အယ်လ်ကလာစီကိုဒါဘီပွဲမှာ ကြီးကြပ်ခဲ့တဲ့ ဒိုင်တွေက ရီးရဲလ်မက်ဒရစ်အမာခံပရိသတ်မိသားစုဝင်တွေဖြစ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စနေနေ့က အယ်လ်ကလာစီကိုဒါဘီမှာ ရီးရဲလ်မက်ဒရစ်အသင်းကို ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ပတ်သက်လို့ ဒေါသထွက်ခဲ့ရတဲ့

ဘာစီလိုနာအသင်းတာဝန်ရှိသူတွေဟာ ကွင်းလယ်ဒိုင် ဟွမ်မာတီနက်ဇ်မူနူအာရာရဲ့ နောက်ကြောင်းကို သိလိုက်ရတဲ့အချိန်မှာ

စပိန်ဘောလုံးအဖွဲ့ချုပ်ကို တရားဝင်ကန့်ကွက်စာတင်သွင်းတဲ့အထိဖြစ်လာပါတယ်။

ကွင်းလယ်ဒိုင် မူနူအာရာ ဟာ အဲဒီနေ့ပွဲစဉ်မှာ ဆာဂျီယိုရာမို့စ်ကို လန်ဂလက်က ဆွဲလိုက်တာကြောင့် ရီးရဲလ်မက်ဒရစ်ကို ပင်နယ်တီ ကန်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။

တကယ်တော့ ရာမို့စ် ကို လန်ဂလက် က ဆွဲလိုက်တဲ့နေရာဟာ ဘောလုံးလမ်းကြောင်းနဲ့ ပတ်သက်မှုမရှိပါဘူး။

ဒိုင်လူကြီးတစ်ယောက်ရဲ့လုပ်ပိုင်ခွင့်အပေါ် မူတည်ပြီး ပေးလို့ရတဲ့ပင်နယ်တီမျိုးဖြစ်ပါတယ်။

ဒီအခြေအနေမှာ ကွင်းလယ်ဒိုင် မူနူအာရာရဲ့မိသားစု ဟာ ရီးရဲလ်မက်ဒရစ် အမာခံပရိသတ်တွေဖြစ်နေတယ်လို့

စပိန်သတင်းမီဒီယာတစ်ခုက အခိုင်အမာ ဖော်ပြလိုက်တာကြောင့်

စပိန်ဘောလုံးအဖွဲ့ချုပ်နဲ့ ရီးရဲလ်မက်ဒရစ်တို့အကြား ပူးပေါင်းကြံစည်မှုတွေရှိနေပြီလားလို့ မေးစရာရှိလာပါတယ်။

စပိန်သတင်းမီဒီယာတစ်ခုဖြစ်တဲ့ SPORTက မာတီနက်ဇ်မူနူအာရာရဲ့ ဖခင်ဖြစ် ဟွမ်ရေမွန်ဟာ

ရီးရဲလ်မက်ဒရစ် fan clubတစ်ခုကို တည်ထောက်ခဲ့သူလို့ဆိုပါတယ်။ ဟွမ်ရေမွန်ကိုယ်တိုင်လည်း ဒိုင်လူကြီးတစ်ယောက်လုပ်ခဲ့သူပါ။

စပိန်တတိယတန်းပွဲစဉ်တစ်ခုမှာ ဒိုင်လူကြီးဝတ်စုံအောက်မှာ ရီးရဲလ်မက်ဒရစ် ဂျာစီကိုဝတ်ဆင်ပြီး ကိုင်တွယ်ကြီးကြပ်ခဲ့တာကြောင့် နာမည်ကြီးခဲ့ဖူးပါတယ်။

စနေနေ့က အယ်လ်ကလာစီကိုဒါဘီ မှာ ဟွမ်ရေမွန်ရဲ့နောက်ထပ် သားတစ်ဦးဖြစ်တဲ့ မီဂွဲလ်မာတီနက်ဇ်ကလည်း စည်းကြပ်ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အမာခံပရိသတ်မိသားစုဝင်ကနေ ဆင်းသက်လာတဲ့ ညီအစ်ကိုနှစ်ဦးကို အယ်လ်ကလာစီကိုဒါဘီမှာ ကြီးကြပ်စေခဲ့တဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့လုပ်ရပ်ကို ဘာစီလိုနာပရိသတ်တွေလည်း အင်မတန်အံ့အားသင့်နေကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အယ္လ္ကလာစီကိုဒါဘီပြဲမွာ ႀကီးၾကပ္ခဲ့တဲ့ ဒိုင္ေတြက ရီးရဲလ္မက္ဒရစ္အမာခံပရိသတ္မိသားစု၀င္ေတြျဖစ္ေန

စေနေန႔က အယ္လ္ကလာစီကိုဒါဘီမွာ ရီးရဲလ္မက္ဒရစ္အသင္းကို ေပးခဲ့ရတဲ့ ပင္နယ္တီနဲ႔ပတ္သက္လို႔ ေဒါသထြက္ခဲ့ရတဲ့

ဘာစီလိုနာအသင္းတာ၀န္ရွိသူေတြဟာ ကြင္းလယ္ဒိုင္ ဟြမ္မာတီနက္ဇ္မူႏူအာရာရဲ႕ ေနာက္ေၾကာင္းကို သိလိုက္ရတဲ့အခ်ိန္မွာ

စပိန္ေဘာလံုးအဖြဲ႔ခ်ဳပ္ကို တရား၀င္ကန္႔ကြက္စာတင္သြင္းတဲ့အထိျဖစ္လာပါတယ္။

ကြင္းလယ္ဒိုင္ မူႏူအာရာ ဟာ အဲဒီေန႔ပြဲစဥ္မွာ ဆာဂ်ီယိုရာမို႔စ္ကို လန္ဂလက္က ဆြဲလိုက္တာေၾကာင့္ ရီးရဲလ္မက္ဒရစ္ကို ပင္နယ္တီ ကန္ခြင့္ေပးခဲ့တာျဖစ္ပါတယ္။

တကယ္ေတာ့ ရာမို႔စ္ ကို လန္ဂလက္ က ဆြဲလိုက္တဲ့ေနရာဟာ ေဘာလံုးလမ္းေၾကာင္းနဲ႔ ပတ္သက္မႈမရွိပါဘူး။

ဒိုင္လူႀကီးတစ္ေယာက္ရဲ႕လုပ္ပိုင္ခြင့္အေပၚ မူတည္ၿပီး ေပးလို႔ရတဲ့ပင္နယ္တီမ်ိဳးျဖစ္ပါတယ္။

ဒီအေျခအေနမွာ ကြင္းလယ္ဒိုင္ မူႏူအာရာရဲ႕မိသားစု ဟာ ရီးရဲလ္မက္ဒရစ္ အမာခံပရိသတ္ေတြျဖစ္ေနတယ္လို႔

စပိန္သတင္းမီဒီယာတစ္ခုက အခိုင္အမာ ေဖာ္ျပလိုက္တာေၾကာင့္

စပိန္ေဘာလံုးအဖြဲ႔ခ်ဳပ္နဲ႔ ရီးရဲလ္မက္ဒရစ္တို႔အၾကား ပူးေပါင္းႀကံစည္မႈေတြရွိေနၿပီလားလို႔ ေမးစရာရွိလာပါတယ္။

စပိန္သတင္းမီဒီယာတစ္ခုျဖစ္တဲ့ SPORTက မာတီနက္ဇ္မူႏူအာရာရဲ႕ ဖခင္ျဖစ္ ဟြမ္ေရမြန္ဟာ

ရီးရဲလ္မက္ဒရစ္ fan clubတစ္ခုကို တည္ေထာက္ခဲ့သူလို႔ဆိုပါတယ္။ ဟြမ္ေရမြန္ကိုယ္တိုင္လည္း ဒိုင္လူႀကီးတစ္ေယာက္လုပ္ခဲ့သူပါ။

စပိန္တတိယတန္းပြဲစဥ္တစ္ခုမွာ ဒိုင္လူႀကီး၀တ္စံုေအာက္မွာ ရီးရဲလ္မက္ဒရစ္ ဂ်ာစီကို၀တ္ဆင္ၿပီး ကိုင္တြယ္ႀကီးၾကပ္ခဲ့တာေၾကာင့္ နာမည္ႀကီးခဲ့ဖူးပါတယ္။

စေနေန႔က အယ္လ္ကလာစီကိုဒါဘီ မွာ ဟြမ္ေရမြန္ရဲ႕ေနာက္ထပ္ သားတစ္ဦးျဖစ္တဲ့ မီဂြဲလ္မာတီနက္ဇ္ကလည္း စည္းၾကပ္ဒိုင္အျဖစ္ ပါ၀င္ေဆာင္ရြက္ခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္အမာခံပရိသတ္မိသားစု၀င္ကေန ဆင္းသက္လာတဲ့ ညီအစ္ကိုႏွစ္ဦးကို အယ္လ္ကလာစီကိုဒါဘီမွာ ႀကီးၾကပ္ေစခဲ့တဲ့ စပိန္ေဘာလံုးအဖြဲ႔ခ်ဳပ္ရဲ႕လုပ္ရပ္ကို ဘာစီလိုနာပရိသတ္ေတြလည္း အင္မတန္အံ့အားသင့္ေနၾကပါတယ္။