အလစ်ဆင်ရဲ့ အမှားသုံးကြိမ်ပြုလုပ်မှုကနေ သုံးဂိုးပေးခဲ့ရပြီး လီဗာပူးဟာ ယခုရာသီပထမဆုံးပရီးမီးယားလိဂ်ရှုံးပွဲကြုံခဲ့ရ

လီဗာပူးဟာမနေ့ညတုန်းကဝက်စ်ဟမ်းကိုလန်ဒန်ကွင်းတွင်ရှုံးနိမ့်ကာ

ယခုရာသီပထမဆုံးပရီးမီးယားလိဂ်ရှုံးပွဲကြုံခဲ့ရပါတယ်။လီဗာပူးဟာဂိုးသမား

အလစ်ဆင်ရဲ့အမှားသုံးကြိမ်ပြုလုပ်မှုကနေသုံးဂိုးပေးခဲ့ရပြီးဝက်စ်ဟမ်းကို

၃-၂ဂိုးဖြင့်ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ လီဗာပူးဟာဧပြီလ၆ရက်နေ့တုန်းက

ရီးရဲလ်မက်ဒရစ်အသင်းကို၃-၁ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ပထမဆုံးရှုံးပွဲကြုံခဲ့ရတာဖြစ်ပြီး

လီဗာပူးဟာ၂၅ပွဲဆက်တိုက်ရှုံးပွဲမရှိမှတ်တမ်းရပ်တန့်သွားခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးပရိသတ်များဟာယခုရာသီပထမဆုံးရှုံးပွဲကြုံတွေ့ရမှုနဲ့အတူ

ဂိုးသမားအလစ်ဆင်ကိုအပြင်းအထန်ဝေဖန်မှုများပြုလုပ်နေကြပါတယ်။

အလစ်ဆင်ဟာဝက်စ်ဟမ်းမှပါဘလိုဖော်နယ်ရဲ့ထောင့်ကန်ဘောကို

တွက်ချက်မှုမှားကာကိုယ့်ဂိုးပေါက်ထည့်ပြန်ထည့်သလိုဖြစ်ခဲ့ပြီးဂိုးပေးခဲ့ပါတယ်။

ယင်းဂိုးကိုပထမပိုင်းမပြီးခင်ထရန်းအလက်ဇန္ဒားအာနိုးကပြန်လည်ချေပခဲ့ပါတယ်။

ဒါပေမယ့်၆၇မိနစ်နဲ့၇၄မိနစ်တို့မှာဖော်နယ်နှင့်ဇူးမားတို့ကဝက်စ်ဟမ်း

အတက်ဂိုးသွင်းခဲ့ကြပြီးလီဗာပူးအတွက်ဒုတိယချေပဂိုးကိုအိုရီဂီကသွင်းယူခဲ့ပါတယ်။

အလစ်ဆင်ဟာဖော်နယ်နှင့်ဇူးမားတို့ရဲ့ဂိုးကိုကာကွယ်နိုင်တဲ့အနေအထားမျိုးမှ

ပေးခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်လည်းလီဗာပူးပရိသတ်များကအလစ်ဆင်ကို

ဝေဖန်နေကြတာဖြစ်ပါတယ်။လီဗာပူးပရိသတ်တစ်ဦးက “အလီဆင်ဟာက

နေ့ပွဲမှာတစ်ပွဲလုံးအိပ်ပျော်နေခဲ့တယ်။ညံ့တယ်”လို့ဝေဖန်သွားသလို

ပရိသတ်တစ်ဦးကလည်း “အလစ်ဆင်အတွက်လီဗာပူးကစားသမားဘဝ

တစ်လျှောက်အဆိုးရွားဆုံးပွဲပဲ”လို့ဆိုသွားပါတယ်။

လီဗာပူးဟာဝက်စ်ဟမ်းနှင့်ပွဲတွင်မရှုံးနိမ့်ပါက၁၉၈၂ခုနှစ်တုန်းက

ဘော့ဘ်ပိုင်စလေတက်ခဲ့တဲ့ကလပ်သမိုင်းတွင်ရှုံးပွဲမရှိမှတ်တမ်းအများဆုံးဖြစ်တဲ့

၂၆ပွဲစံချိန်ကိုလိုက်မီမှာလည်းဖြစ်ပါတယ်။

zawgyi

အလစ္ဆင္ရဲ႕ အမွားသုံးႀကိမ္ျပဳလုပ္မႈကေန သုံးဂိုးေပးခဲ့ရၿပီး လီဗာပူးဟာ ယခုရာသီပထမဆုံးပရီးမီးယားလိဂ္ရႈံးပြဲႀကဳံခဲ့ရ

လီဗာပူးဟာမေန႔ညတုန္းကဝက္စ္ဟမ္းကိုလန္ဒန္ကြင္းတြင္ရႈံးနိမ့္ကာ

ယခုရာသီပထမဆုံးပရီးမီးယားလိဂ္ရႈံးပြဲႀကဳံခဲ့ရပါတယ္။လီဗာပူးဟာဂိုးသမား

အလစ္ဆင္ရဲ႕အမွားသုံးႀကိမ္ျပဳလုပ္မႈကေနသုံးဂိုးေပးခဲ့ရၿပီးဝက္စ္ဟမ္းကို

၃-၂ဂိုးျဖင့္ရႈံးနိမ့္ခဲ့တာလည္းျဖစ္ပါတယ္။ လီဗာပူးဟာဧၿပီလ၆ရက္ေန႔တုန္းက

ရီးရဲလ္မက္ဒရစ္အသင္းကို၃-၁ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ပထမဆုံးရႈံးပြဲႀကဳံခဲ့ရတာျဖစ္ၿပီး

လီဗာပူးဟာ၂၅ပြဲဆက္တိုက္ရႈံးပြဲမရွိမွတ္တမ္းရပ္တန႔္သြားခဲ့ၿပီျဖစ္ပါတယ္။

လီဗာပူးပရိသတ္မ်ားဟာယခုရာသီပထမဆုံးရႈံးပြဲႀကဳံေတြ႕ရမႈနဲ႔အတူ

ဂိုးသမားအလစ္ဆင္ကိုအျပင္းအထန္ေဝဖန္မႈမ်ားျပဳလုပ္ေနၾကပါတယ္။

အလစ္ဆင္ဟာဝက္စ္ဟမ္းမွပါဘလိုေဖာ္နယ္ရဲ႕ေထာင့္ကန္ေဘာကို

တြက္ခ်က္မႈမွားကာကိုယ့္ဂိုးေပါက္ထည့္ျပန္ထည့္သလိုျဖစ္ခဲ့ၿပီးဂိုးေပးခဲ့ပါတယ္။

ယင္းဂိုးကိုပထမပိုင္းမၿပီးခင္ထရန္းအလက္ဇႏၵားအာႏိုးကျပန္လည္ေခ်ပခဲ့ပါတယ္။

ဒါေပမယ့္၆၇မိနစ္နဲ႔၇၄မိနစ္တို႔မွာေဖာ္နယ္ႏွင့္ဇူးမားတို႔ကဝက္စ္ဟမ္း

အတက္ဂိုးသြင္းခဲ့ၾကၿပီးလီဗာပူးအတြက္ဒုတိယေခ်ပဂိုးကိုအိုရီဂီကသြင္းယူခဲ့ပါတယ္။

အလစ္ဆင္ဟာေဖာ္နယ္ႏွင့္ဇူးမားတို႔ရဲ႕ဂိုးကိုကာကြယ္ႏိုင္တဲ့အေနအထားမ်ိဳးမွ

ေပးခဲ့ရတာျဖစ္ပါတယ္။ဒါေၾကာင့္လည္းလီဗာပူးပရိသတ္မ်ားကအလစ္ဆင္ကို

ေဝဖန္ေနၾကတာျဖစ္ပါတယ္။လီဗာပူးပရိသတ္တစ္ဦးက “အလီဆင္ဟာက

ေန႔ပြဲမွာတစ္ပြဲလုံးအိပ္ေပ်ာ္ေနခဲ့တယ္။ညံ့တယ္”လို႔ေဝဖန္သြားသလို

ပရိသတ္တစ္ဦးကလည္း “အလစ္ဆင္အတြက္လီဗာပူးကစားသမားဘဝ

တစ္ေလွ်ာက္အဆိုး႐ြားဆုံးပြဲပဲ”လို႔ဆိုသြားပါတယ္။

လီဗာပူးဟာဝက္စ္ဟမ္းႏွင့္ပြဲတြင္မရႈံးနိမ့္ပါက၁၉၈၂ခုႏွစ္တုန္းက

ေဘာ့ဘ္ပိုင္စေလတက္ခဲ့တဲ့ကလပ္သမိုင္းတြင္ရႈံးပြဲမရွိမွတ္တမ္းအမ်ားဆုံးျဖစ္တဲ့

၂၆ပြဲစံခ်ိန္ကိုလိုက္မီမွာလည္းျဖစ္ပါတယ္။