
မေဆင်မောင့်ကယူရို၂၀၂၀ပြိုင်ပွဲတုန်းကကိုဗစ်စည်းမျဉ်းကြောင့်အရေးပါတဲ့
ပွဲအချို့ကိုလွဲချော်ခဲ့ရပြီးနောက်ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးရန်
ဆုံးဖြတ်ခဲ့ကြောင်းဖွင့်လလာပါတယ်။အင်္ဂလန်အလယ်တန်းကစားသမား
မေဆင်မောင့်ဟာ စကော့တလန်နှင့်ယူရို၂၀၂၀ပွဲစဉ်အပြီးတွင်
ချဲလ်ဆီကစားဖော်ဘီလီဂေးလ်မိုးနှင့်ထိတွေ့ခဲ့မှုကြောင့်ဘင်ချဲလ်ဝဲလ်နှင့်အတူ
ကွာရန်တင်းဝင်ခဲ့ရသူဖြစ်ပါတယ်။
သူဟာချက်၊ဂျာမနီတို့နှင့်အရေးပါတဲ့ပွဲစဉ်များကို
လွဲခဲ့ရပါတယ်။ဒါကြောင့်လည်းအသက်၂၂နှစ်ရှိအလယ်တန်းကစားသမားဟာ
ယင်းသို့ဖြစ်ရပ်မျိုးထပ်မံမကြုံတွေ့ချင်တာကြောင့်ကိုဗစ်ကာကွယ်ဆေးထိုးရန်
ဆုံးဖြတ်ခဲ့ပါတယ်။ မောင့်က “ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးပါပြီ။
ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေ၊ပွဲတွေလွဲခဲ့ရတွေက၊တကယ့်ကိုအရေးပါတဲ့
ထိပ်တန်းပွဲတစ်ပွဲလွဲခဲ့တာတွေကကျွန်တော့်ဆုံးဖြတ်ချက်ကိုရိုက်ခတ်ခဲ့ပါတယ်”လို့
ပြောကြားသွားပါတယ်။
ဒါ့အပြင်ကိုဗစ်ကာကွယ်ဆေးမထိုးတဲ့ပရီးမီးယားလိဂ်
စတားများနှင့်ပတ်သက်ပြီးမေဆင်မောင့်က “ဒါကကစားသမားတွေရဲ့ခံစားချက်နဲ့ဘဲ
သက်ဆိုင်ပါတယ်။ဆေးထိုးဖို့အတင်းဖိအားပေးလို့မရပါဘူး။ ဒါပေမယ့်
ကျွန်တော်ကတော့ကိုဗစ်နဲ့ပတ်သက်ပြီးတွေ့ကြုံခဲ့ဖူးတော့ဆေးထိုးဖို့ဆုံးဖြတ်ခဲ့တယ်။
အမြန်ဆုံးဘဲထိုးခဲ့တာပါ”လို့ပြောကြားသွားပါတယ်။
zawgyi
အေရးပါတဲ့ပြဲအခ်ိဳ႕ကိုလြဲေခ်ာ္ခဲ့ရၿပီးေနာက္ ကိုဗစ္ကာကြယ္ေဆးႏွစ္ႀကိမ္ထိုးခဲ့ေၾကာင္း ေမဆင္ေမာင့္အတည္ျပဳလာ
ေမဆင္ေမာင့္ကယူ႐ို၂၀၂၀ၿပိဳင္ပြဲတုန္းကကိုဗစ္စည္းမ်ဥ္းေၾကာင့္အေရးပါတဲ့
ပြဲအခ်ိဳ႕ကိုလြဲေခ်ာ္ခဲ့ရၿပီးေနာက္ကိုဗစ္ကာကြယ္ေဆးႏွစ္ႀကိမ္ထိုးရန္
ဆုံးျဖတ္ခဲ့ေၾကာင္းဖြင့္လလာပါတယ္။အဂၤလန္အလယ္တန္းကစားသမား
ေမဆင္ေမာင့္ဟာ စေကာ့တလန္ႏွင့္ယူ႐ို၂၀၂၀ပြဲစဥ္အၿပီးတြင္
ခ်ဲလ္ဆီကစားေဖာ္ဘီလီေဂးလ္မိုးႏွင့္ထိေတြ႕ခဲ့မႈေၾကာင့္ဘင္ခ်ဲလ္ဝဲလ္ႏွင့္အတူ
ကြာရန္တင္းဝင္ခဲ့ရသူျဖစ္ပါတယ္။ သူဟာခ်က္၊ဂ်ာမနီတို႔ႏွင့္အေရးပါတဲ့ပြဲစဥ္မ်ားကို
လြဲခဲ့ရပါတယ္။ဒါေၾကာင့္လည္းအသက္၂၂ႏွစ္ရွိအလယ္တန္းကစားသမားဟာ
ယင္းသို႔ျဖစ္ရပ္မ်ိဳးထပ္မံမႀကဳံေတြ႕ခ်င္တာေၾကာင့္ကိုဗစ္ကာကြယ္ေဆးထိုးရန္
ဆုံးျဖတ္ခဲ့ပါတယ္။ ေမာင့္က “ကာကြယ္ေဆးႏွစ္ႀကိမ္ထိုးၿပီးပါၿပီ။
ႀကဳံေတြ႕ခဲ့ရတဲ့အေတြ႕အႀကဳံေတြ၊ပြဲေတြလြဲခဲ့ရေတြက၊တကယ့္ကိုအေရးပါတဲ့
ထိပ္တန္းပြဲတစ္ပြဲလြဲခဲ့တာေတြကကြၽန္ေတာ့္ဆုံးျဖတ္ခ်က္ကို႐ိုက္ခတ္ခဲ့ပါတယ္”လို႔
ေျပာၾကားသြားပါတယ္။ ဒါ့အျပင္ကိုဗစ္ကာကြယ္ေဆးမထိုးတဲ့ပရီးမီးယားလိဂ္
စတားမ်ားႏွင့္ပတ္သက္ၿပီးေမဆင္ေမာင့္က “ဒါကကစားသမားေတြရဲ႕ခံစားခ်က္နဲ႔ဘဲ
သက္ဆိုင္ပါတယ္။ေဆးထိုးဖို႔အတင္းဖိအားေပးလို႔မရပါဘူး။ ဒါေပမယ့္
ကြၽန္ေတာ္ကေတာ့ကိုဗစ္နဲ႔ပတ္သက္ၿပီးေတြ႕ႀကဳံခဲ့ဖူးေတာ့ေဆးထိုးဖို႔ဆုံးျဖတ္ခဲ့တယ္။
အျမန္ဆုံးဘဲထိုးခဲ့တာပါ”လို႔ေျပာၾကားသြားပါတယ္။