အယ်လ်ကလာစီကိုဒါဘီမှာ ရာသီစုသစ်အတွင်း ဒုတိယအသက်ငယ်ဆုံးဂိုးသွင်းသူဖြစ်လာတဲ့ ဖာတီ

ဘာစီလိုနာကို ရီးရဲလ်မက်ဒရစ်က ၃ဂိုး၊ ၁ဂိုးနဲ့ အနိုင်ရတဲ့ အယ်ကလာစီကိုဒါဘီမှာ ဘာစီလိုနာအသင်းအတွက် ချေပဂိုးသွင်းပေးခဲ့တဲ့ ဖာတီဟာ ၂၁ရာစုအတွင်း အယ်လ်ကလာစီကိုဒါဘီသမိုင်းတလျှောက် အသက်အငယ်ဆုံးဂိုးသွင်းသူဖြစ်လာပါတယ်။

ပွဲအစ ၅ မိနစ်မှာတင် လူငယ်ကွင်းလယ်လူ ဗယ်လ်ဗာဒီက ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဦးဆောင်ဂိုးစသွင်းပြီး နောက် ၃ မိနစ်အကြာမှာ ဖာတီက ချေပဂိုးပြန်သွင်းခဲ့ပါတယ်။
ဖာတီဟာ အသက် ၁၇နှစ်၊၃၅၉ရက်ပဲရှိသေးပြီး ဒီရာသီ ဘာစီလိုနာအသင်းမှာ စံချိန်သစ်တွေများစွာ ရေးထိုးနေသူလည်းဖြစ်ပါတယ်။

ဖာတီ မတိုင်ခင် အယ်လ်ကလာစီကိုဒါဘီသမိုင်းတလျှောက် ရာစုသစ်အတွင်း အသက်အငယ်ဆုံး ဂိုးသွင်းနိုင်သူ ဖြစ်ခဲ့တာက ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဗင်နီးဆီးယပ်စ်ဂျူနီယာပါ။

ဗင်နီးဆီးယပ်စ်ဂျူနီယာဟာ မတ်လက ဘာစီလိုနာကို ရီးရဲလ်မက်ဒရစ်က ၂ဂိုးပြတ်နဲ့နိုင်ခဲ့တဲ့ပွဲမှာ အနိုင်ဂိုး ၁ဂိုးသွင်းခဲ့ပြီး အဲဒီတုန်းက သူ့အသက်ဟာ ၁၉နှစ်နဲ့ ၂၃၃ရက်ပဲရှိပါသေးတယ်။ အသက် ၁၇နှစ်ကျော်ပဲရှိသေးတဲ့ ဖာတီဟာ ချန်ပီယံလိဂ်မှာလည်း ပြိုင်ပွဲသမိုင်းတလျှောက် အသက် ၁၈နှစ်မပြည့်ခင် ၂ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၀ခုနှစ်၊ သြဂုတ်လက စပိန်လက်ရွေးစင်အသင်းမှာ စတင်ရွေးချယ်ခံခဲ့ရတဲ့ ဖာတီဟာ စပိန်အသင်းမှာ အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဖာတီအတွက်စံချိန်သစ်တွေရခဲ့ပေမယ့် ဘာစီလိုနာအသင်းကတော့ အိမ်ကွင်းမှာ ရီးရဲလ်မက်ဒရစ်ကို ဘယ်လိုမှမယှဉ်နိုင်ဘဲ ဂိုးပြတ်ရှုံးခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်အတွက် ဒုတိယပိုင်းအနိုင်ဂိုးတွေကိုဆာဂျီယိုရာမို့စ်နဲ့ လူကာမိုဒရစ်တို့ကသွင်းခဲ့တာပါ။

အယ်လ်ကလာစီကိုဒါဘီသမိုင်းမှာ အသက်အငယ်ဆုံးဂိုးသွင်းနိုင်ခဲ့သူကတော့ ၁၉၄၇ မတ်လ ၃၀ရက်နေ့က ဂိုးသွင်းနိုင်ခဲ့တဲ့ အယ်လ်ဖွန်နာဗာရိုးဖြစ်ပါတယ်။

မှတ်တမ်းတွေအရတော့ အယ်လ်ဖွန်ဆိုနာဟာ အယ်လ်ကလာစီကိုဒါဘီမှာ ဂိုးသွင်းနိုင်ချိန်က အခု ဖာတီထက် ၃ရက်ပဲပိုငယ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ဖာတီဟာ အယ်လ်ဖွန်ဆိုနာဗားရိုး ပြီးရင် အယ်လ်ကလာစီကိုမှာ ဂိုးသွင်းနိုင်တဲ့ ဒုတိယအသက်အငယ်ဆုံးဂိုးသွင်းသူဆိုရင်လည်း မမှားပါဘူး။

စိတ်ဝင်စားစရာနောက်တစ်ချက်ကတော့ ဖာတီဟာ အယ်လ်ကလာစီကိုဒါဘီမှာ ၄၀၀ပြည့်သွင်းဂိုးကို သွင်းနိုင်ခဲ့သူဖြစ်ခဲ့တာပါ။

အရင် အယ်လ်ကလာစီကိုဒါဘီပွဲရဲ့ ၃၀၀ပြည့်သွင်းဂိုးကို လက်ရှိ စပိန်လက်ရွေးစင်နည်းပြ လူးဝစ်အင်းနရစ်ကသွင်းခဲ့ပြီး ၂၀၀ပြည့်သွင်းဂိုးကိုတော့ ရီးရဲလ်မက်ဒရစ်ကစားသမားနဲ့နည်းပြဟောင်း ဘန်ရှူးစတား ကသွင်းခဲ့ပါတယ်။

zawgyi

အယ္လ္ကလာစီကိုဒါဘီမွာ ရာသီစုသစ္အတြင္း ဒုတိယအသက္ငယ္ဆံုးဂိုးသြင္းသူျဖစ္လာတဲ့ ဖာတီ

ဘာစီလိုနာကို ရီးရဲလ္မက္ဒရစ္က ၃ဂိုး၊ ၁ဂုိးနဲ႔ အႏိုင္ရတဲ့ အယ္ကလာစီကိုဒါဘီမွာ ဘာစီလိုနာအသင္းအတြက္ ေခ်ပဂိုးသြင္းေပးခဲ့တဲ့ ဖာတီဟာ ၂၁ရာစုအတြင္း အယ္လ္ကလာစီကိုဒါဘီသမိုင္းတေလွ်ာက္ အသက္အငယ္ဆံုးဂိုးသြင္းသူျဖစ္လာပါတယ္။

ပြဲအစ ၅ မိနစ္မွာတင္ လူငယ္ကြင္းလယ္လူ ဗယ္လ္ဗာဒီက ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ဦးေဆာင္ဂိုးစသြင္းၿပီး ေနာက္ ၃ မိနစ္အၾကာမွာ ဖာတီက ေခ်ပဂိုးျပန္သြင္းခဲ့ပါတယ္။
ဖာတီဟာ အသက္ ၁၇နွစ္၊၃၅၉ရက္ပဲရွိေသးၿပီး ဒီရာသီ ဘာစီလိုနာအသင္းမွာ စံခ်ိန္သစ္ေတြမ်ားစြာ ေရးထိုးေနသူလည္းျဖစ္ပါတယ္။

ဖာတီ မတိုင္ခင္ အယ္လ္ကလာစီကိုဒါဘီသမိုင္းတေလွ်ာက္ ရာစုသစ္အတြင္း အသက္အငယ္ဆံုး ဂိုးသြင္းႏိုင္သူ ျဖစ္ခဲ့တာက ရီးရဲလ္မက္ဒရစ္တုိက္စစ္မွဴး ဗင္နီးဆီးယပ္စ္ဂ်ဴနီယာပါ။

ဗင္နီးဆီးယပ္စ္ဂ်ဴနီယာဟာ မတ္လက ဘာစီလိုနာကို ရီးရဲလ္မက္ဒရစ္က ၂ဂိုးျပတ္နဲ႔ႏိုင္ခဲ့တဲ့ပြဲမွာ အႏိုင္ဂိုး ၁ဂိုးသြင္းခဲ့ၿပီး အဲဒီတုန္းက သူ႔အသက္ဟာ ၁၉ႏွစ္နဲ႔ ၂၃၃ရက္ပဲရွိပါေသးတယ္။ အသက္ ၁၇ႏွစ္ေက်ာ္ပဲရွိေသးတဲ့ ဖာတီဟာ ခ်န္ပီယံလိဂ္မွာလည္း ၿပိဳင္ပြဲသမိုင္းတေလွ်ာက္ အသက္ ၁၈ႏွစ္မျပည့္ခင္ ၂ဂိုးသြင္းႏုိင္ခဲ့တဲ့ ကစားသမားျဖစ္ခဲ့ပါတယ္။

ဒါ့အျပင္ ၂၀၂၀ခုနွစ္၊ ၾသဂုတ္လက စပိန္လက္ေရြးစင္အသင္းမွာ စတင္ေရြးခ်ယ္ခံခဲ့ရတဲ့ ဖာတီဟာ စပိန္အသင္းမွာ အသက္အငယ္ဆံုးဂိုးသြင္းသူအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။

ဖာတီအတြက္စံခ်ိန္သစ္ေတြရခဲ့ေပမယ့္ ဘာစီလိုနာအသင္းကေတာ့ အိမ္ကြင္းမွာ ရီးရဲလ္မက္ဒရစ္ကို ဘယ္လိုမွမယွဥ္ႏိုင္ဘဲ ဂိုးျပတ္ရႈံးခဲ့ရပါတယ္။ ရီးရဲလ္မက္ဒရစ္အတြက္ ဒုတိယပိုင္းအႏိုင္ဂိုးေတြကိုဆာဂ်ီယိုရာမို႔စ္နဲ႔ လူကာမုိဒရစ္တို႔ကသြင္းခဲ့တာပါ။

အယ္လ္ကလာစီကိုဒါဘီသမိုင္းမွာ အသက္အငယ္ဆံုးဂိုးသြင္းႏိုင္ခဲ့သူကေတာ့ ၁၉၄၇ မတ္လ ၃၀ရက္ေန႔က ဂိုးသြင္းႏိုင္ခဲ့တဲ့ အယ္္လ္ဖြန္နာဗာရိုးျဖစ္ပါတယ္။

မွတ္တမ္းေတြအရေတာ့ အယ္လ္ဖြန္ဆိုနာဟာ အယ္လ္ကလာစီကိုဒါဘီမွာ ဂိုးသြင္းႏိုင္ခ်ိန္က အခု ဖာတီထက္ ၃ရက္ပဲပိုငယ္တယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ ဖာတီဟာ အယ္လ္ဖြန္ဆိုနာဗားရိုး ၿပီးရင္ အယ္လ္ကလာစီကိုမွာ ဂိုးသြင္းႏိုင္တဲ့ ဒုတိယအသက္အငယ္ဆံုးဂိုးသြင္းသူဆိုရင္လည္း မမွားပါဘူး။

စိတ္၀င္စားစရာေနာက္တစ္ခ်က္ကေတာ့ ဖာတီဟာ အယ္လ္ကလာစီကိုဒါဘီမွာ ၄၀၀ျပည့္သြင္းဂိုးကို သြင္းႏိုင္ခဲ့သူျဖစ္ခဲ့တာပါ။

အရင္ အယ္လ္ကလာစီကိုဒါဘီပြဲရဲ႕ ၃၀၀ျပည့္သြင္းဂိုးကို လက္ရွိ စပိန္လက္ေရြးစင္နည္းျပ လူး၀စ္အင္းနရစ္ကသြင္းခဲ့ၿပီး ၂၀၀ျပည့္သြင္းဂိုးကိုေတာ့ ရီးရဲလ္မက္ဒရစ္ကစားသမားနဲ႔နည္းျပေဟာင္း ဘန္ရွဴးစတား ကသြင္းခဲ့ပါတယ္။