ပြိုင် ကစားသွားရမှာပဲ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေကတော့ လီးဂူးဝမ်း ပြိုင်ပွဲမှာ သွင်းဂိုးတွေကြောင့် နာမည်ကြီးလာတာနဲ့ အမျှ ဥရောပ အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေပြီး ရီးရဲလ်အသင်းက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

တိုက်စစ်မှူးဟောင်း လိုင်နီကာကတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့မှာ ရီးရဲလ်အသင်းကို ပြောင်းဖို့ ချိတ်ဆက်ခဲ့တဲ့ တိုက်စစ်မှူး အမ်ဘာပေအနေနဲ့ ရော်နယ်ဒိုကို မှီနိုင်ပေမယ့် မက်ဆီကိုတော့ မမှီနိုင်ဘူးလို့ ဆိုပါတယ်။

Goal သတင်းမှာ လိုင်နီကာက “အမ်ဘာပေက ကမ္ဘာကျော် စူပါစတား တစ်ဦးပါ။ သူက ရော်နယ်ဒိုရဲ့ အဆင့်ကို မှီနိုင်ပါတယ်။ ဒါပေမယ့် မက်ဆီကို မမှီနိုင်ပါဘူး။ မက်ဆီက အခြားသူတွေ မလုပ်နိုင်တာကို လုပ်နိုင်တဲ့ သူပါပဲ”

“အမ်ဘာပေက အရည်အချင်း ရှိတယ်၊ ပါးနပ်တယ် ဆိုတာ မေးခွန်းထုတ်စရာ မရှိပါဘူး။ ဒါပေမယ့် ရော်နယ်ဒို နဲ့ မက်ဆီတို့လို သူ့ရဲ့ ကစားသမားဘဝကို (၁၇) နှစ်၊ (၁၉) နှစ် ထိန်းထားနိုင်မလား ဆိုတာကပဲ အဓိက ပို ကျနေပါတယ်”

“ကစားသမားဘဝကို ကာလရှည် ထိန်းနိုင်တာ အတော် အံ့အားသင့်စရာပါပဲ။ ဒီလို ထိန်းထားနိုင်ဖို့ကလည်း တစ်ခုခု ထူးချွန်နေရပါမယ်။ သူက အရည်အချင်း ရှိပါတယ်၊ ပါးနပ်တယ်။ ဒီလို အရည်အချင်းတွေ ရှိနေလို့ပဲ ရီးရဲလ်အသင်းကို ပြောင်းဖို့ ကောလဟာလသတင်းတွေလည်း ထွက်လာနိုင်တာပါပဲ”လို့ ပြောသွားခဲ့ပါတယ်။

Zawgyi

အမ္ဘာေပအေနနဲ႔ ေရာ္နယ္ဒိုကို မွီႏိုင္ေပမယ့္ မက္ဆီကိုေတာ့ မမွီႏိုင္ဘူးလို႔ သတိေပးလိုက္တဲ့ လိုင္နီကာ

အဂၤလန္ တုိက္စစ္မွဴးေဟာင္း လုိင္နီကာကေတာ့ ျပင္သစ္ တုိက္စစ္မွဴး အမ္ဘာေပအေနနဲ႔ ေပၚတူဂီ တုိက္စစ္မွဴး ေရာ္နယ္ဒုိကုိ မွီႏုိင္ေပမယ့္ အာဂ်င္တီးနား တုိက္စစ္မွဴး မက္ဆီကုိေတာ့ မမွီႏုိင္ဘူးလုိ႔ ေျပာၾကားသြားခဲ့ပါတယ္။

တုိက္စစ္မွဴး အမ္ဘာေပဟာ လီးဂူးဝမ္း ၿပိဳင္ပဲြမွာ “Golden Boot – ေရႊဖိနပ္ဆု” ကုိ ေနာက္ဆုံး (၃) ႏွစ္ဆက္တုိက္ ရရွိထားတာေၾကာင့္ လက္ရွိ ယူရုိ (၂၀၂၀) ၿပိဳင္ပဲြမွာေတာ့ ေစာင့္ၾကည့္ခ်င္စရာ ထိပ္သီး တုိက္စစ္မွဴး တစ္ဦးပါပဲ။

(၂၂) ႏွစ္အရြယ္ ျပင္သစ္ နဲ႔ ပီအက္စ္ဂ်ီ တုိက္စစ္မွဴး အမ္ဘာေပဟာ (၂၀၁၈) ရုရွား ကမၻာ့ဖလား ၿပိဳင္ပဲြမွာလည္း သူ႔ရဲ႕ သြင္းဂုိးေတြနဲ႔ ျပင္သစ္အသင္းကုိ ကမၻာ့ဖလား ရရွိေအာင္ ကူညီေပးႏုိင္ခဲ့တဲ့ ကစားသမားပဲ ျဖစ္ပါတယ္။

နည္းျပ ဒက္စ္ခ်န္ရဲ႕ ျပင္သစ္အသင္းကေတာ့ ယေန႔ည၊ အဂၤါေန႔ည၊ ဗုဒၥဟူးေန႔ နံနက္၊ (၁း၃၀) အခ်ိန္မွာ ယူရုိ ပဲြစဥ္ အျဖစ္ နည္းျပ ဂ်ဳိအာခ်င္လုိရဲ႕ ဂ်ာမနီအသင္းနဲ႔ အုပ္စု (F) ပဲြစဥ္ကုိ ယွဥ္ၿပိဳင္ ကစားသြားရမွာပဲ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီ တုိက္စစ္မွဴး အမ္ဘာေပကေတာ့ လီးဂူးဝမ္း ၿပိဳင္ပဲြမွာ သြင္းဂုိးေတြေၾကာင့္ နာမည္ႀကီးလာတာနဲ႔ အမွ် ဥေရာပ အသင္းႀကီးေတြရဲ႕ စိတ္ဝင္စားမႈကုိ ရရွိေနၿပီး ရီးရဲလ္အသင္းက သူ႔ကုိ ေခၚယူဖုိ႔ စိတ္ဝင္စားေနပါတယ္။

တုိက္စစ္မွဴးေဟာင္း လုိင္နီကာကေတာ့ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေရြ႕မွာ ရီးရဲလ္အသင္းကုိ ေျပာင္းဖုိ႔ ခ်ိတ္ဆက္ခဲ့တဲ့ တုိက္စစ္မွဴး အမ္ဘာေပအေနနဲ႔ ေရာ္နယ္ဒုိကုိ မွီႏုိင္ေပမယ့္ မက္ဆီကုိေတာ့ မမွီႏုိင္ဘူးလုိ႔ ဆုိပါတယ္။

Goal သတင္းမွာ လုိင္နီကာက “အမ္ဘာေပက ကမၻာေက်ာ္ စူပါစတား တစ္ဦးပါ။ သူက ေရာ္နယ္ဒုိရဲ႕ အဆင့္ကုိ မွီႏုိင္ပါတယ္။ ဒါေပမယ့္ မက္ဆီကုိ မမွီႏုိင္ပါဘူး။ မက္ဆီက အျခားသူေတြ မလုပ္ႏုိင္တာကုိ လုပ္ႏုိင္တဲ့ သူပါပဲ”

“အမ္ဘာေပက အရည္အခ်င္း ရွိတယ္၊ ပါးနပ္တယ္ ဆုိတာ ေမးခြန္းထုတ္စရာ မရွိပါဘူး။ ဒါေပမယ့္ ေရာ္နယ္ဒုိ နဲ႔ မက္ဆီတုိ႔လုိ သူ႔ရဲ႕ ကစားသမားဘဝကုိ (၁၇) ႏွစ္၊ (၁၉) ႏွစ္ ထိန္းထားႏုိင္မလား ဆုိတာကပဲ အဓိက ပုိ က်ေနပါတယ္”

“ကစားသမားဘဝကုိ ကာလရွည္ ထိန္းႏုိင္တာ အေတာ္ အံ့အားသင့္စရာပါပဲ။ ဒီလုိ ထိန္းထားႏုိင္ဖုိ႔ကလည္း တစ္ခုခု ထူးခြ်န္ေနရပါမယ္။ သူက အရည္အခ်င္း ရွိပါတယ္၊ ပါးနပ္တယ္။ ဒီလုိ အရည္အခ်င္းေတြ ရွိေနလုိ႔ပဲ ရီးရဲလ္အသင္းကုိ ေျပာင္းဖုိ႔ ေကာလဟာလသတင္းေတြလည္း ထြက္လာႏုိင္တာပါပဲ”လုိ႔ ေျပာသြားခဲ့ပါတယ္။