အလန်းစားစကေးနဲ့ ပြိုင်ဘက် ၃ဦးကို ကောင်းကောင်းကြီး လှည့်စားလိုက်တဲ့ နေမာ

အရှိန်မြင့်တက်လာတဲ့ ယူရို ၂၀၂၀ ကြောင့် မနက်အစောကြီးကျင်းပတဲ့ ကိုပါအမေရိကပွဲတွေက ပရိသတ်စိတ်ဝင်စားမှုသိပ်မရှိတာ အမှန်ပါ။
ဒါပေမဲ့ ဘရာဇီးကြယ်ပွင့် နေမာကတော့ အလန်းစားစကေးနဲ့အတူ မွေးရပ်မြေမှာ ပရိသတ်တွေကို ဖျော်ဖြေနေဆဲဖြစ်ပြီး အခုလည်း ပီရူးနဲ့ပွဲမှာ အလန်းစားတစ်ကွက် ထုတ်ပြသွားပါတယ်။

နေမာဟာ ဘရာဇီးက ပီရူးကို ၄-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အထူးေြုခစွမ်းပြနိုင်ခဲ့သလို ဒုတိယပိုင်းမှာလည်း အသင်းအတွက် လှပတဲ့သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့ပါတယ်။
ဒါ့အပြင် သူဟာ အကူအညီမဲ့နေတဲ့ ပီရူးနောက်ခံလူတွေကို ရူးလောက်တဲ့သူ့ရဲ့စကေးတွေ ပြသရင်း အရူးလုပ်တမ်းကစားသွားပါတယ်။


ပွဲချိန် ၈၃ မိနစ်မှာ နေမာဟာ မှော်အစွမ်းထုတ်ပြသွားတာဖြစ်ပြီး ပီရူးအသင်းသား ၃ဦးကို ပေါင်ကြားထဲကနေ ထည့်ပြလိုက်၊ ခြေယောင်တွေပြလိုက်နဲ့ အရူးလုပ်ခဲ့တာပါ။

နေမာဟာ ပထမဆုံး သူ့နားလိုက်ကပ်နေတဲ့ပီရူးနောက်ခံလူကို လှည့်စားတဲ့အနေနဲ့ ညာခြေဖဝါးနဲ့ နောက်ပြန်ဆွဲကာ ဘယ်ခြေဦးလေးနဲ့ ပြိုင်ဘက်ဖြစ်သူရဲ့ပေါင်ကြားထဲ ထည့်လိုက်ပါတယ်။


အဲဒီအချိန်မှာ ဘောလုံးရပြီဆိုပြီး အားနဲ့မာန်နဲ့ပြေးလာတဲ့ နောက်ထပ်ပြိုင်ဘက်တစ်ယောက်ကို နေမာက ဘယ်ညာထိချက်တွေနဲ့ နောက်ပြန်လှည့်ထွက်ကာ ချန်ထားရစ်လိုက်ပါတယ်။
နောက်ဆုံးတစ်ယောက်ကတော့ ခြေယောင်ပြရင်း နောက်ဆုံးမနိုင်တော့တဲ့အဆုံး နေမာ့ကို ဥပဒေပကစားရင်း အရူးလုပ်ခံနေရတာကို အဆုံးသတ်လိုက်ရပါတယ်။


နေမာဟာ အဲဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ဘရာဇီးအတွက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ပီလီရဲ့မှတ်တမ်းကို လိုက်မီဖို့ ၉ဂိုးပဲ လိုပါတော့တယ်။

ကမ္ဘာ့ဖလား ၃ကြိမ်ရရှိခဲ့တဲ့ ပီလီဟာ ဘရာဇီးအတွက် ၇၇ဂိုးသွင်းယူပေးခဲ့ပြီး အသက် ၂၉ နှစ်အရွယ်ရှိ နေမာကတော့ ၆၈ဂိုးသွင်းယူထားပါတယ်။

Zawgyi

အလန္းစားစေကးနဲ႔ ၿပိဳင္ဘက္ ၃ဦးကို ေကာင္းေကာင္းႀကီး လွည့္စားလိုက္တဲ့ ေနမာ
အရွိန္ျမင့္တက္လာတဲ့ ယူ႐ို ၂၀၂၀ ေၾကာင့္ မနက္အေစာႀကီးက်င္းပတဲ့ ကိုပါအေမရိကပြဲေတြက ပရိသတ္စိတ္ဝင္စားမႈသိပ္မရွိတာ အမွန္ပါ။
ဒါေပမဲ့ ဘရာဇီးၾကယ္ပြင့္ ေနမာကေတာ့ အလန္းစားစေကးနဲ႔အတူ ေမြးရပ္ေျမမွာ ပရိသတ္ေတြကို ေဖ်ာ္ေျဖေနဆဲျဖစ္ၿပီး အခုလည္း ပီ႐ူးနဲ႔ပြဲမွာ အလန္းစားတစ္ကြက္ ထုတ္ျပသြားပါတယ္။
ေနမာဟာ ဘရာဇီးက ပီ႐ူးကို ၄-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ အထူးေျုခစြမ္းျပႏိုင္ခဲ့သလို ဒုတိယပိုင္းမွာလည္း အသင္းအတြက္ လွပတဲ့သြင္းဂိုးတစ္ဂိုး ရယူႏိုင္ခဲ့ပါတယ္။
ဒါ့အျပင္ သူဟာ အကူအညီမဲ့ေနတဲ့ ပီ႐ူးေနာက္ခံလူေတြကို ႐ူးေလာက္တဲ့သူ႔ရဲ႕စေကးေတြ ျပသရင္း အ႐ူးလုပ္တမ္းကစားသြားပါတယ္။

ပြဲခ်ိန္ ၈၃ မိနစ္မွာ ေနမာဟာ ေမွာ္အစြမ္းထုတ္ျပသြားတာျဖစ္ၿပီး ပီ႐ူးအသင္းသား ၃ဦးကို ေပါင္ၾကားထဲကေန ထည့္ျပလိုက္၊ ေျခေယာင္ေတြျပလိုက္နဲ႔ အ႐ူးလုပ္ခဲ့တာပါ။
ေနမာဟာ ပထမဆုံး သူ႔နားလိုက္ကပ္ေနတဲ့ပီ႐ူးေနာက္ခံလူကို လွည့္စားတဲ့အေနနဲ႔ ညာေျခဖဝါးနဲ႔ ေနာက္ျပန္ဆြဲကာ ဘယ္ေျခဦးေလးနဲ႔ ၿပိဳင္ဘက္ျဖစ္သူရဲ႕ေပါင္ၾကားထဲ ထည့္လိုက္ပါတယ္။
အဲဒီအခ်ိန္မွာ ေဘာလုံးရၿပီဆိုၿပီး အားနဲ႔မာန္နဲ႔ေျပးလာတဲ့ ေနာက္ထပ္ၿပိဳင္ဘက္တစ္ေယာက္ကို ေနမာက ဘယ္ညာထိခ်က္ေတြနဲ႔ ေနာက္ျပန္လွည့္ထြက္ကာ ခ်န္ထားရစ္လိုက္ပါတယ္။
ေနာက္ဆုံးတစ္ေယာက္ကေတာ့ ေျခေယာင္ျပရင္း ေနာက္ဆုံးမႏိုင္ေတာ့တဲ့အဆုံး ေနမာ့ကို ဥပေဒပကစားရင္း အ႐ူးလုပ္ခံေနရတာကို အဆုံးသတ္လိုက္ရပါတယ္။
ေနမာဟာ အဲဒီပြဲမွာ ဂိုးသြင္းႏိုင္ခဲ့ၿပီးေနာက္ ဘရာဇီးအတြက္ ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ထားတဲ့ ဂႏၴဝင္တိုက္စစ္မႉး ပီလီရဲ႕မွတ္တမ္းကို လိုက္မီဖို႔ ၉ဂိုးပဲ လိုပါေတာ့တယ္။

ကမာၻ႔ဖလား ၃ႀကိမ္ရရွိခဲ့တဲ့ ပီလီဟာ ဘရာဇီးအတြက္ ၇၇ဂိုးသြင္းယူေပးခဲ့ၿပီး အသက္ ၂၉ ႏွစ္အ႐ြယ္ရွိ ေနမာကေတာ့ ၆၈ဂိုးသြင္းယူထားပါတယ္။