အလွတ်နဲ့ ထွက်ခွာဖို့ ခွင့်မပြုနိုင်လို့ လင်ဂတ်ကို ပေါင် ၁၀ သန်း တန်ကြေး သတ်မှတ်လိုက်တဲ့ သရဲနီ

ကွင်းလယ်လူလင်ဂတ်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ

မန်ယူကနေ ထွက်ခွာသွားနိုင်ကြောင်း သိရပါတယ်။

၂၈ နှစ်အရွယ် အဲဒီအင်္ဂလန်သားဟာ ပြီးခဲ့တဲ့ရာသီ အငှားသွားခဲ့တဲ့

ဝက်စ်ဟမ်းမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် မန်ယူကိုပြန်ရောက်လာတဲ့

ဒီရာသီမှာတော့ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်နေရတာပါ။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ လင်ဂတ်ကို အပြီးသတ်ခေါ်လိုတဲ့

ဝက်စ်ဟမ်းဆီကနေ ပေါင် ၂၅ သန်းတောင်းခဲ့ပါတယ်။

အဲဒါဟာ ဝက်စ်ဟမ်းပေးလိုတဲ့ဈေးထက် ပေါင် ၇ သန်းပိုများနေတာပါ။

အခုတော့ အင်္ဂလန်က The Sun သတင်းစာက မန်ယူဟာ လာမယ့်

ဆောင်းရာသီအပြောင်းအရွှေ့မှာ ပေါင် ၁၀ သန်းတည်းနဲ့ လင်ဂတ်ကို

ရောင်းချတော့မယ်လို့ ဖော်ပြလိုက်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်းဥရောပဝင်ခွင့်ရအောင်

ကူညီပေးနိုင်ခဲ့ပြီး ၁၆ ပွဲမှာ ၉ ဂိုးသွင်းယူပေးနိုင်ခဲ့တာပါ။

အဲဒီလိုခြေစွမ်းနဲ့ မန်ယူကို ပြန်ရောက်လာခဲ့ပေမယ့် သူဟာ ဒီရာသီ

ပရီးမီးယားလိဂ်မှာ တစ်ပွဲမှာ ပွဲမထွက်ရသေးပါဘူး။

တစ်ခုရှိတာက သူဟာ မန်ယူနဲ့စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲ

ရောက်ရှိနေတာပါ။ အဲဒီအတွက် လာမယ့်ဇန်နဝါရီရောက်ရင်

ပရီးမီးယားလိဂ်ပြင်ပအသင်းတွေနဲ့ စကားပြောခွင့်ရတော့မှာဖြစ်ပြီး

ရာသီကုန်တာနဲ့ အလွတ်ပြောင်းရွှေ့နိုင်တော့မှာပါ။

လင်ဂတ်ဟာ ယူနိုက်တက်မှာ ဆယ်စုနှစ်နှစ်ခုကျော်ရှိနေခဲ့ပြီး

ဆိုးလ်ရှားလက်အောက် ကစားခွင့်နည်းပါးတာကြောင့် လာမယ့်နှစ်

ကမ္ဘာ့ဖလားမှာ မပါနိုင်မယ့်အပေါ် စိုးရိမ်နေပါတယ်။

zawgyi

အလြတ္နဲ႔ ထြက္ခြာဖို႔ ခြင့္မျပဳႏိုင္လို႔ လင္ဂတ္ကို ေပါင္ ၁၀ သန္း တန္ေၾကး သတ္မွတ္လိုက္တဲ့ သရဲနီ

ကြင္းလယ္လူလင္ဂတ္ဟာ လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာပဲ

မန္ယူကေန ထြက္ခြာသြားႏိုင္ေၾကာင္း သိရပါတယ္။

၂၈ ႏွစ္အ႐ြယ္ အဲဒီအဂၤလန္သားဟာ ၿပီးခဲ့တဲ့ရာသီ အငွားသြားခဲ့တဲ့

ဝက္စ္ဟမ္းမွာ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ မန္ယူကိုျပန္ေရာက္လာတဲ့

ဒီရာသီမွာေတာ့ ပုံမွန္ကစားခြင့္ရဖို႔ ႐ုန္းကန္ေနရတာပါ။

ယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ လင္ဂတ္ကို အၿပီးသတ္ေခၚလိုတဲ့

ဝက္စ္ဟမ္းဆီကေန ေပါင္ ၂၅ သန္းေတာင္းခဲ့ပါတယ္။

အဲဒါဟာ ဝက္စ္ဟမ္းေပးလိုတဲ့ေဈးထက္ ေပါင္ ၇ သန္းပိုမ်ားေနတာပါ။

အခုေတာ့ အဂၤလန္က The Sun သတင္းစာက မန္ယူဟာ လာမယ့္

ေဆာင္းရာသီအေျပာင္းအေ႐ႊ႕မွာ ေပါင္ ၁၀ သန္းတည္းနဲ႔ လင္ဂတ္ကို

ေရာင္းခ်ေတာ့မယ္လို႔ ေဖာ္ျပလိုက္ပါတယ္။

ၿပီးခဲ့တဲ့ရာသီတုန္းက လင္ဂတ္ဟာ ဝက္စ္ဟမ္းအသင္းဥေရာပဝင္ခြင့္ရေအာင္

ကူညီေပးႏိုင္ခဲ့ၿပီး ၁၆ ပြဲမွာ ၉ ဂိုးသြင္းယူေပးႏိုင္ခဲ့တာပါ။

အဲဒီလိုေျခစြမ္းနဲ႔ မန္ယူကို ျပန္ေရာက္လာခဲ့ေပမယ့္ သူဟာ ဒီရာသီ

ပရီးမီးယားလိဂ္မွာ တစ္ပြဲမွာ ပြဲမထြက္ရေသးပါဘူး။

တစ္ခုရွိတာက သူဟာ မန္ယူနဲ႔စာခ်ဳပ္သက္တမ္းေနာက္ဆုံးႏွစ္ထဲ

ေရာက္ရွိေနတာပါ။ အဲဒီအတြက္ လာမယ့္ဇန္နဝါရီေရာက္ရင္

ပရီးမီးယားလိဂ္ျပင္ပအသင္းေတြနဲ႔ စကားေျပာခြင့္ရေတာ့မွာျဖစ္ၿပီး

ရာသီကုန္တာနဲ႔ အလြတ္ေျပာင္းေ႐ႊ႕ႏိုင္ေတာ့မွာပါ။

လင္ဂတ္ဟာ ယူႏိုက္တက္မွာ ဆယ္စုႏွစ္ႏွစ္ခုေက်ာ္ရွိေနခဲ့ၿပီး

ဆိုးလ္ရွားလက္ေအာက္ ကစားခြင့္နည္းပါးတာေၾကာင့္ လာမယ့္ႏွစ္

ကမာၻ႔ဖလားမွာ မပါႏိုင္မယ့္အေပၚ စိုးရိမ္ေနပါတယ္။