အဝင်ကြမ်းပေမယ့် အ၀ါကတ်သာ သူနဲ့ထိုက်တန်ကြောင်း ကိန်း ပြောကြား
လီဗာပူးနောက်ခံလူရောဘတ်ဆန်ကို သူ့ရဲ့ဖျက်ထုတ်မှုဟာ အနီကတ်နဲ့မထိုက်တန်ကြောင်း
စပါးတိုက်စစ်မှုးဟယ်ရီကိန်းက အခိုင်အမာပြောကြားလိုက်ပါတယ်။
အဲဒီစပါးကြယ်ပွင့်ဟာ ၂-၂ သရေကျခဲ့တဲ့ အဲဒီပွဲရဲ့ပထမပိုင်း အစောပိုင်းမှာ
ဒီရာသီ သူ့ရဲ့ဒုတိယမြောက်ဂိုးကို သွင်းနိုင်ခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ
ရောဘတ်ဆန်ကို အဝင်ကြမ်းခဲ့လို့ အထုတ်ခံရနိုင်တဲ့အခြေအနေရှိခဲ့ပါတယ်။
အဲဒီအဖြစ်အပျက်မှာ ဟယ်ရီကိန်းဟာ ရောဘတ်ဆန်ကို စုံပစ်ဝင်ခဲ့တာဖြစ်ပြီး
အခန့်မသင့်ရင် တစ်ဖက်က စကော့တလန်သားဟာ ခြေထောက်ကျိုးသွားနိုင်ပါတယ်။
အဲဒါနဲ့ပတ်သက်လို့ ဒိုင်လူကြီးတီယာနေးက အနီကတ်မပြဘဲ အဝါကတ်နဲ့သာ
သတိပေးခဲ့လို့ လီဗာပူးနည်းပြကလော့ပ်တစ်ယောက် ပေါက်ကွဲခဲ့ပါတယ်။
ဒါပေမဲ့ ပွဲအပြီးမှာတော့ ကွင်းထဲမှာ သူရှိနေနိုင်တာဟာ ကံကောင်းတယ်လို့
ထင်မြင်ယူဆနေမှုတွေကို ဟယ်ရီကိန်းက ပယ်ချလိုက်ပါတယ်။
”ဒါက ပြင်းထန်တဲ့ဖျက်ထုတ်မှုတစ်ခုလို့ ထင်ပေမယ့် ကျွန်တော်က
ဘောလုံးဦးခဲ့တာပါ။ ပြန်တော့ မကြည့်ရသေးဘူးပေါ့။ ပွဲကြီးတွေကစားရပြီဆိုရင်
ရမှတ်အတွက် တိုက်ပွဲဝင်ရဆိုတော့ တစ်ခါတစ်ရံ ဒီလိုပြင်းထန်တဲ့ဖျက်ထုတ်မှုတွေ
ရှိတတ်ပါတယ်။ သူတို့ စစ်ဆေးခဲ့တာပဲလေဗျာ။ အဝါကတ်အနေနဲ့ပဲ ရှိခဲ့တာဆိုတော့
ကျွန်တော်တို့ ရှေ့ဆက်သွားတာပေါ့”လို့ ဟယ်ရီကိန်းက Sky Sports ရုပ်သံကို ပြောခဲ့တာပါ။
ဒါ့အပြင် အဲဒီအင်္ဂလန်အသင်းခေါင်းဆောင်က ဒုတိယပိုင်းမှာ အနီကတ်နဲ့
အထုတ်ခံခဲ့ရတဲ့ရောဘတ်ကလည်း ဒီဆုံးဖြတ်ချက်ကို သဘောတူခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။
”ကွင်းထဲမှာတော့ အနီကတ်နဲ့ထိုက်တန်တယ်လို့ မခံစားခဲ့ရပါဘူး။
ရောဘတ်ဆန်တောင်မှ အဲဒါဟာ ပြစ်ဒဏ်ဘောလို့ မထင်ကြောင်း
ကျွန်တော့်ကို ပြောခဲ့တာပါ။ တစ်ခါတစ်ရံ ဘောလုံးမှာ နှေးနှေးပြန်ကြည့်လိုက်ရင်
ဖြစ်သွားတာထက် ပိုဆိုးပုံရပါတယ်”လို့ ဟယ်ရီကိန်းက ဆက်လက်ပြောကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်းဖြစ်တဲ့ ကလက်တန်ဘက်ကတော့
ရောဘတ်ဆန်အထုတ်ခံခဲ့ရတဲ့အဖြစ်အပျက်ထက်
ဟယ်ရီကိန်းရဲ့အဖြစ်အပျက်က ပိုဆိုးကြောင်း Daily Mail မှာ ရေးသားခဲ့ပါတယ်။
zawgyi