အမှားလုပ်ပြီး ချီးကျူးခံရချင်ရင် မော်ရင်ဟိုလက်အောက်မှာ ဂိုးသမားတာဝန်ထမ်းဆောင်ပါ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါး အသင်းရဲ့ နည်းပြမော်ရင်ဟိုကတော့ ပဲလေ့စ် နဲ့ သရေ ကျခဲ့တဲ့ ပွဲစဉ် မှာ ချေပဂိုး ပြန်ပေး ခဲ့ရမှု နဲ့ ပတ်သက်ပြီး အသင်းရဲ့ ဂိုးသမားကြီး ဟူဂို လိုရစ် ကို အပြစ် ပြောဆိုခြင်း မပြုခဲ့ဘဲချီးကျူးခဲ့ပါသေးတယ်။

ပွဲပြီးဖို့ ၁၅ မိနစ် ခန့် အလို မှာ ဖရီးကစ် ကနေ ပဲလေ့စ် ကစား သမား ရှလပ် က ချေပဂိုး သွင်းယူ သွားခဲ့ ပါတယ် ။ ဖရီးကစ် ဘောလုံး ဟာ ဂိုးပေါက် မှာ ရှိတဲ့ လိုရစ် ဆီ တည့်တည့် မတ်မတ် ဝင်လာခဲ့ပါတယ်။

အဲ ဒီဘောလုံးကို လိုရစ် က အနီးကပ် အနေအထား မှာ အမြန် ဖမ်းယူဖို့ ကြိုးစား ခဲ့ပေမယ့် လက်ကနေ ပြန်လွတ်ကျခဲ့ချိန်မှာ ရှလပ် က ပြေးဝင် ကန်သွင်းကာ ပဲလေ့စ် အတွက် ချေပဂိုး ကို သွင်းယူ သွားခဲ့ တာပဲ ဖြစ် ပါတယ်။

နည်းပြမော်ရင်ဟိုက “ကျွန်တော့် ဂိုးသမားက ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ဂိုးသမားပါ။ ဒါကြောင့် ကျွန်တော် ပရီးမီးယားလိဂ် အကောင်းဆုံး ဂိုးသမားကို ဘယ်တော့မှ ဝေဖန်အပြစ်တင်မှာ မဟုတ်ပါဘူး။ ကျွန်တော် အပြစ်တင်စရာ ရှိရင် အသင်းကိုပဲ အပြစ်တင်ပါမယ်။ အချို့သူတွေကပွဲတစ်ပွဲရပြီးတဲ့အခါမှာ ရှုံးတယ်၊ နိုင်တယ်၊ သရေကျတယ် ဆိုတဲ့အပေါ် မတူညီတဲ့ အမြင်တွေရှိပေမယ့် ကျွန်တော်တို့အသင်းက အဲဒီလို မဟုတ်ပါဘူး”

“အားလုံးက ကျွန်တော်တို့အားလုံးနဲ့ပဲ ဆိုင်ပါတယ်။ ဒါကြောင့် ပထမပိုင်းမှာ မလုပ်နိုင်ခဲ့တာတွေအတွက် ကျွန်တော်တို့ တစင်သင်းလုံး ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ရမှာပါ။ ဒါပေမယ့် ပွဲမစခင်က ထက်တော့ အမှတ်(၁)မှတ်ပိုရခဲ့ပါပြီ။ ဒီလိုပြောခဲ့ပေမယ့် ကျွန်တော်တို့က ၃မှတ်ရဖို့ ကစားတာဆိုတော့ (၂)မှတ်တော့ ဆုံးရှုံးခဲ့တာပေါ့ဗျာ”

“ပထမပိုင်းအပြီးမှာ ကျွန်တော့် ကစားသမားတွေကို မတူညီတဲ့ ပုံစံမျိုးနဲ့ ကစားဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒါပေမယ့်သူတို့ အဲဒီလို မလုပ်နိုင်ခဲ့ပါဘူး။ တစ်ဖက်မှာလည်းကျွန်တော့်အနေနဲ့ ပဲလေ့စ်အသင်းကို အသိအမှတ်ပြုပါတယ်။

ပထမပိုင်းက အတိုင်း မလုပ်နိုင်ခဲ့တဲ့တာတွေအတွက် ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမှာပါ။

နောက်ဆုံး မိနစ်မှာ အနိုင်ဂိုး ရဖို့ ကြိုးစားခဲ့ပေမယ့် ပဲလေ့စ်အသင်း ဂိုးသမားက အရမ်းကောင်းတဲ့ ကာကွယ်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

Sky Sports ရဲ့အစီအစဉ်တင်ဆက်သူ အီဗရာက လိုရစ်အနေနဲ့ ဖရီးကစ်ကို ထွက်ဖမ်းသင့်တယ်လို့ သုံးသပ်ခဲ့ပါတယ်။

အီဗရာက “လိုရစ်က ဂိုးသမားကောင်း တစ်ယောက်ပါ။ ဒါပေမယ့် သူ အမြဲတမ်း စည်းပေါ်မှာပဲ နေပါတယ်။ သူ အဲဒီဘောလုံးကို ထွက်လာပြီး ပုတ်ထုတ်ခဲ့သင့်ပါတယ်။အဲ ဒီဂိုးမှာ ရှလပ်ရဲ့ တုန့်ပြန်မှုက ကောင်းခဲ့ပေမယ့် လိုရစ် စည်းပေါ်ကနေ ထွက်ပုတ်တာ ကျွန်တော် မမြင်လိုက်ပါဘူး”လို့ ပြောခဲ့ပါတယ်။

စပါးအသင်းဟာ သရေ ကျခဲ့ ပေမယ့်လည်း အမှတ်တူ နဲ့ လိုက်လံ ဖိအား ပေး နေတဲ့ လီဗာပူး အသင်း ကလည်း တစ်ဖက်မှာ ဖူလ်ဟမ် အသင်းနဲ့ ၁ ဂိုးစီ သရေ ကျခဲ့တာ ကြောင့် နည်းပြမော်ရင်ဟို ရဲ့ အသင်းဟာ အဆင့် ၁ နေရာမှာ ဆက်လက် ရပ်တည် နိုင်ခဲ့ ပါတယ်။

လာမယ့် ဗုဒ္ဓဟူးနေ့ ည မှာတော့ စပါး အသင်းဟာ အမှတ်တူ ရပ်တည် နေတဲ့ လီဗာပူး အသင်း ကို အန်ဖီးလ် ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရတော့မှာပဲ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အမွားလုပ္ၿပီး ခ်ီးက်ဴးခံရခ်င္ရင္ ေမာ္ရင္ဟိုလက္ေအာက္မွာ ဂိုးသမားတာဝန္ထမ္းေဆာင္ပါ

စပါး အသင္းရဲ႕ နည္းျပေမာ္ရင္ဟိုကေတာ့ ပဲေလ့စ္ နဲ႔ သေရ က်ခဲ့တဲ့ ပြဲစဥ္ မွာ ေခ်ပဂိုး ျပန္ေပး ခဲ့ရမႈ နဲ႔ ပတ္သက္ၿပီး အသင္းရဲ႕ ဂိုးသမားႀကီး ဟူဂို လိုရစ္ ကို အျပစ္ ေျပာဆိုျခင္း မျပဳခဲ့ဘဲခ်ီးက်ဴးခဲ့ပါေသးတယ္။

ပြဲၿပီးဖို႔ ၁၅ မိနစ္ ခန႔္ အလို မွာ ဖရီးကစ္ ကေန ပဲေလ့စ္ ကစား သမား ရွလပ္ က ေခ်ပဂိုး သြင္းယူ သြားခဲ့ ပါတယ္ ။ဖရီးကစ္ ေဘာလုံး ဟာ ဂိုးေပါက္ မွာ ရွိတဲ့ လိုရစ္ ဆီ တည့္တည့္ မတ္မတ္ ဝင္လာခဲ့ပါတယ္။ အဲ ဒီေဘာလုံးကို လိုရစ္ က အနီးကပ္ အေနအထား မွာ အျမန္ ဖမ္းယူဖို႔ ႀကိဳးစား ခဲ့ေပမယ့္ လက္ကေန ျပန္လြတ္က်ခဲ့ခ်ိန္မွာ ရွလပ္ က ေျပးဝင္ ကန္သြင္းကာ ပဲေလ့စ္ အတြက္ ေခ်ပဂိုး ကို သြင္းယူ သြားခဲ့ တာပဲ ျဖစ္ ပါတယ္။

နည္းျပေမာ္ရင္ဟိုက “ကြၽန္ေတာ့္ ဂိုးသမားက ပရီးမီးယားလိဂ္မွာ အေကာင္းဆုံး ဂိုးသမားပါ။ ဒါေၾကာင့္ ကြၽန္ေတာ္ ပရီးမီးယားလိဂ္ အေကာင္းဆုံး ဂိုးသမားကို ဘယ္ေတာ့မွ ေဝဖန္အျပစ္တင္မွာ မဟုတ္ပါဘူး။ ကြၽန္ေတာ္ အျပစ္တင္စရာ ရွိရင္ အသင္းကိုပဲ အျပစ္တင္ပါမယ္။ အခ်ိဳ႕သူေတြကပြဲတစ္ပြဲရၿပီးတဲ့အခါမွာ ရႈံးတယ္၊ ႏိုင္တယ္၊ သေရက်တယ္ ဆိုတဲ့အေပၚ မတူညီတဲ့ အျမင္ေတြရွိေပမယ့္ ကြၽန္ေတာ္တို႔အသင္းက အဲဒီလို မဟုတ္ပါဘူး”

“အားလုံးက ကြၽန္ေတာ္တို႔အားလုံးနဲ႔ပဲ ဆိုင္ပါတယ္။ ဒါေၾကာင့္ ပထမပိုင္းမွာ မလုပ္ႏိုင္ခဲ့တာေတြအတြက္ ကြၽန္ေတာ္တို႔ တစင္သင္းလုံး ကိုယ့္ကိုယ္ကိုသာ အျပစ္တင္ရမွာပါ။ ဒါေပမယ့္ ပြဲမစခင္က ထက္ေတာ့ အမွတ္(၁)မွတ္ပိုရခဲ့ပါၿပီ။ ဒီလိုေျပာခဲ့ေပမယ့္ ကြၽန္ေတာ္တို႔က ၃မွတ္ရဖို႔ ကစားတာဆိုေတာ့ (၂)မွတ္ေတာ့ ဆုံးရႈံးခဲ့တာေပါ့ဗ်ာ”

“ပထမပိုင္းအၿပီးမွာ ကြၽန္ေတာ့္ ကစားသမားေတြကို မတူညီတဲ့ ပုံစံမ်ိဳးနဲ႔ ကစားဖို႔ ၫႊန္ၾကားခဲ့ပါတယ္။ ဒါေပမယ့္သူတို႔ အဲဒီလို မလုပ္ႏိုင္ခဲ့ပါဘူး။ တစ္ဖက္မွာလည္းကြၽန္ေတာ့္အေနနဲ႔ ပဲေလ့စ္အသင္းကို အသိအမွတ္ျပဳပါတယ္။ ပထမပိုင္းက အတိုင္း မလုပ္ႏိုင္ခဲ့တဲ့တာေတြအတြက္ ကိုယ့္ကိုယ္ကိုပဲ အျပစ္တင္ရမွာပါ။ ေနာက္ဆုံး မိနစ္မွာ အႏိုင္ဂိုး ရဖို႔ ႀကိဳးစားခဲ့ေပမယ့္ ပဲေလ့စ္အသင္း ဂိုးသမားက အရမ္းေကာင္းတဲ့ ကာကြယ္မႈေတြ ျပဳလုပ္သြားခဲ့ပါတယ္”လို႔ ေျပာခဲ့ပါတယ္။

Sky Sports ရဲ႕အစီအစဥ္တင္ဆက္သူ အီဗရာက လိုရစ္အေနနဲ႔ ဖရီးကစ္ကို ထြက္ဖမ္းသင့္တယ္လို႔ သုံးသပ္ခဲ့ပါတယ္။ အီဗရာက “လိုရစ္က ဂိုးသမားေကာင္း တစ္ေယာက္ပါ။ ဒါေပမယ့္ သူ အၿမဲတမ္း စည္းေပၚမွာပဲ ေနပါတယ္။ သူ အဲဒီေဘာလုံးကို ထြက္လာၿပီး ပုတ္ထုတ္ခဲ့သင့္ပါတယ္။အဲ ဒီဂိုးမွာ ရွလပ္ရဲ႕ တုန႔္ျပန္မႈက ေကာင္းခဲ့ေပမယ့္ လိုရစ္ စည္းေပၚကေန ထြက္ပုတ္တာ ကြၽန္ေတာ္ မျမင္လိုက္ပါဘူး”လို႔ ေျပာခဲ့ပါတယ္။

စပါးအသင္းဟာ သေရ က်ခဲ့ ေပမယ့္လည္း အမွတ္တူ နဲ႔ လိုက္လံ ဖိအား ေပး ေနတဲ့ လီဗာပူး အသင္း ကလည္း တစ္ဖက္မွာ ဖူလ္ဟမ္ အသင္းနဲ႔ ၁ ဂိုးစီ သေရ က်ခဲ့တာ ေၾကာင့္ နည္းျပေမာ္ရင္ဟို ရဲ႕ အသင္းဟာ အဆင့္ ၁ ေနရာမွာ ဆက္လက္ ရပ္တည္ ႏိုင္ခဲ့ ပါတယ္။ လာမယ့္ ဗုဒၶဟူးေန႔ ည မွာေတာ့ စပါး အသင္းဟာ အမွတ္တူ ရပ္တည္ ေနတဲ့ လီဗာပူး အသင္း ကို အန္ဖီးလ္ ကြင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ကစားရေတာ့မွာပဲ ျဖစ္ပါတယ္။