အမှတ်မရှိသေးတဲ့ ဘက်ဖရက်ရဲ့အကြီးအကဲ ဖရက်ဒန်း

ဘက်ကဖရက်ဟာရာသီဝက်ကာလအချိန်မှာပဲပရီးမီးယားလိဂ်ဖလားကို

မန်စီးတီးရရှိမယ်လို့လောင်းကြေးထပ်ထားသူများအားလျော်ပေးလာပြီဖြစ်ပါတယ်။

ဂွါဒီယိုလာဦးဆောင်တဲ့မန်စီးတီးဟာပရီးမီးယားလိဂ်တွင်

ကိုးပွဲဆက်တိုက်အနိုင်ရရှိထားပြီးမနေ့ညတုန်းကဘရန့်ဖို့ဒ်ကို

အဝေးကွင်းမှာ၁-ဝဂိုးဖြင့်အနိုင်ရရှိပြီးနောက်လီဗာပူးကို

ရမှတ်၉မှတ်အထိဖြတ်ထားနိုင်ပြီဖြစ်ပါတယ်။

ကြားရက်ပွဲစဉ်များတွင်လီဗာပူးကလက်စတာကို၁-ဝဖြင့်ရှုံးနိမ့်ပြီး

ချဲလ်ဆီးကဘရိုက်တန်နှင့်တစ်ဂိုးစီသရေကျမှုနဲ့မန်စီးတီးဟာ

ရမှတ်များစွာဖြတ်လာနိုင်တာဘဲဖြစ်ပါတယ်။ ဘက်ဖရက်ရဲ့အကြီးအကဲ

ဖရက်ဒန်းကပရီးမီးယားလိဂ်ဖလားပြိုင်ပွဲအတွက်ယှဉ်ပြိုင်မှုအဆုံးသတ်သွားပြီဖြစ်ပြီး

မန်စီးတီးကို ချန်ပီယံဖြစ်မယ်လို့လောင်းထားသူများအား

လျော်ပေးနေပြီဖြစ်ကြောင်းကြေညာလာပါတယ်။

မန်စီးတီးဟာစနေနေ့အစောပိုင်းတွင်အာဆင်နယ်ကိုအဝေးကွင်းသို့

သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီးယင်းပွဲအနိုင်ရရှိပါက၁၂မှတ်အထိ

ဖြတ်ထားလာနိုင်ပါမယ်။ဘက်ဖရက်အကြီးအကဲဒန်းဟာ၁၉၉၈ခုနှစ်တုန်းက

မန်ချက်စတာယူနိုက်တက်ကဒုတိယနေရာမှအာဆင်နယ်ကို၁၂မှတ်ဖြတ်ထားနိုင်ပြီးနောက်

မန်ချက်စတာယူနိုက်တက်ကို ချန်ပီယံဖြစ်မယ်လို့

လောင်းထားသူများကိုလျော်ပေးခဲ့ဖူးပါတယ်။

ဒါပေမဲ့ရာသီအကုန်တွင်အာဆင်နယ်ကရမှတ်၁မှတ်ဖြတ်ပြီးချန်ပီယံဖြစ်ခဲ့ပါတယ်။

ဒန်းဟာပေါင်၅၀၀၀၀အရှုံးပေါ်ခဲ့ပါတယ်။ယင်းနောက်တွင်ဆာအဲလက်စ်ဖာဂူဆန်က

နောင်တွင်လျော်ကြေးငွေကြိုမပေးရန်သတိပေးခဲ့ပါတယ်။

ဒါပေမဲ့၂၀၁၂ခုနှစ်တွင်လည်းဒန်းဟာယူနိုက်တက်အသင်း

၅မှတ်ဖြတ်ထားစဉ်က လျော်ကြေးပေးခဲ့ပြန်ပါတယ်။

ယင်းရာသီမှာလည်းယူနိုက်တက်ကိုကျော်ကာမန်စီးတီးက

ဂိုးကွာခြားချက်ဖြင့်ချန်ပီယံဖြစ်သွားခဲ့ပါတယ်။

ဒါကြောင့်ယခုရာသီမှာလည်းယခင်ကဲ့သို့အပြောင်းအလဲဖြစ်လာဦးမလား

စောင့်ကြည့်ရပါမယ်။လီဗာပူးနည်းပြကလော့ပ်နှင့်ချဲလ်ဆီးနည်းပြတူချယ်တို့ကတော့

ချန်ပီယံဆုအတွက်မျှော်လင့်ချက်မရှိတော့ကြောင်းဝန်ခံထားကြပါတယ်။

zawgyi

အမွတ္မရွိေသးတဲ့ ဘက္ဖရက္ရဲ႕အႀကီးအကဲ ဖရက္ဒန္း

ဘက္ကဖရက္ဟာရာသီဝက္ကာလအခ်ိန္မွာပဲပရီးမီးယားလိဂ္ဖလားကို

မန္စီးတီးရရွိမယ္လို႔ေလာင္းေၾကးထပ္ထားသူမ်ားအားေလ်ာ္ေပးလာၿပီျဖစ္ပါတယ္။

ဂြါဒီယိုလာဦးေဆာင္တဲ့မန္စီးတီးဟာပရီးမီးယားလိဂ္တြင္

ကိုးပြဲဆက္တိုက္အႏိုင္ရရွိထားၿပီးမေန႔ညတုန္းကဘရန႔္ဖို႔ဒ္ကို

အေဝးကြင္းမွာ၁-ဝဂိုးျဖင့္အႏိုင္ရရွိၿပီးေနာက္လီဗာပူးကို

ရမွတ္၉မွတ္အထိျဖတ္ထားႏိုင္ၿပီျဖစ္ပါတယ္။

ၾကားရက္ပြဲစဥ္မ်ားတြင္လီဗာပူးကလက္စတာကို၁-ဝျဖင့္ရႈံးနိမ့္ၿပီ

းခ်ဲလ္ဆီးကဘ႐ိုက္တန္ႏွင့္တစ္ဂိုးစီသေရက်မႈနဲ႔မန္စီးတီးဟာ

ရမွတ္မ်ားစြာျဖတ္လာႏိုင္တာဘဲျဖစ္ပါတယ္။ ဘက္ဖရက္ရဲ႕အႀကီးအကဲ

ဖရက္ဒန္းကပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲအတြက္ယွဥ္ၿပိဳင္မႈအဆုံးသတ္သြားၿပီျဖစ္ၿပီး

မန္စီးတီးကို ခ်န္ပီယံျဖစ္မယ္လို႔ေလာင္းထားသူမ်ားအား

ေလ်ာ္ေပးေနၿပီျဖစ္ေၾကာင္းေၾကညာလာပါတယ္။

မန္စီးတီးဟာစေနေန႔အေစာပိုင္းတြင္အာဆင္နယ္ကိုအေဝးကြင္းသို႔

သြားေရာက္ရင္ဆိုင္ရမွာျဖစ္ၿပီးယင္းပြဲအႏိုင္ရရွိပါက၁၂မွတ္အထိ

ျဖတ္ထားလာႏိုင္ပါမယ္။ဘက္ဖရက္အႀကီးအကဲဒန္းဟာ၁၉၉၈ခုႏွစ္တုန္းက

မန္ခ်က္စတာယူႏိုက္တက္ကဒုတိယေနရာမွအာဆင္နယ္ကို၁၂မွတ္ျဖတ္ထားႏိုင္ၿပီးေနာက္

မန္ခ်က္စတာယူႏိုက္တက္ကို ခ်န္ပီယံျဖစ္မယ္လို႔

ေလာင္းထားသူမ်ားကိုေလ်ာ္ေပးခဲ့ဖူးပါတယ္။

ဒါေပမဲ့ရာသီအကုန္တြင္အာဆင္နယ္ကရမွတ္၁မွတ္ျဖတ္ၿပီးခ်န္ပီယံျဖစ္ခဲ့ပါတယ္။

ဒန္းဟာေပါင္၅၀၀၀၀အရႈံးေပၚခဲ့ပါတယ္။ယင္းေနာက္တြင္ဆာအဲလက္စ္ဖာဂူဆန္က

ေနာင္တြင္ေလ်ာ္ေၾကးေငြႀကိဳမေပးရန္သတိေပးခဲ့ပါတယ္။

ဒါေပမဲ့၂၀၁၂ခုႏွစ္တြင္လည္းဒန္းဟာယူႏိုက္တက္အသင္း

၅မွတ္ျဖတ္ထားစဥ္က ေလ်ာ္ေၾကးေပးခဲ့ျပန္ပါတယ္။

ယင္းရာသီမွာလည္းယူႏိုက္တက္ကိုေက်ာ္ကာမန္စီးတီးက

ဂိုးကြာျခားခ်က္ျဖင့္ခ်န္ပီယံျဖစ္သြားခဲ့ပါတယ္။

ဒါေၾကာင့္ယခုရာသီမွာလည္းယခင္ကဲ့သို႔အေျပာင္းအလဲျဖစ္လာဦးမလား

ေစာင့္ၾကည့္ရပါမယ္။လီဗာပူးနည္းျပကေလာ့ပ္ႏွင့္ခ်ဲလ္ဆီးနည္းျပတူခ်ယ္တို႔ကေတာ့

ခ်န္ပီယံဆုအတြက္ေမွ်ာ္လင့္ခ်က္မရွိေတာ့ေၾကာင္းဝန္ခံထားၾကပါတယ္။