အရေးပါတဲ့ ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရနေပေမယ့် လူငယ်အသင်းလုပ်ခသာရရှိနေသေးတဲ့ ဂါဗီ

ဘာစီလိုနာလူငယ်ပါရမီရှင်ဂါဗီဟာနူးကမ့်တွင်တစ်ပတ်လုပ်ခ

ပေါင်၁၆၀၀တည်းသာရရှိနေကြောင်းသိရပါတယ်။အသက်၁၇နှစ်ရှိ

စပိန်လက်ရွေးစင်ကစားသမားဟာလူငယ်အသင်းလုပ်ခသာရရှိနေသေးတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်းသူဟာဘာစီလိုနာနှင့်နှစ်ရှည်စာချုပ်သစ်တစ်ခု ချုပ်ဆိုဖို့

ဆွေးနွေးနေပြီး စာချုပ်သစ်ချုပ်ဆိုပြီးပါကသန်းကြွယ်သူဌေးဖြစ်လာဖို့

သေချာနေပါတယ်။သူဟာဘာစီလိုနာနှင့်စာချုပ်သစ်ချုပ်ဆိုပြီးပါက

စာချုပ်ချုပ်ဆိုကြေး ပေါင် ၁.၇သန်းရရှိလာပါမယ်။

လူငယ်ကစားသမားလေးဟာယခုရာသီတွင်ကိုးမန်းလက်ထက်မှာ

စီနီယာအသင်းသို့ တက်လှမ်းလာနိုင်ခဲ့သူဖြစ်ပြီး နည်းပြသစ်ဇာဗီးလက်ထက်တွင်လည်း

ပုံမှန်ပွဲထွက်ကစားခွင့်ရရှိနေပါတယ်။

Cadena SER ရဲ့ဖော်ပြချက်အရဂါဗီဟာဘာစီလိုနာနှင့်၂၀၂၆ခုနှစ်အထိ

စာချုပ်သစ်ချုပ်ဆိုရန်နီးစပ်နေကြောင်းသိရပါတယ်။

သူဟာလက်ရှိအချိန်တွင်ဘာစီလိုနာမှာတစ်နှစ်လုပ်ခ

ပေါင်၈၅၀၀၀ တည်းသာရရှိနေပေမယ့်လည်း

ယခုရာသီမှာလာလီဂါနှင့်ချန်ပီယံလိဂ်တို့မှာ၂၁ပွဲကစားထားပါတယ်။

သူဟာ၁ဂိုးသွင်းကာ၃ကြိမ်ဖန်တီးထားပါတယ်။

သူဟာအသက်၁၇နှစ်သာရှိနေသေးပေမယ့်လည်း

စပိန်အသင်းတွင်လည်းပုံမှန်ကစားခွင့်ရနေပါတယ်။

zawgyi

အေရးပါတဲ့ ပြဲထြက္ကစားသမားအျဖစ္ ကစားခြင့္ရေနေပမယ့္ လူငယ္အသင္းလုပ္ခသာရရွိေနေသးတဲ့ ဂါဗီ

ဘာစီလိုနာလူငယ္ပါရမီရွင္ဂါဗီဟာႏူးကမ့္တြင္တစ္ပတ္လုပ္ခ

ေပါင္၁၆၀၀တည္းသာရရွိေနေၾကာင္းသိရပါတယ္။အသက္၁၇ႏွစ္ရွိ

စပိန္လက္ေ႐ြးစင္ကစားသမားဟာလူငယ္အသင္းလုပ္ခသာရရွိေနေသးတာ ျဖစ္ပါတယ္။

ဒါေပမဲ့လည္းသူဟာဘာစီလိုနာႏွင့္ႏွစ္ရွည္စာခ်ဳပ္သစ္တစ္ခု ခ်ဳပ္ဆိုဖို႔

ေဆြးေႏြးေနၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုၿပီးပါကသန္းႂကြယ္သူေဌးျဖစ္လာဖို႔

ေသခ်ာေနပါတယ္။သူဟာဘာစီလိုနာႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုၿပီးပါက

စာခ်ဳပ္ခ်ဳပ္ဆိုေၾကး ေပါင္ ၁.၇သန္းရရွိလာပါမယ္။

လူငယ္ကစားသမားေလးဟာယခုရာသီတြင္ကိုးမန္းလက္ထက္မွာ

စီနီယာအသင္းသို႔ တက္လွမ္းလာႏိုင္ခဲ့သူျဖစ္ၿပီး နည္းျပသစ္ဇာဗီးလက္ထက္တြင္လည္း

ပုံမွန္ပြဲထြက္ကစားခြင့္ရရွိေနပါတယ္။

Cadena SER ရဲ႕ေဖာ္ျပခ်က္အရဂါဗီဟာဘာစီလိုနာႏွင့္၂၀၂၆ခုႏွစ္အထိ

စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္နီးစပ္ေနေၾကာင္းသိရပါတယ္။

သူဟာလက္ရွိအခ်ိန္တြင္ဘာစီလိုနာမွာတစ္ႏွစ္လုပ္ခ

ေပါင္၈၅၀၀၀ တည္းသာရရွိေနေပမယ့္လည္း

ယခုရာသီမွာလာလီဂါႏွင့္ခ်န္ပီယံလိဂ္တို႔မွာ၂၁ပြဲကစားထားပါတယ္။

သူဟာ၁ဂိုးသြင္းကာ၃ႀကိမ္ဖန္တီးထားပါတယ္။

သူဟာအသက္၁၇ႏွစ္သာရွိေနေသးေပမယ့္လည္း

စပိန္အသင္းတြင္လည္းပုံမွန္ကစားခြင့္ရေနပါတယ္။