အလာဗတ်ပရိသတ်တွေရဲ့ အချစ်တော် သရဲနီကြယ်ပွင့်

ပြီးခဲ့တဲ့ရာသီ အပြာင်းအရွေ့နောက်ဆုံးရက်အတွင်း မန်ချက်စတာ ယူနိုက်တက် ခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲမှာ ဥရုဂွေးလူငယ်ကြယ်ပွင့် ပယ်လစ်စထရီလည်း ပါဝင်ပါတယ်။

ဒါပေမယ့် ပထမအသင်းကြီးမှာ ပါဝင်ခွင့်မရခဲ့တဲ့အတွက် ဒုတိယ ရာသီဝက်မှာ စပိန်လာလီဂါ ကလပ် ဒီဗို့တီဗို အလာဗတ်အသင်းထံ ပြောင်းရွေ့သွားခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ အကယ်ဒမီ ကစားသမား စွမ်းဆောင်ရည် မန်နေဂျာ (academy player performance manager ) လက်စ် ပယ်ရီက အသင်းဝက်ဆိုဒ်နဲ့ အင်တာဗျူးအတွင်း လာလီဂါမှာ ခြေစွမ်းပြခဲ့တဲ့ လူငယ်ကစားသမားအကေြာင်းကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

“ သူ ( ပယ်လစ်စထရီ ) က အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သလို သူတို့ကလည်း ချစ်ကြပါတယ်။

တကယ်လို့ ဒဏ်ရာမရခဲ့ရင် ယခုထက်ပိုပြီး ကစားခွင့်ရခဲ့ပါလိမ့်မယ်။”

“ ရာသီနောက်ဆုံး ပွဲစဥ် ( ၂ ) ပွဲ ၊ ( ၃ ) ပွဲမှာတော့ ပြန်လည် ပါဝင်လာနိုင်ပါတယ်။

လာလီဂါ ချန်ပီယံဖြစ်ခဲ့တဲ့ အက်သလ်လက်တီကိုနဲ့ ပွဲစဥ်မှာ အကောင်းဆုံးကစားသမားဆုတောင် ရခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ သူက အသက် ( ၁၉ ) နှစ်အရွယ်ပဲ ရှိပါသေးတယ်။

ဒါကြောင့် သူက လုံးဝကို ကောင်းမွန်စွာ စွမ်းဆောင်ထားနိုင်တယ်လို့ ဆိုရမှာပါ။အဲ့ဒီမှာ ပရိသတ်တွေကလည်း သူ့ကို တကယ်သဘောကျကြပါတယ်။”

ပယ်ရီက ယခုလို မှတ်ချက်ပေးပြောဆိုထားပေမယ့် ယူနိုက်တက်အနေနဲ့ သူ့ကို အသင်းကြီးအတွက်တော့ ထည့်သွင်းမစဥ်းစားသင့်သေးပါဘူး။

နောက်ထပ်တစ်ရာသီ အငှားချထားပြီး ထပ်မံစောင့်ကြည့်သင့်ပါတယ်။

တကယ်လို့ ထိပ်တန်းကစားသမားအနေနဲ့ တောက်ပလာပါက ယူနိုက်တက်အတွက် အမြတ်လို့ ဆိုရမှာပါ။

Zawgyi

အလာဗတ္ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ သရဲနီၾကယ္ပြင့္

ၿပီးခဲ့တဲ့ရာသီ အျပာင္းအေ႐ြ႕ေနာက္ဆုံးရက္အတြင္း မန္ခ်က္စတာ ယူႏိုက္တက္ ေခၚယူခဲ့တဲ့ ကစားသမားေတြထဲမွာ ဥ႐ုေဂြးလူငယ္ၾကယ္ပြင့္ ပယ္လစ္စထရီလည္း ပါဝင္ပါတယ္။ ဒါေပမယ့္ ပထမအသင္းႀကီးမွာ ပါဝင္ခြင့္မရခဲ့တဲ့အတြက္ ဒုတိယ ရာသီဝက္မွာ စပိန္လာလီဂါ ကလပ္ ဒီဗို႔တီဗို အလာဗတ္အသင္းထံ ေျပာင္းေ႐ြ႕သြားခဲ့ပါတယ္။

ယူႏိုက္တက္ရဲ႕ အကယ္ဒမီ ကစားသမား စြမ္းေဆာင္ရည္ မန္ေနဂ်ာ (academy player performance manager ) လက္စ္ ပယ္ရီက အသင္းဝက္ဆိုဒ္နဲ႔ အင္တာဗ်ဴးအတြင္း လာလီဂါမွာ ေျခစြမ္းျပခဲ့တဲ့ လူငယ္ကစားသမားအေၾကာင္းကို ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

“ သူ ( ပယ္လစ္စထရီ ) က အေကာင္းဆုံး စြမ္းေဆာင္ႏိုင္ခဲ့သလို သူတို႔ကလည္း ခ်စ္ၾကပါတယ္။ တကယ္လို႔ ဒဏ္ရာမရခဲ့ရင္ ယခုထက္ပိုၿပီး ကစားခြင့္ရခဲ့ပါလိမ့္မယ္။ ရာသီေနာက္ဆုံး ပြဲစဥ္ ( ၂ ) ပြဲ ၊ ( ၃ ) ပြဲမွာေတာ့ ျပန္လည္ ပါဝင္လာႏိုင္ပါတယ္။ လာလီဂါ ခ်န္ပီယံျဖစ္ခဲ့တဲ့ အက္သလ္လက္တီကိုနဲ႔ ပြဲစဥ္မွာ အေကာင္းဆုံးကစားသမားဆုေတာင္ ရခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာ သူက အသက္ ( ၁၉ ) ႏွစ္အ႐ြယ္ပဲ ရွိပါေသးတယ္။ ဒါေၾကာင့္ သူက လုံးဝကို ေကာင္းမြန္စြာ စြမ္းေဆာင္ထားႏိုင္တယ္လို႔ ဆိုရမွာပါ။အဲ့ဒီမွာ ပရိသတ္ေတြကလည္း သူ႔ကို တကယ္သေဘာက်ၾကပါတယ္။”

ပယ္ရီက ယခုလို မွတ္ခ်က္ေပးေျပာဆိုထားေပမယ့္ ယူႏိုက္တက္အေနနဲ႔ သူ႔ကို အသင္းႀကီးအတြက္ေတာ့ ထည့္သြင္းမစဥ္းစားသင့္ေသးပါဘူး။ ေနာက္ထပ္တစ္ရာသီ အငွားခ်ထားၿပီး ထပ္မံေစာင့္ၾကည့္သင့္ပါတယ္။ တကယ္လို႔ ထိပ္တန္းကစားသမားအေနနဲ႔ ေတာက္ပလာပါက ယူႏိုက္တက္အတြက္ အျမတ္လို႔ ဆိုရမွာပါ ။