အမြဲစိမ်းဂျိုအာကွင်းနဲ့ မှတ်တမ်းထဲရောက်သွားတဲ့ စံချိန်များ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘက်တစ်အသင်းရဲ့ပြယုဂ်အဖြစ် ထာဝရရှင်သန်နေဆဲဖြစ်တဲ့ ဂျိုအာကွင်းဟာ ဒီနှစ်ထဲမှာ ကိုယ်အားရှိသလောက်ပါဝင်ကစားခွင့်ရဖို့ ရုန်းကန်နေရပြီး ဆီဗီးလ်ဒါဘီပွဲမတိုင်ခင် နာရီပိုင်းအလိုမှာ ကိုဗစ်ပိုးကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိလို့ ၂ပတ်ကြာ ကွာရန်တင်းဝင်ခဲ့ရပါတယ်။


ဒါပေမဲ့ စနေညမှာတော့ တောင်ပံကစားသမား ဂျိုအာကွင်းဟာ နှစ်သစ်အတွင်း သူ့အတွက်ပထမဆုံးပွဲအဖြစ် ဆိုစီဒက်နဲ့ပွဲမှာ ပါဝင်ကစားခဲ့ပြီး သူဘာလုပ်နိုင်လဲဆိုတာ လက်တွေ့သက်သေပြသွားပါတယ်။


သူဟာ ဆိုစီဒက်နဲ့အဝေးကွင်းပွဲမှာ ပွဲပြီးဖို့ ၁၅ မိနစ်အလိုမှာ လူစားဝင်ကစားခဲ့ပြီး အဲဒီအချိန်မှာ အသင်းက ၂-၀ ဂိုးနဲ့ အရေးနိမ့်နေခဲ့ပေမယ့် ကာနာနက်စ်၊ တယ်လိုတို့နဲ့ပူးပေါင်းကာ ၂-၂ ဂိုးသရေကစားနိုင်ဖို့ ကူညီနိုင်ခဲ့ပါတယ်။


ဂျိုအာကွင်းဟာ ကာနာလက်စ် ခေါင်းတိုက်သွင်းယူနိုင်ဖို့ ညာတောင်ပံကနေ သူ့ပုံစံအတိုင်း တိကျတဲ့ဖြတ်တင်ဘောပေးပို့နိုင်ခဲ့သလို ပွဲပြီးခါနီးမှာ ယခုရာသီအတွင်း သူ့ရဲ့ပထမဆုံးဂိုးအဖြစ် ဘက်တစ်အတွက် ဒုတိယမြောက်ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အခုဆိုရင် ဂျိုအာကွင်းဟာ နောက်ဆုံး ၂၁ ရာသီဆက် ဂိုးသွင်းနိုင်တဲ့မှတ်တမ်းတင်နိုင်ခဲ့ပြီး အသက် ၃၉ နှစ်၊ ၁၈၆ ရက်နဲ့ လာလီဂါသမိုင်းတစ်လျှောက် စတုတ္ထမြောက်အသက်အကြီးဆုံးဂိုးသွင်းသူဖြစ်လာပါတယ်။


ဒါ့ပြင် ဂျိုအာကွင်းဟာ လာလီဂါသမိုင်းတစ်လျှောက် ပထမဂိုးသွင်းယူချိန်နဲ့ နောက်ဆုံးဂိုးသွင်းယူချိန် အကြာဆုံးကစားသမားအဖြစ် ၁၉နှစ်၊ ၁၃၆ ရက်နဲ့ စံချိန်တင်ထားပြီး အဲဒီစံချိန်ကို ထပ်မံသက်တမ်းတိုးနိုင်ဖို့လည်း အခွင့်အရေးရှိနေပါတယ်။


နောက်ပြီးတော့ ဂျိုအာကွင်းဟာ စပိန်အဆင့်မြင့်တန်းပြိုင်ပွဲ ၂ခု(လာလီဂါနဲ့ ဆီဂန်ဒါ)မှာ ကွဲပြားခြားနားတဲ့ ဆယ်စုနှစ် ၄ခုအတွင်း အနည်းဆုံး ၁ဂိုးသွင်းယူနိုင်တဲ့ တစ်ဦးတည်းသောကစားသမားအဖြစ်လည်း စံချိန်တင်လိုက်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
အၿမဲစိမ္းဂ်ိဳအာကြင္းနဲ႔ မွတ္တမ္းထဲေရာက္သြားတဲ့ စံခ်ိန္မ်ား
ဘက္တစ္အသင္းရဲ႕ျပယုဂ္အျဖစ္ ထာ၀ရရွင္သန္ေနဆဲျဖစ္တဲ့ ဂ်ိဳအာကြင္းဟာ ဒီႏွစ္ထဲမွာ ကိုယ္အားရွိသေလာက္ပါ၀င္ကစားခြင့္ရဖို႔ ႐ုန္းကန္ေနရၿပီး ဆီဗီးလ္ဒါဘီပြဲမတုိင္ခင္ နာရီပိုင္းအလုိမွာ ကိုဗစ္ပိုးကူးစက္ခံထားရတယ္လုိ႔ စစ္ေဆးေတြ႕ရွိလုိ႔ ၂ပတ္ၾကာ ကြာရန္တင္း၀င္ခဲ့ရပါတယ္။

ဒါေပမ့ဲ စေနညမွာေတာ့ ေတာင္ပံကစားသမား ဂ်ိဳအာကြင္းဟာ ႏွစ္သစ္အတြင္း သူ႕အတြက္ပထမဆုံးပြဲအျဖစ္ ဆုိစီဒက္နဲ႔ပြဲမွာ ပါ၀င္ကစားခဲ့ၿပီး သူဘာလုပ္ႏိုင္လဲဆုိတာ လက္ေတြ႕သက္ေသျပသြားပါတယ္။
သူဟာ ဆုိစီဒက္နဲ႔အေ၀းကြင္းပြဲမွာ ပြဲၿပီးဖို႔ ၁၅ မိနစ္အလုိမွာ လူစား၀င္ကစားခဲ့ၿပီး အဲဒီအခ်ိန္မွာ အသင္းက ၂-၀ ဂိုးနဲ႔ အေရးနိမ့္ေနခဲ့ေပမယ့္ ကာနာနက္စ္၊ တယ္လုိတို႔နဲ႔ပူးေပါင္းကာ ၂-၂ ဂိုးသေရကစားႏိုင္ဖို႔ ကူညီႏိုင္ခဲ့ပါတယ္။
ဂ်ိဳအာကြင္းဟာ ကာနာလက္စ္ ေခါင္းတုိက္သြင္းယူႏုိင္ဖုိ႔ ညာေတာင္ပံကေန သူ႕ပုံစံအတုိင္း တိက်တဲ့ျဖတ္တင္ေဘာေပးပုိ႔ႏိုင္ခဲ့သလုိ ပြဲၿပီးခါနီးမွာ ယခုရာသီအတြင္း သူ႕ရဲ႕ပထမဆုံးဂိုးအျဖစ္ ဘက္တစ္အတြက္ ဒုတိယေျမာက္ေခ်ပဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။
အခုဆုိရင္ ဂ်ိဳအာကြင္းဟာ ေနာက္ဆုံး ၂၁ ရာသီဆက္ ဂိုးသြင္းႏုိင္တဲ့မွတ္တမ္းတင္ႏိုင္ခဲ့ၿပီး အသက္ ၃၉ ႏွစ္၊ ၁၈၆ ရက္နဲ႔ လာလီဂါသမုိင္းတစ္ေလွ်ာက္ စတုတၳေျမာက္အသက္အႀကီးဆုံးဂုိးသြင္းသူျဖစ္လာပါတယ္။
ဒါ့ျပင္ ဂ်ိဳအာကြင္းဟာ လာလီဂါသမုိင္းတစ္ေလွ်ာက္ ပထမဂိုးသြင္းယူခ်ိန္နဲ႔ ေနာက္ဆုံးဂိုးသြင္းယူခ်ိန္ အၾကာဆုံးကစားသမားအျဖစ္ ၁၉ႏွစ္၊ ၁၃၆ ရက္နဲ႔ စံခ်ိန္တင္ထားၿပီး အဲဒီစံခ်ိန္ကို ထပ္မံသက္တမ္းတုိးႏုိင္ဖုိ႔လည္း အခြင့္အေရးရွိေနပါတယ္။

ေနာက္ၿပီးေတာ့ ဂ်ိဳအာကြင္းဟာ စပိန္အဆင့္ျမင့္တန္းၿပိဳင္ပြဲ ၂ခု(လာလီဂါနဲ႔ ဆီဂန္ဒါ)မွာ ကြဲျပားျခားနားတဲ့ ဆယ္စုႏွစ္ ၄ခုအတြင္း အနည္းဆုံး ၁ဂိုးသြင္းယူႏုိင္တဲ့ တစ္ဦးတည္းေသာကစားသမားအျဖစ္လည္း စံခ်ိန္တင္လုိက္ပါတယ္။