အလာဒိုက်စ်က ၆-၄-၀ နဲ့ကစားသွားတာလို့ကလော့ပ်ဝေဖန်

MCash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးအသင်းဟာ မနေ့ညကအိမ်ကွင်းမှာ ဝက်စ်ဘရွန်းနဲ့ ၁-၁ သရေကျပြီးနောက် နည်းပြဂျာဂင်ကလော့ပ်က သူ့ပြိုင်ဘက်ဖြစ်တဲ့ ဆမ်အလာဒိုက်စ်ရဲ့ နည်းစနစ်ကိုဝေဖန်လိုက်ပြီး ၆-၄-၀ ကစားကွက်နဲ့ကစားသွားတာလို့ ဆိုလိုက်ပါတယ်။

ဒီပွဲမှာ လီဗာပူးဟာ ပထမပိုင်းကတည်းက မာနေးရဲ့ဂိုးနဲ့ ဦးဆောင်နေပေမယ့် ဒုတိယပိုင်းမှာ ဝက်စ်ဘရွန်းက ဆီမီအဂျေး ကခေါင်းတိုက်သွင်းပြီးချေပခဲ့လို့ ၁-၁ သရေကျခဲ့တာပါ။

အခုလိုသရေကျခဲ့တဲ့အတွက် သူတို့မှာလည်းအပြစ်မကင်းခဲ့ဘူးဆိုတာ ကလော့ပ်က လက်ခံခဲ့ပေမယ့် ဝက်စ်ဘရွန်းဘက်က လုံးဝကိုအသေပိတ်ကစားတဲ့ နည်းဗျူဟာနဲ့ ရင်ဆိုင်လာမယ်လို့ မထင်ခဲ့ကြောင်း ငြီးတွားခဲ့ပါတယ်။

ဝက်စ်ဘရွန်းဟာတန်းဆင်းရမယ့်အခြေအနေ ရှိနေတာကြောင့် ဘီလစ်ချ်ကိုထုတ်ပယ်ပြီး ဝါရင့်နည်းပြဖြစ်သူ ဆမ်အလာဒိုက်စ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့ပြီး ဒီပွဲက အလာဒိုက်စ်ရဲ့ ၂ ပွဲမြောက်ဖြစ်ပါတယ်။

ကလော့ပ်က” သရေကျခဲ့မှုဟာ ကျွန်တော်တို့ရဲ့အပြစ်လည်းပါတာပေါ့။ ဒါပေမယ့် ဝက်စ်ဘရွန်းဟာ တိုက်စစ်မှူးမသုံးဘဲ ခံစစ်အရမ်းဦးစားပေးလွန်းတဲ့ ပုံစံနဲ့ရင်ဆိုင်လာမယ်လို့ မထင်ထားပါဘူး။

ပထမပိုင်းမှာဆိုရင် အလယ်တန်း ၆ ယောက်နဲ့ နောက်တန်း ၄ ယောက်ထားပြီးကစားသွားတာပါ။ ပြောရမယ်ဆိုရင် ၆-၄ ကစားကွက်ပေါ့ဗျာ။ ပထမပိုင်းမှာမဆိုးခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ကစားပုံမကောင်းခဲ့ပါဘူး။ ဒုတိယပိုင်းမှာ ဝက်စ်ဘရွန်းဟာ တန်ပြန်တိုက်စစ်တွေဆင်နိုင်ခဲ့သလို ကျွန်တော်တို့ကလည်းသူတို့ကို တည်ကန်ဘောတွေခွင့်ပြုခဲ့ရပါတယ်။

ဒါဟာ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အမှားပါဘဲ။ ခံစစ်မှာ ၁၀ ယောက်လောက်ပြုံနေတဲ့ အသင်းကိုအချိန်ပြည့်ရင်ဆိုင်ဖို့ဆိုတာ မယုံနိုင်စရာကောင်းတဲ့ စိန်ခေါ်မှုပါဘဲ” လို့ပြောသွားပါတယ်။

ကလော့ပ်ဟာ ပြိုင်ဘက်ကခံစစ်နည်းဗျူဟာအသုံးပြုလာရင် မကြာခဏဝေဖန်လေ့ရှိလို့ မော်ရင်ဟို တစ်ယောက် ဝေဖန်သုံးသပ်သူအဖြစ်ပြုလုပ်နေစဉ်မှာ အခုလိုဝေဖန်ခဲ့ဘူးပါတယ်။

မော်ရင်ဟိုကလည်း ကလော့ပ်နဲ့ပတ်သက်ပြီး ” စားပွဲပေါ်မှာအသားတွေ၊ ငါးတွေနဲ့ အသီးအရွက်ဟင်းလျာစာရင်း အကုန်ရှိတယ်ဗျာ။ ကြိုက်တာမှာလို့ရတာပေါ့။ ဒါပေမယ့် ကလော့ပ်က အသားဘဲစားစေချင်တဲ့သူဗျ” လို့ ပြောခဲ့တာဖြစ်ပါတယ်။

MCash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အလာဒိုက္စ္က ၆-၄-၀ နဲ႔ကစားသြားတာလို႔ကေလာ့ပ္ေဝဖန္

လီဗာပူးအသင္းဟာ မေန႔ညကအိမ္ကြင္းမွာ ဝက္စ္ဘ႐ြန္းနဲ႔ ၁-၁ သေရက်ၿပီးေနာက္ နည္းျပဂ်ာဂင္ကေလာ့ပ္က သူ႔ၿပိဳင္ဘက္ျဖစ္တဲ့ ဆမ္အလာဒိုက္စ္ရဲ႕ နည္းစနစ္ကိုေဝဖန္လိုက္ၿပီး ၆-၄-၀ ကစားကြက္နဲ႔ကစားသြားတာလို႔ ဆိုလိုက္ပါတယ္။ ဒီပြဲမွာ လီဗာပူးဟာ ပထမပိုင္းကတည္းက မာေနးရဲ႕ဂိုးနဲ႔ ဦးေဆာင္ေနေပမယ့္ ဒုတိယပိုင္းမွာ ဝက္စ္ဘ႐ြန္းက ဆီမီအေဂ်း ကေခါင္းတိုက္သြင္းၿပီးေခ်ပခဲ့လို႔ ၁-၁ သေရက်ခဲ့တာပါ။ အခုလိုသေရက်ခဲ့တဲ့အတြက္ သူတို႔မွာလည္းအျပစ္မကင္းခဲ့ဘူးဆိုတာ ကေလာ့ပ္က လက္ခံခဲ့ေပမယ့္ ဝက္စ္ဘ႐ြန္းဘက္က လုံးဝကိုအေသပိတ္ကစားတဲ့ နည္းဗ်ဴဟာနဲ႔ ရင္ဆိုင္လာမယ္လို႔ မထင္ခဲ့ေၾကာင္း ၿငီးတြားခဲ့ပါတယ္။

ဝက္စ္ဘ႐ြန္းဟာတန္းဆင္းရမယ့္အေျခအေန ရွိေနတာေၾကာင့္ ဘီလစ္ခ်္ကိုထုတ္ပယ္ၿပီး ဝါရင့္နည္းျပျဖစ္သူ ဆမ္အလာဒိုက္စ္ကို နည္းျပသစ္အျဖစ္ခန႔္အပ္ခဲ့ၿပီး ဒီပြဲက အလာဒိုက္စ္ရဲ႕ ၂ ပြဲေျမာက္ျဖစ္ပါတယ္။ ကေလာ့ပ္က” သေရက်ခဲ့မႈဟာ ကြၽန္ေတာ္တို႔ရဲ႕အျပစ္လည္းပါတာေပါ့။ ဒါေပမယ့္ ဝက္စ္ဘ႐ြန္းဟာ တိုက္စစ္မႉးမသုံးဘဲ ခံစစ္အရမ္းဦးစားေပးလြန္းတဲ့ ပုံစံနဲ႔ရင္ဆိုင္လာမယ္လို႔ မထင္ထားပါဘူး။ ပထမပိုင္းမွာဆိုရင္ အလယ္တန္း ၆ ေယာက္နဲ႔ ေနာက္တန္း ၄ ေယာက္ထားၿပီးကစားသြားတာပါ။ ေျပာရမယ္ဆိုရင္ ၆-၄ ကစားကြက္ေပါ့ဗ်ာ။ ပထမပိုင္းမွာမဆိုးခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ ကစားပုံမေကာင္းခဲ့ပါဘူး။ ဒုတိယပိုင္းမွာ ဝက္စ္ဘ႐ြန္းဟာ တန္ျပန္တိုက္စစ္ေတြဆင္ႏိုင္ခဲ့သလို ကြၽန္ေတာ္တို႔ကလည္းသူတို႔ကို တည္ကန္ေဘာေတြခြင့္ျပဳခဲ့ရပါတယ္။

ဒါဟာ ကြၽန္ေတာ္တို႔ကိုယ္တိုင္ရဲ႕အမွားပါဘဲ။ ခံစစ္မွာ ၁၀ ေယာက္ေလာက္ၿပဳံေနတဲ့ အသင္းကိုအခ်ိန္ျပည့္ရင္ဆိုင္ဖို႔ဆိုတာ မယုံႏိုင္စရာေကာင္းတဲ့ စိန္ေခၚမႈပါဘဲ” လို႔ေျပာသြားပါတယ္။ ကေလာ့ပ္ဟာ ၿပိဳင္ဘက္ကခံစစ္နည္းဗ်ဴဟာအသုံးျပဳလာရင္ မၾကာခဏေဝဖန္ေလ့ရွိလို႔ ေမာ္ရင္ဟို တစ္ေယာက္ ေဝဖန္သုံးသပ္သူအျဖစ္ျပဳလုပ္ေနစဥ္မွာ အခုလိုေဝဖန္ခဲ့ဘူးပါတယ္။ ေမာ္ရင္ဟိုကလည္း ကေလာ့ပ္နဲ႔ပတ္သက္ၿပီး ” စားပြဲေပၚမွာအသားေတြ၊ ငါးေတြနဲ႔ အသီးအ႐ြက္ဟင္းလ်ာစာရင္း အကုန္ရွိတယ္ဗ်ာ။ ႀကိဳက္တာမွာလို႔ရတာေပါ့။ ဒါေပမယ့္ ကေလာ့ပ္က အသားဘဲစားေစခ်င္တဲ့သူဗ်” လို႔ ေျပာခဲ့တာျဖစ္ပါတယ္။