အသင်းက ထွက်ခွာပြီး ၁နှစ်အကြာမှာဘဲ တော့တင်ဟမ်ကို အံ့အားသင့်ဖွယ် ပြန်လာဖွယ်ရှိနေတဲ့ အဲရစ်ဆင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အီတလီကလာတဲ့သတင်းတွေအရ တကယ်လို့ တော့တင်ဟမ်ကွင်းလယ်လူ အလီသာ ပီအက်စ်ဂျီပြောင်းဖြစ်ပါက အဲရစ်ဆင်တစ်ယောက် တော့တင်ဟမ်ပြန်လာဖွယ်ရှိနေတယ်လို့ ဖော်ပြနေကြပါတယ်။
တော့တင်ဟမ်ကနေ ပေါင် ၁၇.၅ သန်းနဲ့ အင်တာကိုပြောင်းရွှေ့ပြီးနောက် တစ်နှစ်အကြာမှာပဲ အင်္ဂလန်ကိုပြန်လာဖွယ်ရှိနေတာဖြစ်ပါတယ်။


အဲရစ်ဆင်ဟာ ကွန်တီလက်အောက်မှာ ခြေစွမ်းပြဖို့ရုန်းကန်နေရပြီး ပုံမှန်ပွဲထွက်ခွင့်တစ်နေရာပါ ပျောက်ဆုံးလာခဲ့တာဖြစ်ပါတယ်။

ဒယ်လိုစပေါ့တ်သတင်းဌာနကတော့ အဲရစ်ဆင်ရဲ့တော့တင်ဟမ်ပြန်ရေးက အလီပေါ်မှာ မူတည်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။


တော့တင်ဟမ်အသင်းကလည်း အလီတစ်ယောက် ပီအက်စ်ဂျီပြောင်းမှသာ ပြန်လည်ခေါ်ယူဖွယ်ရှိနေပါတယ်။ အလီကို ပီအက်စ်ဂျီနည်းပြသစ် ပိုချက်တီနိုက ခေါ်ယူချင်နေတာဖြစ်ပါတယ်။
စပေါ့တ်မေးလ်သတင်းဌာနကတော့ ပိုချက်တီနိုရဲ့အဓိကပစ်မှတ်ဟာ အဲရစ်ဆင်ဖြစ်တယ်လို့ အခုအပတ်တုန်းက ဖော်ပြခဲ့ပါတယ်။


အလီဟာ ဒီရာသီမော်ရင်ဟိုလက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ အင်တာမီလန်ဥက္ကဌ မာရော့တာကလည်း အဲရစ်ဆင်ဟာ အသင်းကနေ ထွက်ခွာမယ်လို့ အတည်ပြုထားခဲ့ပါတယ်။
“ကျွန်တော်အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အမြဲပြောဖြစ်ပါတယ်။ အဲရစ်ဆင်က အပြောင်းအရွှေ့စာရင်းထဲမှာပါဝင်နေပါတယ်။


သူကအသင်းမှာအထိုင်ကျဖို့ ရုန်းကန်နေပါတယ်။ လူစာရင်းမှာ မထည့်သွင်းတာက အခြေအနေအကြောင်းကြောင်းတွေကြောင့်ပါ”လို့ မာရော့တာက ပြောကြားခဲ့ပါတယ်။
အဲရစ်ဆင်ဟာ ၂၀၁၃ ခုနှစ်က အေဂျက်စ်ကနေ ပြောင်းရွှေ့လာပြီးနောက် တော့တင်ဟမ်အတွက် ၇ နှစ်အတွင်း ပွဲပေါင်း ၃၀၅ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက ချန်ပီယံလိဂ်ဖိုင်နယ်ပို့ဆောင်ပေးတုန်းကလည်း အဲရစ်ဆင်ဟာ အသင်းအတွက် အဓိကနေရာကနေ ပါဝင်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ဆန်စီရိုမှာတော့ အဲရစ်ဆင်ဟာ ခြေစွမ်းပြဖို့ရုန်းကန်နေရပြီး ၁၂ လအကြာမှာပဲ အင်တာကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
အသင္းက ထြက္ခြာျပီး ၁ႏွစ္အၾကာမွာဘဲ ေတာ့တင္ဟမ္ကို အံ့အားသင့္ဖြယ္ ျပန္လာဖြယ္ရွိေနတဲ့ အဲရစ္ဆင္
=================
အီတလီကလာတဲ့သတင္းေတြအရ တကယ္လို႔ ေတာ့တင္ဟမ္ကြင္းလယ္လူ အလီသာ ပီအက္စ္ဂ်ီေျပာင္းျဖစ္ပါက အဲရစ္ဆင္တစ္ေယာက္ ေတာ့တင္ဟမ္ျပန္လာဖြယ္ရွိေနတယ္လုိ႔ ေဖာ္ျပေနၾကပါတယ္။

ေတာ့တင္ဟမ္ကေန ေပါင္ ၁၇.၅ သန္းနဲ႔ အင္တာကိုေျပာင္းေရႊ႕ျပီးေနာက္ တစ္ႏွစ္အၾကာမွာပဲ အဂၤလန္ကိုျပန္လာဖြယ္ရွိေနတာျဖစ္ပါတယ္။
အဲရစ္ဆင္ဟာ ကြန္တီလက္ေအာက္မွာ ေျခစြမ္းျပဖို႔ရုန္းကန္ေနရျပီး ပံုမွန္ပြဲထြက္ခြင့္တစ္ေနရာပါ ေပ်ာက္ဆံုးလာခဲ့တာျဖစ္ပါတယ္။
ဒယ္လိုစေပါ့တ္သတင္းဌာနကေတာ့ အဲရစ္ဆင္ရဲ႕ေတာ့တင္ဟမ္ျပန္ေရးက အလီေပၚမွာ မူတည္ေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။
ေတာ့တင္ဟမ္အသင္းကလည္း အလီတစ္ေယာက္ ပီအက္စ္ဂ်ီေျပာင္းမွသာ ျပန္လည္ေခၚယူဖြယ္ရွိေနပါတယ္။ အလီိကို ပီအက္စ္ဂ်ီနည္းျပသစ္ ပိုခ်က္တီႏုိုက ေခၚယူခ်င္ေနတာျဖစ္ပါတယ္။
စေပါ့တ္ေမးလ္သတင္းဌာနကေတာ့ ပိုခ်က္တီႏိုရဲ႕အဓိကပစ္မွတ္ဟာ အဲရစ္ဆင္ျဖစ္တယ္လုိ႔ အခုအပတ္တုန္းက ေဖာ္ျပခဲ့ပါတယ္။

အလီဟာ ဒီရာသီေမာ္ရင္ဟိုလက္ေအာက္မွာ ပံုမွန္ပြဲထြက္ခြင့္ရဖို႔ ရုန္းကန္ေနရတာျဖစ္ပါတယ္။ အင္တာမီလန္ဥကၠဌ မာေရာ့တာကလည္း အဲရစ္ဆင္ဟာ အသင္းကေန ထြက္ခြာမယ္လို႔ အတည္ျပဳထားခဲ့ပါတယ္။
“ကြ်န္ေတာ္အေျပာင္းအေရႊ႕နဲ႔ပတ္သက္ျပီး အျမဲေျပာျဖစ္ပါတယ္။ အဲရစ္ဆင္က အေျပာင္းအေရႊ႕စာရင္းထဲမွာပါ၀င္ေနပါတယ္။
သူကအသင္းမွာအထိုင္က်ဖို႔ ရုန္းကန္ေနပါတယ္။ လူစာရင္းမွာ မထည့္သြင္းတာက အေျခအေနအေၾကာင္းေၾကာင္းေတြေၾကာင့္ပါ”လို႔ မာေရာ့တာက ေျပာၾကားခဲ့ပါတယ္။
အဲရစ္ဆင္ဟာ ၂၀၁၃ ခုႏွစ္က ေအဂ်က္စ္ကေန ေျပာင္းေရႊ႕လာျပီးေနာက္ ေတာ့တင္ဟမ္အတြက္ ၇ ႏွစ္အတြင္း ပြဲေပါင္း ၃၀၅ ပြဲအထိ ပါ၀င္ကစားေပးခဲ့ပါတယ္။
၂၀၁၉ ခုႏွစ္တုန္းက ခ်န္ပီယံလိဂ္ဖိုုင္နယ္ပို႔ေဆာင္ေပးတုန္းကလည္း အဲရစ္ဆင္ဟာ အသင္းအတြက္ အဓိကေနရာကေန ပါ၀င္ေပးခဲ့ပါတယ္။

ဒါေပမဲ့ ဆန္စီရိုမွာေတာ့ အဲရစ္ဆင္ဟာ ေျခစြမ္းျပဖို႔ရုန္းကန္ေနရျပီး ၁၂ လအၾကာမွာပဲ အင္တာကေန ထြက္ခြာဖြယ္ရွိေနပါတယ္။