အများကြီးစိတ်သက်သာရာ ရခဲ့ပြီး အလှည့်အပြောင်းဖြစ်နိုင်တယ်လို့ အာတီတာဝန်ခံ

MCash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းနည်းပြ အာတီတာက ချဲလ်ဆီးကို ၃-၁ နဲ့နိုင်ခဲ့တဲ့အတွက် သူအများကြီးစိတ်သက်သာရာရခဲ့ပြီး ဒီနိုင်ပွဲကြောင့် အခုရာသီအတွက်အလှည့်အပြောင်း ဖြစ်စေမယ်လို့မျှော်လင့်ကြောင်း ပြောလိုက်ပါတယ်။

အာဆင်နယ်ဟာ နိုဝင်ဘာလဆန်းပိုင်းက အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ မန်ယူကို အူဘာမီယန်ရဲ့ပင်နယ်တီဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာနိုင်ပွဲမရှိတော့ပါဘူး။ ဒါကြောင့်အခုလိုနိုင်ပွဲပြန်ရဖို့အတွက် အာဆင်နယ်စောင့်ခဲ့ရတဲ့ ရက်ပေါင်းက ၅၆ ရက်ရှိခဲ့ပါတယ်။ နိုင်မယ့်နိုင်တော့လည်း ချဲလ်ဆီးလိုအသင်းကိုအနိုင်ရခဲ့တာဖြစ်လို့ သူတို့အတွက် အလှည့်အပြောင်းဖြစ်စေဖို့ အာတီတာက ယုံကြည်နေတာပါ။

အာဆင်နယ်အတွက် ဂိုးတွေကို လာကာဇက်တီ၊ ဇာခါနဲ့ ဆာကာ တို့ကသွင်းယူပေးခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် အာဆင်နယ်ဟာ စိတ်ဓါတ်ပိုင်းလည်း အများကြီးတိုးတက်လာဖို့ရှိနေပါတယ်။ အာတီတာက” နိုင်ပွဲမရတာ ၇ ပွဲဆက်တိုက်ရှိနေလို့ ဒီနိုင်ပွဲက ကျွန်တော့်ကိုအများကြီး စိတ်သက်သာရာ ရစေခဲ့ပါတယ်။ အသင်းရဲ့စွမ်းဆောင်ရည်အတွက်လည်း ဂုဏ်ယူမိပါတယ်။

ရလဒ်တွေနဲ့ပတ်သက်ပြီး စိတ်ပျက်နေရတဲ့ ပရိသတ်တွေကို အခုလိုရလဒ်ပြန်ယူပေးနိုင်လို့ ပျော်မိပါတယ်။ ကစားသမားတွေရော ပရိသတ်တွေပါ စိတ်ပျက်ခံစားခဲ့ကြရတာပါ။ Boxing Day ရဲ့လန်ဒန်ဒါဘီမှာအနိုင်ရမှုဟာ သိပ်ကိုထူးခြားပါတယ်။

ဒီနိုင်ပွဲကြောင့် ကျွန်တော်တို့အတွက် အပြောင်းအလဲဖြစ်စေပြီး ယုံကြည်မှုရေချိန်မြင့်တက်လာမယ်လို့လည်း ယုံကြည်ပါတယ်။ ဒီကနေ့ပွဲက စွမ်းဆောင်ရည်ဟာ ကစားသမားတွေတကယ် ခြေစွမ်းရှိလို့သာ ပေါ်ထွက်လာခဲ့တာပါ။ သူတို့တွေ ဒီလိုမျိုးကစားနိုင်တယ်ဆိုတာကိုလည်း ပြသလိုက်တာပါဘဲ။ ချဲလ်ဆီးဟာအသင်းကောင်းဖြစ်တယ်ဆိုတာ သိခဲ့ပေမယ့် ဒီပွဲမှာတော့ ကျွန်တော်တို့က ပိုကောင်းတဲ့အသင်းဖြစ်ခဲ့တာပါ” လို့ပြောသွားပါတယ်။

အာဆင်နယ်ဟာ ဒီပွဲကိုနိုင်ခဲ့ပေမယ့် ပါတေး၊ ဂါဘရီယယ်၊ ဒေးဗစ်လုဇ်နဲ့ ဝီလျံတို့ မပါနိုင်ခဲ့တာကြောင့် လူငယ်တွေကို အားထားယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ စပိန်နောက်ခံလူ ပါဘလိုမာရီ ဆိုရင်ပရီးမီးယားလိဂ်မှာ ပထမဆုံးပွဲထွက်ကစားရမှုဖြစ်ခဲ့တာပါ။

MCash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အမ်ားႀကီးစိတ္သက္သာရာ ရခဲ့ၿပီး အလွည့္အေျပာင္းျဖစ္ႏိုင္တယ္လို႔ အာတီတာဝန္ခံ

အာဆင္နယ္အသင္းနည္းျပ အာတီတာက ခ်ဲလ္ဆီးကို ၃-၁ နဲ႔ႏိုင္ခဲ့တဲ့အတြက္ သူအမ်ားႀကီးစိတ္သက္သာရာရခဲ့ၿပီး ဒီႏိုင္ပြဲေၾကာင့္ အခုရာသီအတြက္အလွည့္အေျပာင္း ျဖစ္ေစမယ္လို႔ေမွ်ာ္လင့္ေၾကာင္း ေျပာလိုက္ပါတယ္။ အာဆင္နယ္ဟာ ႏိုဝင္ဘာလဆန္းပိုင္းက အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ မန္ယူကို အူဘာမီယန္ရဲ႕ပင္နယ္တီဂိုးနဲ႔ အႏိုင္ရခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္မွာႏိုင္ပြဲမရွိေတာ့ပါဘူး။ ဒါေၾကာင့္အခုလိုႏိုင္ပြဲျပန္ရဖို႔အတြက္ အာဆင္နယ္ေစာင့္ခဲ့ရတဲ့ ရက္ေပါင္းက ၅၆ ရက္ရွိခဲ့ပါတယ္။ ႏိုင္မယ့္ႏိုင္ေတာ့လည္း ခ်ဲလ္ဆီးလိုအသင္းကိုအႏိုင္ရခဲ့တာျဖစ္လို႔ သူတို႔အတြက္ အလွည့္အေျပာင္းျဖစ္ေစဖို႔ အာတီတာက ယုံၾကည္ေနတာပါ။

အာဆင္နယ္အတြက္ ဂိုးေတြကို လာကာဇက္တီ၊ ဇာခါနဲ႔ ဆာကာ တို႔ကသြင္းယူေပးခဲ့တာပါ။ ဒီႏိုင္ပြဲေၾကာင့္ အာဆင္နယ္ဟာ စိတ္ဓါတ္ပိုင္းလည္း အမ်ားႀကီးတိုးတက္လာဖို႔ရွိေနပါတယ္။ အာတီတာက” ႏိုင္ပြဲမရတာ ၇ ပြဲဆက္တိုက္ရွိေနလို႔ ဒီႏိုင္ပြဲက ကြၽန္ေတာ့္ကိုအမ်ားႀကီး စိတ္သက္သာရာ ရေစခဲ့ပါတယ္။ အသင္းရဲ႕စြမ္းေဆာင္ရည္အတြက္လည္း ဂုဏ္ယူမိပါတယ္။ ရလဒ္ေတြနဲ႔ပတ္သက္ၿပီး စိတ္ပ်က္ေနရတဲ့ ပရိသတ္ေတြကို အခုလိုရလဒ္ျပန္ယူေပးႏိုင္လို႔ ေပ်ာ္မိပါတယ္။ ကစားသမားေတြေရာ ပရိသတ္ေတြပါ စိတ္ပ်က္ခံစားခဲ့ၾကရတာပါ။ Boxing Day ရဲ႕လန္ဒန္ဒါဘီမွာအႏိုင္ရမႈဟာ သိပ္ကိုထူးျခားပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ ကြၽန္ေတာ္တို႔အတြက္ အေျပာင္းအလဲျဖစ္ေစၿပီး ယုံၾကည္မႈေရခ်ိန္ျမင့္တက္လာမယ္လို႔လည္း ယုံၾကည္ပါတယ္။ ဒီကေန႔ပြဲက စြမ္းေဆာင္ရည္ဟာ ကစားသမားေတြတကယ္ ေျခစြမ္းရွိလို႔သာ ေပၚထြက္လာခဲ့တာပါ။ သူတို႔ေတြ ဒီလိုမ်ိဳးကစားႏိုင္တယ္ဆိုတာကိုလည္း ျပသလိုက္တာပါဘဲ။ ခ်ဲလ္ဆီးဟာအသင္းေကာင္းျဖစ္တယ္ဆိုတာ သိခဲ့ေပမယ့္ ဒီပြဲမွာေတာ့ ကြၽန္ေတာ္တို႔က ပိုေကာင္းတဲ့အသင္းျဖစ္ခဲ့တာပါ” လို႔ေျပာသြားပါတယ္။ အာဆင္နယ္ဟာ ဒီပြဲကိုႏိုင္ခဲ့ေပမယ့္ ပါေတး၊ ဂါဘရီယယ္၊ ေဒးဗစ္လုဇ္နဲ႔ ဝီလ်ံတို႔ မပါႏိုင္ခဲ့တာေၾကာင့္ လူငယ္ေတြကို အားထားယွဥ္ၿပိဳင္ခဲ့ရတာျဖစ္ပါတယ္။ စပိန္ေနာက္ခံလူ ပါဘလိုမာရီ ဆိုရင္ပရီးမီးယားလိဂ္မွာ ပထမဆုံးပြဲထြက္ကစားရမႈျဖစ္ခဲ့တာပါ။