အရန်အသင်းရဲ့ပြိုင်ဘက်အဖြစ်ကနေ ဘာစီလိုနာအသင်းကြီးရဲ့ပြိုင်ဘက်ဖြစ်လာတဲ့ ကော်နယ်လာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပိန်ဘုရင့်ဖလား တတိယအဆင့်ပွဲစဉ်တွေ ထွက်ပေါ်လာပြီဖြစ်လာရာ ဒုတိယအဆင့်မှာ လာလီဂါထိပ်ဆုံးရောက် အက်သလက်တီကိုအသင်းကို အံ့အားသင့်ဖွယ်ကျော်ဖြတ်လာတဲ့ ကော်နယ်လာဟာ အိမ်နီးချင်းပြိုင်ဘက် ဘာစီလိုနာအသင်းနဲ့ ဆက်လက်ပွဲကျပ်ကစားရတော့မှာဖြစ်ပါတယ်။

နည်းပြရော်နယ်ကိုးမန်းရဲ့အသင်းဟာ တတိယအဆင့်ကနေ စတင်ကစားခွင့်ရတာဖြစ်ပြီး ကော်နယ်လာက လာလီဂါချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ အက်သလက်တီကိုအသင်းကို ၁-၀ ဂိုးနဲ့ ကျော်ဖြတ်ထားလို့ ဒီပြိုင်ပွဲမှာ စံချိန်တင်အဖြစ် အကြိမ် ၃၀ ဗိုလ်စွဲထားတဲ့ ဘာစီလိုနာအနေနဲ့ ပေါ့ပေါ့ဆဆကစားလိုက်ရင် ခံစားသွားရနိုင်ပါတယ်။

ကော်နယ်လာရဲ့ အိမ်ကွင်းဖြစ်တဲ့ ကမ့်မြူနီစပယ်ကွင်းက ဘာစီလိုနာရဲ့နူးကမ့်ကွင်းနဲ့ ၁၀ မိုင်တောင်မကွာတဲ့နေရာမှာ ရှိတာဖြစ်ပြီး ဆီဂန်ဒါဘီမှာ ဘာစီလိုနာအရန်အသင်းရဲ့ပြိုင်ဘက်ဖြစ်နေတဲ့ ကော်နယ်လာအတွက်တော့ အိပ်မက်ဆန်တဲ့မဲခွဲမှုဖြစ်လာပါတယ်။

ကော်နယ်လာဟာ ဘာစီလိုနာအရန်အသင်းနဲ့ ပုံမှန်တွေ့ဆုံလေ့ရှိပေမယ့် အသင်းကြီးနဲ့တော့ ပြိုင်ပွဲအသွင် တစ်ခါမှမတွေ့ဖူးသေးပါဘူး။

ဘာစီလိုနာက ရာသီအစမှာ ရလဒ်တွေဆိုးရွားခဲ့ပေမယ့် ပြီးခဲ့တဲ့လအစက ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်စ်ကို ဝ-၃ ဂိုးနဲ့အရေးနိမ့်ခဲ့ပြီနောက် ၇ပွဲဆက်ရှုံးပွဲမရှိစံချိန်တင်ထားပြီး လာလီဂါမှာလည်း အဆင့် ၃နေရာ ရောက်နေပါတယ်။

ကော်နယ်လာဟာ စပိန်ဘုရင့်ဖလား တတိယအဆင့်မှာ တတိယတန်းကိုယ်စားပြုအသင်း ၆သင်းအနက် တစ်သင်းအပါအဝင်ဖြစ်ပြီး ဒုတိယအဆင့်မှာ လာလီဂါကလပ် ဟူစကာကို ကျော်ဖြတ်နိုင်ခဲ့တဲ့ တတိယတန်းကလပ် အယ်ကိုယာနိုက ဒီအဆင့်မှာလည်း လာလီဂါချန်ပီယံ ရီးရဲလ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။


ဘီလ်ဘာအိုက အိုင်ဘီဇာအသင်းနဲ့ အဝေးကွင်းပွဲကစားရမှာဖြစ်ပြီး ဆိုစီဒက်ကလည်း ကော်ဒိုဘာနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အဆင့်နိမ့်ကလပ်တွေက တတိယအဆင့်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိမှာဖြစ်ပြီး ပွဲတွေကိုတော့ ဇန်နဝရီလ ၁၆၊ ၁၇၊ ၂၀(သို့) ၂၁ ရက်နေ့တွေမှာ ကျင်းပမှာဖြစ်ပါတယ်။


ဘာစီလိုနာ၊ ရီးရဲလ်၊ ဘီလ်ဘာအိုနဲ့ ဆိုစီဒက်တို့ဟာ စပိန်စူပါဖလားပြိုင်ပွဲ အရင်ကစားရမှာဖြစ်ပြီး အဲဒီပြိုင်ပွဲကို ဇန်နဝါရီလ ၁၃ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အရန္အသင္းရဲ႕ၿပိဳင္ဘက္အျဖစ္ကေန ဘာစီလုိနာအသင္းႀကီးရဲ႕ၿပိဳင္ဘက္ျဖစ္လာတဲ့ ေကာ္နယ္လာ

စပိန္ဘုရင့္ဖလား တတိယအဆင့္ပြဲစဥ္ေတြ ထြက္ေပၚလာၿပီျဖစ္လာရာ ဒုတိယအဆင့္မွာ လာလီဂါထိပ္ဆုံးေရာက္ အက္သလက္တီကိုအသင္းကို အံ့အားသင့္ဖြယ္ေက်ာ္ျဖတ္လာတဲ့ ေကာ္နယ္လာဟာ အိမ္နီးခ်င္းၿပိဳင္ဘက္ ဘာစီလုိနာအသင္းနဲ႔ ဆက္လက္ပြဲက်ပ္ကစားရေတာ့မွာျဖစ္ပါတယ္။ နည္းျပေရာ္နယ္ကိုးမန္းရဲ႕အသင္းဟာ တတိယအဆင့္ကေန စတင္ကစားခြင့္ရတာျဖစ္ၿပီး ေကာ္နယ္လာက လာလီဂါခ်န္ပီယံျဖစ္ဖို႔ ေရပန္းစားေနတဲ့ အက္သလက္တီကိုအသင္းကို ၁-၀ ဂိုးနဲ႔ ေက်ာ္ျဖတ္ထားလုိ႔ ဒီၿပိဳင္ပြဲမွာ စံခ်ိန္တင္အျဖစ္ အႀကိမ္ ၃၀ ဗုိလ္စြဲထားတဲ့ ဘာစီလုိနာအေနနဲ႔ ေပါ့ေပါ့ဆဆကစားလုိက္ရင္ ခံစားသြားရႏိုင္ပါတယ္။

ေကာ္နယ္လာရဲ႕ အိမ္ကြင္းျဖစ္တဲ့ ကမ့္ျမဴနီစပယ္ကြင္းက ဘာစီလုိနာရဲ႕ႏူးကမ့္ကြင္းနဲ႔ ၁၀ မိုင္ေတာင္မကြာတဲ့ေနရာမွာ ရွိတာျဖစ္ၿပီး ဆီဂန္ဒါဘီမွာ ဘာစီလုိနာအရန္အသင္းရဲ႕ၿပိဳင္ဘက္ျဖစ္ေနတဲ့ ေကာ္နယ္လာအတြက္ေတာ့ အိပ္မက္ဆန္တဲ့မဲခြဲမႈျဖစ္လာပါတယ္။ ေကာ္နယ္လာဟာ ဘာစီလုိနာအရန္အသင္းနဲ႔ ပုံမွန္ေတြ႕ဆုံေလ့ရွိေပမယ့္ အသင္းႀကီးနဲ႔ေတာ့ ၿပိဳင္ပြဲအသြင္ တစ္ခါမွမေတြ႕ဖူးေသးပါဘူး။

ဘာစီလုိနာက ရာသီအစမွာ ရလဒ္ေတြဆုိးရြားခဲ့ေပမယ့္ ၿပီးခဲ့တဲ့လအစက ခ်န္ပီယံလိဂ္မွာ ဂ်ဴဗင္တပ္စ္ကို ၀-၃ ဂိုးနဲ႔အေရးနိမ့္ခဲ့ၿပီေနာက္ ၇ပဲြဆက္႐ံႈးပြဲမရွိစံခ်ိန္တင္ထားၿပီး လာလီဂါမွာလည္း အဆင့္ ၃ေနရာ ေရာက္ေနပါတယ္။ ေကာ္နယ္လာဟာ စပိန္ဘုရင့္ဖလား တတိယအဆင့္မွာ တတိယတန္းကိုယ္စားျပဳအသင္း ၆သင္းအနက္ တစ္သင္းအပါအ၀င္ျဖစ္ၿပီး ဒုတိယအဆင့္မွာ လာလီဂါကလပ္ ဟူစကာကို ေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ တတိယတန္းကလပ္ အယ္ကိုယာႏိုက ဒီအဆင့္မွာလည္း လာလီဂါခ်န္ပီယံ ရီးရဲလ္နဲ႔ ရင္ဆုိင္ရမွာျဖစ္ပါတယ္။ ဘီလ္ဘာအိုက အိုင္ဘီဇာအသင္းနဲ႔ အေ၀းကြင္းပြဲကစားရမွာျဖစ္ၿပီး ဆုိစီဒက္ကလည္း ေကာ္ဒိုဘာနဲ႔ ရင္ဆုိင္ရမွာျဖစ္ပါတယ္။

အဆင့္နိမ့္ကလပ္ေတြက တတိယအဆင့္မွာ အိမ္ရွင္အျဖစ္ လက္ခံက်င္းပခြင့္ရရိွမွာျဖစ္ၿပီး ပြဲေတြကိုေတာ့ ဇန္န၀ရီလ ၁၆၊ ၁၇၊ ၂၀(သို႔) ၂၁ ရက္ေန႔ေတြမွာ က်င္းပမွာျဖစ္ပါတယ္။ ဘာစီလုိနာ၊ ရီးရဲလ္၊ ဘီလ္ဘာအိုနဲ႔ ဆုိစီဒက္တုိ႔ဟာ စပိန္စူပါဖလားၿပိဳင္ပဲြ အရင္ကစားရမွာျဖစ္ၿပီး အဲဒီၿပိဳင္ပြဲကို ဇန္န၀ါရီလ ၁၃ ရက္ေန႔ကေန ၁၇ ရက္ေန႔အထိ က်င္းပမွာျဖစ္ပါတယ္။