အလွယ်တကူပေးလို့ရတာတွေကို စွန့်စားနေလို့ ဖာနန်ဒက်စ်ကို ဆိုးလ်ရှားဝေဖန်

MCash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ဖာနန်ဒက်စ်ဟာ အသင်းအတွက် မရှိမဖြစ်အရေးပါပေမယ့် တစ်ချို့အချိန် တွေမှာ ဒီပေါ်တူဂီသားရဲ့‌ ဘောလုံးပေးပို့မှုတွေက သူ့ကိုစိတ်ပျက်စေတယ်လို့ ဝန်ခံလိုက်ပါတယ်။ ဖာနန်ဒက်စ်ဟာ မန်ယူကိုရောက်ရှိလာပြီးနောက် စတင်ပွဲထွက်ခဲ့တဲ့ ဖေဖေါ်ဝါရီလကနေပြီး ပရီးမီးယားလိဂ်မှာ မန်ယူရခဲ့တဲ့ဂိုးတွေရဲ့ထက်ဝက်ကျော်ကိုတိုက်ရိုက်ပတ်သက်ပေးထားသူဖြစ်ပြီး ၁၈ ဂိုးသွင်းကာ ၁၃ ဂိုးဖန်တီးပေးခဲ့သူဖြစ်ပါတယ်။

သူ့ရဲ့ဘောလုံးပေးပို့မှုတွေ၊ ဖန်တီးမှုတွေဟာ မန်ယူဂိုးတွေရရှိရေးအတွက် သိပ်ကို အ‌ရေးပါလှပေမယ့် တစ်ခါတလေမှာ အလွယ်တကူပေးလို့ရတဲ့ ဘောလုံးတွေကို စွန့်စားလွန်းပြီး ပေးပို့မှုတွေပြုလုပ်နေတာ ကိုဆိုးလ်ရှားက စိတ်ပျက်နေတာပါ။

ပြီးခဲ့တဲ့ စနေနေ့က လက်စတာနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲမှာ ဖာနန်ဒက်စ်ဟာ ကိုယ်တိုင်တစ်ဂိုးသွင်းခဲ့သလို တစ်ဂိုးဖန်တီးပေးနိုင်ခဲ့တာပါ။ ဒါပေမယ့် မန်ယူပေးလိုက်ရတဲ့ ဟာဗေးဘန်းစ်ရဲ့ချေပဂိုးဟာ သူ့ရဲ့ပေးပို့မှုပျက်သွားတာကနေ ဘောလုံးပါသွားပြီး ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။

ဒီဘောလုံးဟာဆိုရင် သူအလွယ်တကူပေးလို့ရတဲ့အနေအထားဖြစ်ပေမယ့် မလိုအပ်တဲ့စွန့်စားမှုကြောင့် ပါသွားရတာဖြစ်ပါတယ်။ ဆိုးလ်ရှားက” ဖာနန်ဒက်စ်ဆိုတဲ့ ကစားသမားက ရလဒ်အပေါ်မှာသက်ရောက်မှုကြီးမားတဲ့သူပါ။ သူဟာအခွင့်အရေးတွေဖန်တီးပေးသလို ဂိုးတွေလည်းသွင်းပါတယ်။ စွန့်စားမှုတွေလည်းလုပ်တာပေါ့ဗျာ။

ကျွန်တော်ဟာ မန်ယူကစားသမား ဘယ်သူ့ကိုမဆို စွန့်စားမှုတွေနဲ့အတူ ရဲဝံ့စွာကစားဖို့ ခွင့်ပြုထားတာပါ။ ဖာနန်ဒက်စ်ဟာ အရမ်းကိုရဲဝံ့တဲ့သူဖြစ်ပြီး ပေးပို့မှုတွေလည်းကောင်းပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ သူဟာအလွယ်တကူပေးလို့ရတာတွေကို အရမ်းစွန့်စားလို့ သူ့ကိုကြည့်ပြီး ကျွန်တော်အရမ်း ကို စိတ်ပူရတာပါ။

ဒါပေမယ့် သူ့ရဲ့စွန့်စားမှုကို ပိတ်ပင်လို့တော့မရပါဘူး။ ဒီနှစ်ထဲမှာရော ဒီရာသီမှာပါ သူဟာအသင်းအပေါ်လွှမ်းမိုးနိုင်သူဖြစ်လို့ သူ့စွမ်းရည်အတွက် ကျေနပ်ရပါတယ်” လို့ပြောသွားပါတယ်။

MCash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အလြယ္တကူေပးလို႔ရတာေတြကို စြန႔္စားေနလို႔ ဖာနန္ဒက္စ္ကို ဆိုးလ္ရွားေဝဖန္

မန္ယူအသင္းနည္းျပ ဆိုးလ္ရွားက ဖာနန္ဒက္စ္ဟာ အသင္းအတြက္ မရွိမျဖစ္အေရးပါေပမယ့္ တစ္ခ်ိဳ႕အခ်ိန္ ေတြမွာ ဒီေပၚတူဂီသားရဲ႕‌ ေဘာလုံးေပးပို႔မႈေတြက သူ႔ကိုစိတ္ပ်က္ေစတယ္လို႔ ဝန္ခံလိုက္ပါတယ္။ ဖာနန္ဒက္စ္ဟာ မန္ယူကိုေရာက္ရွိလာၿပီးေနာက္ စတင္ပြဲထြက္ခဲ့တဲ့ ေဖေဖၚဝါရီလကေနၿပီး ပရီးမီးယားလိဂ္မွာ မန္ယူရခဲ့တဲ့ဂိုးေတြရဲ႕ထက္ဝက္ေက်ာ္ကိုတိုက္႐ိုက္ပတ္သက္ေပးထားသူျဖစ္ၿပီး ၁၈ ဂိုးသြင္းကာ ၁၃ ဂိုးဖန္တီးေပးခဲ့သူျဖစ္ပါတယ္။

သူ႔ရဲ႕ေဘာလုံးေပးပို႔မႈေတြ၊ ဖန္တီးမႈေတြဟာ မန္ယူဂိုးေတြရရွိေရးအတြက္ သိပ္ကို အ‌ေရးပါလွေပမယ့္ တစ္ခါတေလမွာ အလြယ္တကူေပးလို႔ရတဲ့ ေဘာလုံးေတြကို စြန႔္စားလြန္းၿပီး ေပးပို႔မႈေတြျပဳလုပ္ေနတာ ကိုဆိုးလ္ရွားက စိတ္ပ်က္ေနတာပါ။ ၿပီးခဲ့တဲ့ စေနေန႔က လက္စတာနဲ႔ ၂-၂ သေရက်ခဲ့တဲ့ပြဲမွာ ဖာနန္ဒက္စ္ဟာ ကိုယ္တိုင္တစ္ဂိုးသြင္းခဲ့သလို တစ္ဂိုးဖန္တီးေပးႏိုင္ခဲ့တာပါ။ ဒါေပမယ့္ မန္ယူေပးလိုက္ရတဲ့ ဟာေဗးဘန္းစ္ရဲ႕ေခ်ပဂိုးဟာ သူ႔ရဲ႕ေပးပို႔မႈပ်က္သြားတာကေန ေဘာလုံးပါသြားၿပီး ဂိုးေပးလိုက္ရတာျဖစ္ပါတယ္။

ဒီေဘာလုံးဟာဆိုရင္ သူအလြယ္တကူေပးလို႔ရတဲ့အေနအထားျဖစ္ေပမယ့္ မလိုအပ္တဲ့စြန႔္စားမႈေၾကာင့္ ပါသြားရတာျဖစ္ပါတယ္။ ဆိုးလ္ရွားက” ဖာနန္ဒက္စ္ဆိုတဲ့ ကစားသမားက ရလဒ္အေပၚမွာသက္ေရာက္မႈႀကီးမားတဲ့သူပါ။ သူဟာအခြင့္အေရးေတြဖန္တီးေပးသလို ဂိုးေတြလည္းသြင္းပါတယ္။ စြန႔္စားမႈေတြလည္းလုပ္တာေပါ့ဗ်ာ။ ကြၽန္ေတာ္ဟာ မန္ယူကစားသမား ဘယ္သူ႔ကိုမဆို စြန႔္စားမႈေတြနဲ႔အတူ ရဲဝံ့စြာကစားဖို႔ ခြင့္ျပဳထားတာပါ။ ဖာနန္ဒက္စ္ဟာ အရမ္းကိုရဲဝံ့တဲ့သူျဖစ္ၿပီး ေပးပို႔မႈေတြလည္းေကာင္းပါတယ္။ ဒါေပမယ့္ တစ္ခါတေလမွာ သူဟာအလြယ္တကူေပးလို႔ရတာေတြကို အရမ္းစြန႔္စားလို႔ သူ႔ကိုၾကည့္ၿပီး ကြၽန္ေတာ္အရမ္း ကို စိတ္ပူရတာပါ။

ဒါေပမယ့္ သူ႔ရဲ႕စြန႔္စားမႈကို ပိတ္ပင္လို႔ေတာ့မရပါဘူး။ ဒီႏွစ္ထဲမွာေရာ ဒီရာသီမွာပါ သူဟာအသင္းအေပၚလႊမ္းမိုးႏိုင္သူျဖစ္လို႔ သူ႔စြမ္းရည္အတြက္ ေက်နပ္ရပါတယ္” လို႔ေျပာသြားပါတယ္။