အက်စ်ပန်ညို ဂရန်နာဒါ
အက်စ်ပန်ညိုရဲ့ လာလီဂါ အိမ်ကွင်းနောက်ဆုံး ၄ ပွဲဆက်တိုက် ရှုံးပွဲ မရှိခဲ့ပါဘူး။
ဒီရာသီ လာလီဂါအိမ်ကွင်း နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲဂိုးရခဲ့သလို နောက်ဆုံး ၅ ပွဲဆက်
ဂိုးသွင်းထားတာပါ။ ဒါပေမယ့် ဂရန်နာဒါနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၈ ပွဲဆက်တိုက်
အက်စ်ပန်ညို အနည်းဆုံး ၁ ဂိုးပေးခဲ့ရပါတယ်။ ဂရန်နာဒါရဲ့ ဒီရာသီလာလီဂါ ၁၁ ပွဲမှာ
၈ ပွဲဂိုးသွင်းနိုင်ခဲ့သလို ၈ ပွဲ ဂိုးပြန်ပေးခဲ့ရပါတယ်။
ဂရန်နာဒါရဲ့ ဒီရာသီလာလီဂါအဝေးကွင်း ၆ ပွဲမှာ အတော်လေးညံ့တဲ့ လီဗန်တေးကိုပဲ
အနိုင်ရထားပါတယ်။ အက်စ်ပန်ညိုနဲ့တွေ့တိုင်း ဂရန်နာဒါ ဂိုးသွင်းနိုင်လေ့ရှိတာရယ်၊
အက်စ်ပန်ညိုရဲ့ ဘော်ဒီကြေးက ပြင်းသင့်သလောက် ပြင်းနေတာမို့ အက်စပန်ညိုနဲ့
ဂိုးအပေါ်ကို တွဲရွေးချင်ပါတယ်။
အက်စ်ပန်ညို / ဂိုးအပေါ်
ဆဲလ်တာဗီဂို ဘာစီလိုနာ
ဆီဗီလာ အလာဗက်စ်တို့နဲ့အတူ ဒီရာသီလာလီဂါအိမ်ကွင်းပွဲတွေမှာ
ဆဲလ်တာဗီဂို သရေပွဲ မရှိသေးပါဘူး။ လာလီဂါအိမ်ကွင်း ၆ ပွဲမှာ ဂရန်နာဒါကိုပဲ
အနိုင်ကစားနိုင်ခဲ့ပြီး ၅ ပွဲရှုံးထားသလို ၆ ပွဲမှာ ၅ ပွဲ ဂိုးပေးခဲ့ရတာပါ။ ဆဲလ်တာဗီဂို
ကစားခဲ့တဲ့ အိမ်/အဝေး နောက်ဆုံး ၇ ပွဲဆက်တိုက် ပထမပိုင်းမှာ ဂိုးထွက်ပေါ်မှု
မရှိခဲ့ပါဘူး။ ဘာစီလိုနာက ဇာဗီကို နည်းပြသစ်ခန့်လိုက်ပေမယ့် တနင်္လာနေ့မှ
မိတ်ဆက်ပွဲပြုလုပ်မှာဖြစ်ပြီး ဒီပွဲကို ယာယီနည်းပြ ဆာဂျီကပဲတာဝန်ယူမှာပါ။
ဘာစီလိုနာဟာ လာလီဂါနောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပါတယ်။
လာလီဂါ အဝေးကွင်းနောက်ဆုံး ၃ ပွဲဆက်တိုက်လည်း ဂိုးမသွင်းနိုင်ခဲ့ပါဘူး။
ဘာစီလိုနာက =၇၀/ ၃+၇၀ ဖွင့်ထားပြီး ၀-၁ လို့ပဲ ယူဆလို့ ဂိုးအောက်နဲ့
ဘာစီလိုနာကို တွဲရွေးချင်တယ်။
ဂိုးအောက် / ဘာစီလိုနာ
အလာဗက်စ် လီဗန်တေး
အလာဗက်စ်က ဒီရာသီလာလီဂါမှာ တိုက်စစ်အညံ့ဆုံးအသင်းဖြစ်ပြီး ၁၁ ပွဲမှာ
၆ ဂိုးပဲ ရထားပါသေးတယ်။ လီဗန်တေးနဲ့ကစားခဲ့တဲ့ အိမ်ကွင်းပြိုင်ပွဲစုံ နောက်ဆုံး
၇ ပွဲဆက်တိုက် အလာဗက်စ် မရှုံးခဲ့ပါဘူး။ ဒီရာသီအလာဗက်စ်ရဲ့ လာလီဂါအိမ်ကွင်း
၆ပွဲမှာ ပထမဆုံး ရီးရဲလ်နဲ့ပွဲမှအပ ကျန် နောက်ဆုံး ၅ ပွဲဆက်တိုက် ဂိုးအောက်
ခဲ့ပါတယ်။ လီဗန်တေးက ဒီရာသီ လာလီဂါနိုင်ပွဲမရသေးတဲ့ တစ်ခုတည်းသော
အသင်းဖြစ်နေသလို သူတို့ရဲ့ လာလီဂါ နောက်ဆုံး ၂၀ ပွဲဆက်တိုက် နိုင်ပွဲ
ပျောက်နေတာပါ။ ဒီရာသီ လာလီဂါမှာလည်း ခံစစ်အညံ့ဆုံးဖြစ်ပြီး ၁၂ ပွဲမှာ
၂၃ ဂိုးအထိ ပေးထားတယ်။ လာလီဂါနောက်ဆုံး ၃ ပွဲဆက်တိုက်လည်း ၁ ပွဲ
အနည်းဆုံး ၂ ဂိုးပေးထားရပါတယ်။ =-၃၀/၂-၂၀ မို့ ၀-၀ / ၁-၀ / ၁-၁ လို့ပဲ
ထင်ပါတယ်။
ဂိုးအောက်
ရီးရဲလ် ဗယ်လီကာနို
ဗယ်လီကာနိုနဲ့ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ အိမ်ကွင်း နောက်ဆုံး ၁၀ ပွဲဆက်တိုက်
ရီးရဲလ် အနိုင်ရခဲ့ပါတယ်။ ရီးရဲလ်ဟာ ဒီရာသီ လာလီဂါမှာ တိုက်စစ်အကောင်းဆုံး
( ၂၆ ဂိုး )အသင်းပါ။ဒီရာသီ ရီးရဲလ်ကွင်းမှာ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၆ ပွဲမှာ ဗီလာရီးရဲလ်၊
အိုဆာဆူနာတို့နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ၂ ပွဲမှ အပ ကျန် ၄ ပွဲက အပြန်အလှန်
ဂိုးသွင်းခဲ့တဲ့ပွဲတွေပါ။ ဗယ်လီကာနိုက ဒီရာသီလာလီဂါမှာ အိမ်ကွင်းအကောင်းဆုံး
အသင်းဖြစ်နေပေမယ့် အဝေးကွင်း ညံ့လွန်းပြီး ၆ ပွဲမှာ ဘီလ်ဘာအိုကိုသာ အနိုင်ရ
ထားပါတယ်။ ဒီရာသီလာလီဂါအဝေးကွင်း ၆ ပွဲစလုံးလည်း ဂိုးပေးခဲ့ရပါတယ်။
ရီးရဲလ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၁၀ ပွဲအနက် ၈ ပွဲကိုလည်း အနည်းဆုံး
၂ ဂိုးပြတ်နဲ့ ဗယ်လီကာနို ရှုံးနိမ့်ခဲ့တာပါ။ အနည်းဆုံး ၃ ဂိုးထွက်လာမယ့် ပွဲမျိုးမို့
ဂိုးအပေါ်ကို စိတ်ချလက်ချ ရွေးထားသင့်ပါတယ်။
ဂိုးအပေါ်
Zawgyi
အမှန်ခြစ်ရမယ့် လာလီဂါ ပစ်မှတ်များ ( ကိုရွှေမောင်း )
အက်စ်ပန်ညို ဂရန်နာဒါ
ဂိုးအောက် / ဘာစီလိုနာ
အလာဗက်စ် လီဗန်တေး
ထင်ပါတယ်။
ဂိုးအောက်
ရီးရဲလ် ဗယ်လီကာနို
ဂိုးအပေါ်