အရှုံးနှင့်ရင်ဆိုင်ခဲ့ရပေမယ့်လည်းပွဲအပြီးမှာမိုဟာမက်ဆာလက်ရဲ့အင်္ကျီကိုရယူနိုင်ရေးအပြိုင်ကြိုးပမ်းခဲ့တဲ့ ဂါဘွန်ကစားသမားများ

မိုဟာမက်ဆာလက်ဟာလက်ရှိအချိန်မှာကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ်

တင်စားခြင်းခံထားရသူဖြစ်ပါတယ်။သူ့ရဲ့ယခုရာသီလီဗာပူးနှင့်ခြေစွမ်းကြောင့်

တစ်ကမ္ဘာလုံးမှပရိသတ်များရဲ့အားပေးမှုရရှိလာနေပါတယ်။

ဘောလုံးပရိသတ်များဟာမိုဟာမက်ဆာလက်ရဲ့ခြေစွမ်းအပေါ်

လေးစားအံ့ဩနေကြတာမဟုတ်ပါဘူး။ဘောလုံးသမားများကလည်း

အီဂျစ်ဘုရင်ရဲ့ကွင်းတွင်ခြေစွမ်းကိုလေးစားလျက်ရှိကြပါတယ်။

ဒါကိုမကြာသေးမီတုန်းကကစားခဲ့တဲ့အီဂျစ်နှင့်ဂါဘွန်တို့ရဲ့

ကမ္ဘာ့ဖလားခြေစစ်ပွဲမှာသက်သေပြခဲ့ပါတယ်။ဂါဘွန်ကို၂-၁ဂိုးဖြင့်

အနိုင်ရရှိတဲ့ယင်းပွဲမှာမိုဟာမက်ဆာလက်ဟာဒုတိယပိုင်း၁၅မိနစ်မှာ

လူစားဝင်ရောက်ကစားခဲ့ပါတယ်။

ဂါဘွန်ကစားသမားများဟာအရှုံးနှင့်ရင်ဆိုင်ခဲ့ရပေမယ့်လည်းပွဲအပြီးမှာ

မိုဟာမက်ဆာလက်ရဲ့အင်္ကျီကိုရယူနိုင်ရေးအပြိုင်ကြိုးပမ်းခဲ့ကြပါတယ်။

အသက်၂၉နှစ်ရှိဆာလက်ဟာပွဲအပြီးမှာကွင်းမှထွက်ခွာဖို့

လမ်းလျှောက်လာချိန်မှာဂါဘွန်ကစားသမားများဟာအာဖရိကရဲ့

အကောင်းဆုံးကစားသမားရဲ့အင်္ကျီကိုအမှတ်တရရယူနိုင်ရေး

ဝိုင်းဝန်းကြိုးပမ်းခဲ့ကြပါတယ်။သူဟာသူ့အင်္ကျီကိုဘယ်သူ့ကိုမှမပေးဘဲ

ဥမင်လှိုဏ်ခေါင်းထဲသို့ဝင်ရောက်သွားခဲ့ပါတယ်။

ဆာလက်ဟာ သူ့အင်္ကျီကိုတစ်ယောက်ယောက်ကိုပေးဖို့ကတိပေးပြီးသားဖြစ်နေပုံပါ။

သူဥမင်လှိုဏ်ခေါင်းသို့ဝင်ရောက်ချိန်မှာလည်း

ဘော်ဒီဂတ်နှစ်ဦးကဝိုင်းရံပေးသွားခဲ့တာတွေ့ရပါတယ်။

ဆာလက်ဟာယင်းပွဲမတိုင်မီအန်ဂိုလာနှင့်နှစ်ဂိုးစီသရေကျတဲ့ပွဲတွင်လည်း

ပွဲကစားချိန်အတွင်းအန်ဂိုလာပရိသတ်များကွင်းအတွင်းဝင်ရောက်ကာ

Selfie ဓာတ်ပုံရိုက်ကူးခြင်းခံခဲ့ရပြီးပွဲကိုမကြာခဏရပ်နားခဲ့ရပါတယ်။

zawgyi

အရႈံးႏွင့္ရင္ဆိုင္ခဲ့ရေပမယ့္လည္းပြဲအၿပီးမွာမိုဟာမက္ဆာလက္ရဲ႕အက်ႌကိုရယူႏိုင္ေရးအၿပိဳင္ႀကိဳးပမ္းခဲ့တဲ့ ဂါဘြန္ကစားသမားမ်ား

မိုဟာမက္ဆာလက္ဟာလက္ရွိအခ်ိန္မွာကမာၻ႔အေကာင္းဆုံးကစားသမားအျဖစ္

တင္စားျခင္းခံထားရသူျဖစ္ပါတယ္။သူ႔ရဲ႕ယခုရာသီလီဗာပူးႏွင့္ေျခစြမ္းေၾကာင့္

တစ္ကမာၻလုံးမွပရိသတ္မ်ားရဲ႕အားေပးမႈရရွိလာေနပါတယ္။

ေဘာလုံးပရိသတ္မ်ားဟာမိုဟာမက္ဆာလက္ရဲ႕ေျခစြမ္းအေပၚ

ေလးစားအံ့ဩေနၾကတာမဟုတ္ပါဘူး။ေဘာလုံးသမားမ်ားကလည္း

အီဂ်စ္ဘုရင္ရဲ႕ကြင္းတြင္ေျခစြမ္းကိုေလးစားလ်က္ရွိၾကပါတယ္။

ဒါကိုမၾကာေသးမီတုန္းကကစားခဲ့တဲ့အီဂ်စ္ႏွင့္ဂါဘြန္တို႔ရဲ႕

ကမာၻ႔ဖလားေျခစစ္ပြဲမွာသက္ေသျပခဲ့ပါတယ္။ဂါဘြန္ကို၂-၁ဂိုးျဖင့္

အႏိုင္ရရွိတဲ့ယင္းပြဲမွာမိုဟာမက္ဆာလက္ဟာဒုတိယပိုင္း၁၅မိနစ္မွာ

လူစားဝင္ေရာက္ကစားခဲ့ပါတယ္။

ဂါဘြန္ကစားသမားမ်ားဟာအရႈံးႏွင့္ရင္ဆိုင္ခဲ့ရေပမယ့္လည္းပြဲအၿပီးမွာ

မိုဟာမက္ဆာလက္ရဲ႕အက်ႌကိုရယူႏိုင္ေရးအၿပိဳင္ႀကိဳးပမ္းခဲ့ၾကပါတယ္။

အသက္၂၉ႏွစ္ရွိဆာလက္ဟာပြဲအၿပီးမွာကြင္းမွထြက္ခြာဖို႔

လမ္းေလွ်ာက္လာခ်ိန္မွာဂါဘြန္ကစားသမားမ်ားဟာအာဖရိကရဲ႕

အေကာင္းဆုံးကစားသမားရဲ႕အက်ႌကိုအမွတ္တရရယူႏိုင္ေရး

ဝိုင္းဝန္းႀကိဳးပမ္းခဲ့ၾကပါတယ္။သူဟာသူ႔အက်ႌကိုဘယ္သူ႔ကိုမွမေပးဘဲ

ဥမင္လႈိဏ္ေခါင္းထဲသို႔ဝင္ေရာက္သြားခဲ့ပါတယ္။ဆာလက္ဟာ

သူ႔အက်ႌကိုတစ္ေယာက္ေယာက္ကိုေပးဖို႔ကတိေပးၿပီးသားျဖစ္ေနပုံပါ။

သူဥမင္လႈိဏ္ေခါင္းသို႔ဝင္ေရာက္ခ်ိန္မွာလည္

းေဘာ္ဒီဂတ္ႏွစ္ဦးကဝိုင္းရံေပးသြားခဲ့တာေတြ႕ရပါတယ္။

ဆာလက္ဟာယင္းပြဲမတိုင္မီအန္ဂိုလာႏွင့္ႏွစ္ဂိုးစီသေရက်တဲ့ပြဲတြင္လည္း

ပြဲကစားခ်ိန္အတြင္းအန္ဂိုလာပရိသတ္မ်ားကြင္းအတြင္းဝင္ေရာက္ကာ

Selfie ဓာတ္ပုံ႐ိုက္ကူးျခင္းခံခဲ့ရၿပီးပြဲကိုမၾကာခဏရပ္နားခဲ့ရပါတယ္။