
ပက်ဂွါဒီယိုလာဟာနယူးကာဆယ်အားအဝေးကွင်းသို့သွားရောက်ကစားရတဲ့ပွဲတွင်
ချန်လှပ်မှုပြုလုပ်ပြီးနောက်ဖီးလ်ဖိုဒန်နှင့်ဂျက်ဂရဲလ်လစ်ရှ်တို့ရဲ့
ကွင်းပြင်ပအပြုအမူနှင့်ပတ်သက်ပြီးအပြင်းအထန်သတိပေးမှုပြုလုပ်လာပါတယ်။
မန်စီးတီးနည်းပြဟာလိဒ်ယူနိုက်တက်အား၇-ဝဂိုးဖြင့်အနိုင်ရရှိပြီးနောက်
ညဖက်အပြင်ထွက်ပျော်ပါးခဲ့ကြတဲ့ဖီးလ်ဖိုဒန်နှင့်ဂျက်ဂရဲလ်လစ်ရှ်တို့ရဲ့
အပြုအမူနှင့်ပတ်သက်ပြီးစိတ်မချမ်းမသာဖြစ်ခဲ့ပါတယ်။၎င်းတို့နှစ်ဦးဟာ
ဒီဇင်ဘာလ၁၄ရက်နေ့တုန်းကလိဒ်အား၇-ဝဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်
ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့်တနင်္ဂနွေနေ့တုန်းကနယူးကာဆယ်အား၄-ဝဂိုးဖြင့်
အနိုင်ရရှိတဲ့ပွဲမှာတော့ အရန်ခုံမှာသာထိုင်နေခဲ့ရကာဝင်ကစားခွင့်မရခဲ့ကြပါဘူး။
ဂွါဒီယိုလာက “အလှည့်ကျသုံးတာမဟုတ်ဘူး။ကစားဖို့ထိုက်တန်တဲ့သူတွေကို
မသုံးတယ်။မထိုက်တန်တဲ့သူတွေကိုမသုံးဘူး။ခရစ္စမတ်မှာ
ကစားသမားတွေရဲ့ကွင်းတွင်းကွင်းပြင်အပြုအမူကိုဂရုတစိုက်ကြည့်ရပါတယ်။
ခရစ္စမတ်ကြောင့်အာရုံအနှောက်အယှက်ပေးမှု၊ဘာမဆိုဖြစ်လာနိုင်မှုတွေကြောင့်
အချိန်တိုင်းအာရုံစိုက်ရပါမယ်။အာရုံစိုက်ဖို့လိုကြသေးတယ်”လို့ပြောကြားသွားပါတယ်။
ဂွါဒီယိုလာဟာအင်္ဂလန်လက်ရွေးစင်ကစားသမားနှစ်ဦးရဲ့အမည်ကိုတော့
ထုတ်ဖော်ပြောကြားသွားခဲ့ခြင်းမရှိပါဘူး။ဒါပေမဲ့၎င်းတို့ဟာ
နယူးကာဆယ်နှင့်ပွဲတွင်အပြောင်းအလဲပြုလုပ်လာတဲ့သုံးဦးမှနှစ်ဦးဖြစ်နေပါတယ်။
ဂျွန်စတုန်းဟာလိဒ်နှင့်ပွဲတွင်ညာနောက်ခံလူအဖြစ်ကစားခဲ့ပေမယ့်
ကန်စီလိုပါဝင်လာမှုနဲ့အတူနေရာပျောက်ခဲ့ပါတယ်။ စတုန်းကတော့
ဖီးလ်ဖိုဒန်နှင့်ဂျက်ဂရဲလ်လစ်ရှ်ကဲ့သို့ပါတီပွဲသွားရောက်မှုကြောင့်
ချန်လှပ်ခံရတာမဟုတ်ဘူးလို့ယူဆရပါတယ်။
zawgyi
အလွည့္က်သုံးတာမဟုတ္ဘူး ကစားဖို႔မထိုက္တန္တဲ့သူေတြကို မသုံးတာဟု ဂြါဒီယိုလာ ဆို
ပက္ဂြါဒီယိုလာဟာနယူးကာဆယ္အားအေဝးကြင္းသို႔သြားေရာက္ကစားရတဲ့ပြဲတြင္
ခ်န္လွပ္မႈျပဳလုပ္ၿပီးေနာက္ဖီးလ္ဖိုဒန္ႏွင့္ဂ်က္ဂရဲလ္လစ္ရွ္တို႔ရဲ႕
ကြင္းျပင္ပအျပဳအမူႏွင့္ပတ္သက္ၿပီးအျပင္းအထန္သတိေပးမႈျပဳလုပ္လာပါတယ္။
မန္စီးတီးနည္းျပဟာလိဒ္ယူႏိုက္တက္အား၇-ဝဂိုးျဖင့္အႏိုင္ရရွိၿပီးေနာက္
ညဖက္အျပင္ထြက္ေပ်ာ္ပါးခဲ့ၾကတဲ့ဖီးလ္ဖိုဒန္ႏွင့္ဂ်က္ဂရဲလ္လစ္ရွ္တို႔ရဲ႕
အျပဳအမူႏွင့္ပတ္သက္ၿပီးစိတ္မခ်မ္းမသာျဖစ္ခဲ့ပါတယ္။၎တို႔ႏွစ္ဦးဟာ
ဒီဇင္ဘာလ၁၄ရက္ေန႔တုန္းကလိဒ္အား၇-ဝဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္
ေျခစြမ္းျပကစားႏိုင္ခဲ့ေပမယ့္တနဂၤေႏြေန႔တုန္းကနယူးကာဆယ္အား၄-ဝဂိုးျဖင့္
အႏိုင္ရရွိတဲ့ပြဲမွာေတာ့ အရန္ခုံမွာသာထိုင္ေနခဲ့ရကာဝင္ကစားခြင့္မရခဲ့ၾကပါဘူး။
ဂြါဒီယိုလာက “အလွည့္က်သုံးတာမဟုတ္ဘူး။ကစားဖို႔ထိုက္တန္တဲ့သူေတြကို
မသုံးတယ္။မထိုက္တန္တဲ့သူေတြကိုမသုံးဘူး။ခရစၥမတ္မွာ
ကစားသမားေတြရဲ႕ကြင္းတြင္းကြင္းျပင္အျပဳအမူကိုဂ႐ုတစိုက္ၾကည့္ရပါတယ္။
ခရစၥမတ္ေၾကာင့္အာ႐ုံအေႏွာက္အယွက္ေပးမႈ၊ဘာမဆိုျဖစ္လာႏိုင္မႈေတြေၾကာင့္
အခ်ိန္တိုင္းအာ႐ုံစိုက္ရပါမယ္။အာ႐ုံစိုက္ဖို႔လိုၾကေသးတယ္”လို႔ေျပာၾကားသြားပါတယ္။
ဂြါဒီယိုလာဟာအဂၤလန္လက္ေ႐ြးစင္ကစားသမားႏွစ္ဦးရဲ႕အမည္ကိုေတာ့
ထုတ္ေဖာ္ေျပာၾကားသြားခဲ့ျခင္းမရွိပါဘူး။ဒါေပမဲ့၎တို႔ဟာ
နယူးကာဆယ္ႏွင့္ပြဲတြင္အေျပာင္းအလဲျပဳလုပ္လာတဲ့သုံးဦးမွႏွစ္ဦးျဖစ္ေနပါတယ္။
ဂြၽန္စတုန္းဟာလိဒ္ႏွင့္ပြဲတြင္ညာေနာက္ခံလူအျဖစ္ကစားခဲ့ေပမယ့္
ကန္စီလိုပါဝင္လာမႈနဲ႔အတူေနရာေပ်ာက္ခဲ့ပါတယ္။ စတုန္းကေတာ့
ဖီးလ္ဖိုဒန္ႏွင့္ဂ်က္ဂရဲလ္လစ္ရွ္ကဲ့သို႔ပါတီပြဲသြားေရာက္မႈေၾကာင့္
ခ်န္လွပ္ခံရတာမဟုတ္ဘူးလို႔ယူဆရပါတယ္။