
အမှားအယွင်းတွေဖြစ်ခဲ့တာကြောင့် ဝေဖန်မှုတွေ မြင့်တက်နေတဲ့ ချန်ပီယံလိဂ် မဲခွဲပွဲ
ဒီနေ့ ညနေ ၅:၃၀ မှာ ပြုလုပ်သွားတဲ့ ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်
မဲခွဲပွဲကတော့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါပြီ။ ဘာကြောင့်လဲဆိုတော့
မဲခွဲမှုကို တာဝန်ယူပြုလုပ်ခဲ့တဲ့ တာဝန်ရှိသူတွေဟာ
အမှားအယွင်းတွေလုပ်ခဲ့တာကြောင့်ဖြစ်ပါတယ်။
တာဝန်ရှိသူတွေဟာ အုပ်စု ဒုတိယနေရာနဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ကို
တက်လှမ်းလာတဲ့ ဗီလာရီးရဲလ် အသင်းအတွက် ပြိုင်ဖက်ကို ရွေးချယ်ရာမှာ
အုပ်စုအဆင့်မှာတွေ့ဆုံခဲ့တဲ့ မန်ယူနိုက်တက်အသင်းကို
မဲအိုးထဲမှာ မှားယွင်းပြီး ထည့်သွင်းခဲ့ပါတယ်။
တကယ်တမ်း မဲနှိုက်ခဲ့ရာမှာလည်း
မန်ယူနိုက်တက်အသင်းဖြစ်နေခဲ့တာကြောင့် နောက်ထပ်တကြိမ် မဲပြန်နှိုက်ခဲ့ရပါတယ်။
နောက်တကြိမ်မှာတော့ မန်စီးတီးအသင်း ဖြစ်နေခဲ့ပါတယ်။
အဲဒီနောက်မှာတော့ တာဝန်ရှိသူတွေဟာ အုပ်စု ဒုတိယ နဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ကို
တက်လှမ်းလာတဲ့ အက်သလက်တီကိုအသင်းအတွက် ပြိုင်ဖက်အသင်းကို
ရွေးချယ်ရာမှာတော့ မန်ယူနိုက်တက်အသင်းကို မဲအိုးထဲ ထည့်သွင်းဖို့
မေ့လျော့ခဲ့ပြန်ပါတယ်။ အက်သလက်တီကို အသင်းကတော့
ဘိုင်ယန်မြူးနစ်အသင်း နဲ့ တွေ့ဆုံခဲ့ရပါတယ်။
နောက်ထပ် မဲခွဲမှုတွေမှာတော့ ချဲလ်ဆီးအသင်းက လိုင်လီ ၊
ပီအက်စ်ဂျီ အသင်းက မန်ယူနိုက်တက် တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
UEFA ရဲ့ တာဝန်ရှိသူတွေ ပြုလုပ်ခဲ့တဲ့ အဆိုပါ အမှားအယွင်းကြီး ၂ ခုကြောင့်
ဆိုရှယ်မီဒီယာတွေပေါ်မှာတော့ ဝေဖန်မှုတွေ အတော်လေး မြင့်တက်နေတာကို တွေ့ရပါတယ်။
Updated:
ဒီလိုမှားယွင်းမှုတွေအတွက် စပိန်ကလပ် အက်သလက်တီကို မက်ဒရစ် အသင်းဟာ
UEFA နဲ့ ပြောဆိုဆွေးနွေးနေတယ်လို့ သိရပါတယ်။ မဲခွဲပွဲကို ပြန်လုပ်မလား ၊
ဒါမှမဟုတ် ဒီအတိုင်းပဲ ထားလိုက်မလားဆိုတာကိုတော့ UEFA ရဲ့ တာဝန်ရှိသူတွေဟာ
ဆွေးနွေးနေတယ်လို့ သိရပါတယ်။
မန်ယူနိုက်တက်အသင်းကတော့ ပီအက်စ်ဂျီအသင်းနဲ့ တွေ့ဆုံမှုအပေါ်
စောဒကတက်လိုခြင်းမရှိပေမဲ့ မှားယွင်းမှုအတွက် UEFA ဆီကနေ
ဖြေရှင်းချက် တောင်းဆိုထားတယ်လို့ သိရပါတယ်။
Breaking News:
အမှားအယွင်းတွေဖြစ်ပေါ်ခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်
မဲခွဲပွဲကို ပြန်လည်ပြုလုပ်မယ်လို့ UEFA တရားဝင်ကြေညာ။
zawgyi
အမွားအယြင္းေတြျဖစ္ေပၚခဲ့တဲ့ ခ်န္ပီယံလိဂ္ ရႈံးထြက္ ၁၆ သင္းအဆင့္ မဲခြဲပြဲကို ျပန္လည္ျပဳလုပ္မယ္လို႔ UEFA တရားဝင္ေၾကညာ
အမွားအယြင္းေတြျဖစ္ခဲ့တာေၾကာင့္ ေဝဖန္မႈေတြ ျမင့္တက္ေနတဲ့ ခ်န္ပီယံလိဂ္ မဲခြဲပြဲ
ဒီေန႔ ညေန ၅:၃၀ မွာ ျပဳလုပ္သြားတဲ့ ခ်န္ပီယံလိဂ္ ရႈံးထြက္ ၁၆ သင္းအဆင့္
မဲခြဲပြဲကေတာ့ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရပါၿပီ။ ဘာေၾကာင့္လဲဆိုေတာ့
မဲခြဲမႈကို တာဝန္ယူျပဳလုပ္ခဲ့တဲ့ တာဝန္ရွိသူေတြဟာ
အမွားအယြင္းေတြလုပ္ခဲ့တာေၾကာင့္ျဖစ္ပါတယ္။
တာဝန္ရွိသူေတြဟာ အုပ္စု ဒုတိယေနရာနဲ႔ ရႈံးထြက္ ၁၆ သင္းအဆင့္ကို
တက္လွမ္းလာတဲ့ ဗီလာရီးရဲလ္ အသင္းအတြက္ ၿပိဳင္ဖက္ကို ေ႐ြးခ်ယ္ရာမွာ
အုပ္စုအဆင့္မွာေတြ႕ဆုံခဲ့တဲ့ မန္ယူႏိုက္တက္အသင္းကို
မဲအိုးထဲမွာ မွားယြင္းၿပီး ထည့္သြင္းခဲ့ပါတယ္။
တကယ္တမ္း မဲႏႈိက္ခဲ့ရာမွာလည္း
မန္ယူႏိုက္တက္အသင္းျဖစ္ေနခဲ့တာေၾကာင့္ ေနာက္ထပ္တႀကိမ္ မဲျပန္ႏႈိက္ခဲ့ရပါတယ္။
ေနာက္တႀကိမ္မွာေတာ့ မန္စီးတီးအသင္း ျဖစ္ေနခဲ့ပါတယ္။
အဲဒီေနာက္မွာေတာ့ တာဝန္ရွိသူေတြဟာ အုပ္စု ဒုတိယ နဲ႔ ရႈံးထြက္ ၁၆ သင္းအဆင့္ကို
တက္လွမ္းလာတဲ့ အက္သလက္တီကိုအသင္းအတြက္ ၿပိဳင္ဖက္အသင္းကို
ေ႐ြးခ်ယ္ရာမွာေတာ့ မန္ယူႏိုက္တက္အသင္းကို မဲအိုးထဲ ထည့္သြင္းဖို႔
ေမ့ေလ်ာ့ခဲ့ျပန္ပါတယ္။ အက္သလက္တီကို အသင္းကေတာ့
ဘိုင္ယန္ျမဴးနစ္အသင္း နဲ႔ ေတြ႕ဆုံခဲ့ရပါတယ္။
ေနာက္ထပ္ မဲခြဲမႈေတြမွာေတာ့ ခ်ဲလ္ဆီးအသင္းက လိုင္လီ ၊
ပီအက္စ္ဂ်ီ အသင္းက မန္ယူႏိုက္တက္ တို႔နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။
UEFA ရဲ႕ တာဝန္ရွိသူေတြ ျပဳလုပ္ခဲ့တဲ့ အဆိုပါ အမွားအယြင္းႀကီး ၂ ခုေၾကာင့္
ဆိုရွယ္မီဒီယာေတြေပၚမွာေတာ့ ေဝဖန္မႈေတြ အေတာ္ေလး ျမင့္တက္ေနတာကို ေတြ႕ရပါတယ္။
Updated:
ဒီလိုမွားယြင္းမႈေတြအတြက္ စပိန္ကလပ္ အက္သလက္တီကို မက္ဒရစ္ အသင္းဟာ
UEFA နဲ႔ ေျပာဆိုေဆြးေႏြးေနတယ္လို႔ သိရပါတယ္။ မဲခြဲပြဲကို ျပန္လုပ္မလား ၊
ဒါမွမဟုတ္ ဒီအတိုင္းပဲ ထားလိုက္မလားဆိုတာကိုေတာ့ UEFA ရဲ႕ တာဝန္ရွိသူေတြဟာ
ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။
မန္ယူႏိုက္တက္အသင္းကေတာ့ ပီအက္စ္ဂ်ီအသင္းနဲ႔ ေတြ႕ဆုံမႈအေပၚ
ေစာဒကတက္လိုျခင္းမရွိေပမဲ့ မွားယြင္းမႈအတြက္ UEFA ဆီကေန
ေျဖရွင္းခ်က္ ေတာင္းဆိုထားတယ္လို႔ သိရပါတယ္။
Breaking News:
အမွားအယြင္းေတြျဖစ္ေပၚခဲ့တဲ့ ခ်န္ပီယံလိဂ္ ရႈံးထြက္ ၁၆ သင္းအဆင့္
မဲခြဲပြဲကို ျပန္လည္ျပဳလုပ္မယ္လို႔ UEFA တရားဝင္ေၾကညာ။