အသက် ၁၉ နှစ်ဘဲရှိသေးတဲ့ အီကွေဒေါကွင်းလယ်လူကို မန်ယူခေါ်ဖို့သဘောတူညီချက်ရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းဟာ အီကွေဒေါ ကလပ် အင်ဒီပန်ဒီယန်တီက အသက် ၁၉ နှစ်သာရှိသေးတဲ့ လူငယ်ကွင်းလယ်လူ မွိုက်စ်ကိုင်စီဒို ကိုပေါင် ၄.၅ သန်းနဲ့ခေါ်ယူဖို့သဘောတူညီချက်ရရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။

အီကွေဒေါ လက်ရွေးစင်ဖြစ်တဲ့ ကိုင်စီဒိုဟာ အလျင်အမြန်တိုးတက်လာတဲ့ သူ့ခြေစွမ်းကြောင့် တောင်အမေရိကမှာ နာမည်ကျော်ကြားနေပြီး လိုက်ပ်ဇစ်နဲ့ အေစီမီလန်တို့ကလည်း ခေါ်ယူဖို့ကြိုးစားခဲ့ကြပါတယ်။

ဒါပေမယ့်ဆွေးနွေးမှုတွေလုပ်ရာမှာ မန်ယူကလက်ဦးမှုရယူနိုင်ခဲ့ပြီး သိပ်မကြာခင်မှာ အပြီးသတ်လက်မှတ်ရေးထိုးတော့မယ်လို့လည်း Diario Extra သတင်းမှာ ဖော်ပြသွားပါတယ်။ သူ့တန်ကြေးကပေါင် ၄.၅ သန်းဆိုပေမယ့် အခြားအချက်တွေအပေါ်မူတည်ပြီး ထပ်ဆောင်းကြေးတွေ ပေးချေရဦးမှာဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ အီကွေဒေါအတွက် ၄ ပွဲပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဥရောပဘောလုံးကင်းထောက်တွေက သူ့ကိုသေချာစောင့်ကြည့်ခဲ့ကြတာပါ။ အောက်တိုဘာလတုန်းက နာမည်ကြီး ဥရုဂွေးကို ၄-၂ နဲ့နိုင်ခဲ့တုန်းကဆိုရင် သူဟာလက်ရွေးစင်အသင်းအတွက် ပထမဆုံးဂိုးကိုပါသွင်းယူနိုင်ခဲ့တာပါ။

သူ့ခြေစွမ်းတိုးတက်လာနေတာကြောင့် ကိုင်စီဒိုကို အသင်းမှာ ဆက်ထိန်းနိုင်တော့မှာ မဟုတ်ဘူးလို့ အင်ဒီပန်ဒီယန်တီ အသင်း မန်နေဂျာ ဆန်တီယာဂိုမိုရေးလ်စ်က ပြောခဲ့ပြီး ဥရောပထိပ်တန်းကလပ်တစ်ခုက ကမ်းလှမ်းလာတာကို လက်ခံဆွေးနွေးနေတယ်လို့ ဆိုခဲ့ပါတယ်။

ဒါကြောင့်သူဟာ ၂၀၂၁ ဇန်နဝါရီဈေးကွက်အတွင်း မန်ယူခေါ်ယူမယ့် ပထမဆုံးကစားသမား ဖြစ်လာပါလိမ့်မယ်။ ကိုင်စီဒိုကလည်း သူဟာပေါ့ဂ်ဘာကို အားကျသူဖြစ်လို့ မန်ယူကိုပြောင်းရွှေ့လိုတယ်လို့ပြောထားပါတယ်။

မန်ယူဟာလူငယ်ကစားသမားတွေကို ဆက်တိုက်ဆိုသလိုခေါ်ယူနေပြီး အတ္တလန္တာက ဒီယာလိုဟာလည်း လာမယ့်ဈေးကွက်ဖွင့်ချိန်မှာပေါင် ၃၇ သန်းနဲ့ရောက်လာတော့မှာဖြစ်သလို ပယ်လစ္စထရီနဲ့ ဝီလီကမ်ဘွာလာ တို့ဟာလည်း လာမယ့်နွေရာသီမှာရောက်ရှိလာကြမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အသက္ ၁၉ ႏွစ္ဘဲရွိေသးတဲ့ အီေကြေဒါကြင္းလယ္လူကို မန္ယူေခၚဖို႔သေဘာတူညီခ်က္ရ

မန္ယူအသင္းဟာ အီေကြေဒါ ကလပ္ အင္ဒီပန္ဒီယန္တီက အသက္ ၁၉ ႏွစ္သာရွိေသးတဲ့ လူငယ္ကြင္းလယ္လူ မြိဳက္စ္ကိုင္စီဒို ကိုေပါင္ ၄.၅ သန္းနဲ႔ေခၚယူဖို႔သေဘာတူညီခ်က္ရရွိသြားၿပီျဖစ္ေၾကာင္း သိရပါတယ္။ အီေကြေဒါ လက္ေ႐ြးစင္ျဖစ္တဲ့ ကိုင္စီဒိုဟာ အလ်င္အျမန္တိုးတက္လာတဲ့ သူ႔ေျခစြမ္းေၾကာင့္ ေတာင္အေမရိကမွာ နာမည္ေက်ာ္ၾကားေနၿပီး လိုက္ပ္ဇစ္နဲ႔ ေအစီမီလန္တို႔ကလည္း ေခၚယူဖို႔ႀကိဳးစားခဲ့ၾကပါတယ္။

ဒါေပမယ့္ေဆြးေႏြးမႈေတြလုပ္ရာမွာ မန္ယူကလက္ဦးမႈရယူႏိုင္ခဲ့ၿပီး သိပ္မၾကာခင္မွာ အၿပီးသတ္လက္မွတ္ေရးထိုးေတာ့မယ္လို႔လည္း Diario Extra သတင္းမွာ ေဖာ္ျပသြားပါတယ္။ သူ႔တန္ေၾကးကေပါင္ ၄.၅ သန္းဆိုေပမယ့္ အျခားအခ်က္ေတြအေပၚမူတည္ၿပီး ထပ္ေဆာင္းေၾကးေတြ ေပးေခ်ရဦးမွာျဖစ္ပါတယ္။

သူဟာ ၿပီးခဲ့တဲ့ ကမၻာ့ဖလားေျခစစ္ပြဲေတြမွာ အီေကြေဒါအတြက္ ၄ ပြဲပါဝင္ကစားခဲ့ၿပီး ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ ဥေရာပေဘာလုံးကင္းေထာက္ေတြက သူ႔ကိုေသခ်ာေစာင့္ၾကည့္ခဲ့ၾကတာပါ။ ေအာက္တိုဘာလတုန္းက နာမည္ႀကီး ဥ႐ုေဂြးကို ၄-၂ နဲ႔ႏိုင္ခဲ့တုန္းကဆိုရင္ သူဟာလက္ေ႐ြးစင္အသင္းအတြက္ ပထမဆုံးဂိုးကိုပါသြင္းယူႏိုင္ခဲ့တာပါ။

သူ႔ေျခစြမ္းတိုးတက္လာေနတာေၾကာင့္ ကိုင္စီဒိုကို အသင္းမွာ ဆက္ထိန္းႏိုင္ေတာ့မွာ မဟုတ္ဘူးလို႔ အင္ဒီပန္ဒီယန္တီ အသင္း မန္ေနဂ်ာ ဆန္တီယာဂိုမိုေရးလ္စ္က ေျပာခဲ့ၿပီး ဥေရာပထိပ္တန္းကလပ္တစ္ခုက ကမ္းလွမ္းလာတာကို လက္ခံေဆြးေႏြးေနတယ္လို႔ ဆိုခဲ့ပါတယ္။

ဒါေၾကာင့္သူဟာ ၂၀၂၁ ဇန္နဝါရီေဈးကြက္အတြင္း မန္ယူေခၚယူမယ့္ ပထမဆုံးကစားသမား ျဖစ္လာပါလိမ့္မယ္။ ကိုင္စီဒိုကလည္း သူဟာေပါ့ဂ္ဘာကို အားက်သူျဖစ္လို႔ မန္ယူကိုေျပာင္းေ႐ႊ႕လိုတယ္လို႔ေျပာထားပါတယ္။

မန္ယူဟာလူငယ္ကစားသမားေတြကို ဆက္တိုက္ဆိုသလိုေခၚယူေနၿပီး အတၱလႏၲာက ဒီယာလိုဟာလည္း လာမယ့္ေဈးကြက္ဖြင့္ခ်ိန္မွာေပါင္ ၃၇ သန္းနဲ႔ေရာက္လာေတာ့မွာျဖစ္သလို ပယ္လစၥထရီနဲ႔ ဝီလီကမ္ဘြာလာ တို႔ဟာလည္း လာမယ့္ေႏြရာသီမွာေရာက္ရွိလာၾကမွာျဖစ္ပါတယ္။