အသင်းခေါင်းဆောင်အူဘာမီယန်ကို မလိုအပ်တော့ဘူးလား အာဆင်နယ်

အူဘာမီယန်ဟာမနေ့ညတုန်းကအာဆင်နယ်ကဆောက်သမ်တန်ကို

၃-ဝဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာအာဆင်နယ်လူစာရင်းမှာတောင်မပါဝင်ဘဲ

ချန်လှပ်ခြင်းခံခဲ့ရပါတယ်။အာဆင်နယ်နည်းပြအာတီတာကအူဘာမီယန်ကို

စည်းမျဉ်းစည်းကမ်းချိုးဖောက်လို့ ချန်လှပ်ထားခဲ့လို့ဆိုပါတယ်။

ယခုအခါမှာတော့အူဘာမီယန်ဟာဘယ်စည်းမျဉ်းစည်းကမ်းကို

ချိုးဖောက်ခဲ့သလဲဆိုတာသိခွင့်ရရှိလာပြီဖြစ်ပါတယ်။

အာဆင်နယ်ဟာရလဒ်ကောင်းဆက်တိုက်ရပြီးတဲ့နောက်

စနေနေ့ဆောက်သမ်တန်ပွဲမတိုင်မီ

ယူနိုက်တက်နှင့်အဲဗာတန်တို့ကိုဆက်တိုက်ရှုံးနိမ့်ခဲ့ပါတယ်။အူဘာမီယန်ဟာ

အဲဗာတန်နှင့်ပွဲမှာအရန်ခုံမှာထိုင်နေခဲ့ရပြီးပွဲပြီးခါနီးငါးမိနစ်အလိုမှာမှ

ဝင်ရောက်ကစားခွင့်ရရှိခဲ့ပါတယ်။သူဟာချေပဂိုးသွင်းနိုင်မယ့်

ရွှေအခွင့်အရေးရခဲ့ပေမယ့်ဖြုန်းတီးပစ်ခဲ့ပါတယ်။

စနေနေ့ကဆောက်သမ်တန်ကိုအနိုင်ရတဲ့ပွဲမှာတော့အူဘာမီယန်ဟာ

လူစာရင်းမှာတောင်မပါဝင်ခဲ့ပါဘူး။အာတီတာကစည်းမျဉ်းချိုးဖောက်လို့

အူဘာမီယန်ကိုချန်ထားခဲ့တာလို့ဆိုပါတယ်။The Athletic ကအူဘာမီယန်ဟာ

ကလပ်ရဲ့သဘောတူညီချက်နှင့်နိုင်ငံခြားသို့သွားခဲ့ပေမယ့်အစောပိုင်းက

သဘောတူထားသလိုအချိန်မီ မရောက်လာဘဲနောက်ကျပြီးမှ

ရောက်လာခဲ့ကြောင်းဖော်ပြသွားပါတယ်။

ယင်းသို့နောက်ကျပြီးမှရောက်လာမှုနဲ့အတူအူဘာမီယန်ဟာကလပ်ရဲ့ပွဲမတိုင်မီ

ကိုဗစ်စည်းကမ်းကိုချိုးဖောက်ရာရောက်နေပါတယ်။အာဆင်နယ်ဟာ

ရှေ့ကစပါးစ်အသင်းတွင်ကိုဗစ်ကူးစက်မှု၁၃ဦးအထိဖြစ်တဲ့အဖြစ်အပျက်

ဖြစ်လာမှာစိုးတာကြောင့်ယင်းသို့ကိုဗစ်စည်းမျဉ်းကိုတင်းကြပ်စွာ

ကိုင်တွယ်နေတာလည်းဖြစ်ပါတယ်။ဂါဘွန်တိုက်စစ်မှူးဟာအာဆင်နယ်လူစာရင်းမှ

ချန်လှပ်ခြင်းခံခဲ့ရတာပထမဆုံးအကြိမ်မဟုတ်ပါဘူး။သူဟာပြီးခဲ့တဲ့ရာသီတုန်းက

မြောက်လန်ဒန်ဒါဘီပွဲမှာလည်းယာဉ်ကြောပိတ်ဆို့မှုဖြစ်ပြီးပွဲသို့နောက်ကျပြီးမှ

ရောက်ခဲ့မှုနဲ့အတူလူစာရင်းမှချန်လှပ်ခံခဲ့ရဖူးပါတယ်။ယင်းပွဲမှာလည်း

အာဆင်နယ်ဟာ၁-ဝဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

မနေ့ညတုန်းကဆောက်သမ်တန်နှင့်ပွဲမှာလည်းအာဆင်နယ်ဟာ

လာကာဇက်တီ၊အိုဒီဂတ်၊ဂါဘရီရယ်တို့ရဲ့သွင်းဂိုးများဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ဒါကြောင့်အာဆင်နယ်ဟာအသင်းခေါင်းဆေင်အူဘာမီယန်ကို

မလိုအပ် တော့ဘူးလို့ပြောလို့ရပါတယ်။

zawgyi

အသင္းေခါင္းေဆာင္အူဘာမီယန္ကို မလိုအပ္ေတာ့ဘူးလား အာဆင္နယ္

အူဘာမီယန္ဟာမေန႔ညတုန္းကအာဆင္နယ္ကေဆာက္သမ္တန္ကို

၃-ဝဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာအာဆင္နယ္လူစာရင္းမွာေတာင္မပါဝင္ဘဲ

ခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။အာဆင္နယ္နည္းျပအာတီတာကအူဘာမီယန္ကို

စည္းမ်ဥ္းစည္းကမ္းခ်ိဳးေဖာက္လို႔ ခ်န္လွပ္ထားခဲ့လို႔ဆိုပါတယ္။

ယခုအခါမွာေတာ့အူဘာမီယန္ဟာဘယ္စည္းမ်ဥ္းစည္းကမ္းကို

ခ်ိဳးေဖာက္ခဲ့သလဲဆိုတာသိခြင့္ရရွိလာၿပီျဖစ္ပါတယ္။

အာဆင္နယ္ဟာရလဒ္ေကာင္းဆက္တိုက္ရၿပီးတဲ့ေနာက္စေနေန႔ေဆာက္သမ္တန္ပြဲမတိုင္မီ

ယူႏိုက္တက္ႏွင့္အဲဗာတန္တို႔ကိုဆက္တိုက္ရႈံးနိမ့္ခဲ့ပါတယ္။အူဘာမီယန္ဟာ

အဲဗာတန္ႏွင့္ပြဲမွာအရန္ခုံမွာထိုင္ေနခဲ့ရၿပီးပြဲၿပီးခါနီးငါးမိနစ္အလိုမွာမွ

ဝင္ေရာက္ကစားခြင့္ရရွိခဲ့ပါတယ္။သူဟာေခ်ပဂိုးသြင္းႏိုင္မယ့္

ေ႐ႊအခြင့္အေရးရခဲ့ေပမယ့္ျဖဳန္းတီးပစ္ခဲ့ပါတယ္။

စေနေန႔ကေဆာက္သမ္တန္ကိုအႏိုင္ရတဲ့ပြဲမွာေတာ့အူဘာမီယန္ဟာ

လူစာရင္းမွာေတာင္မပါဝင္ခဲ့ပါဘူး။အာတီတာကစည္းမ်ဥ္းခ်ိဳးေဖာက္လို႔

အူဘာမီယန္ကိုခ်န္ထားခဲ့တာလို႔ဆိုပါတယ္။The Athletic ကအူဘာမီယန္ဟာ

ကလပ္ရဲ႕သေဘာတူညီခ်က္ႏွင့္ႏိုင္ငံျခားသို႔သြားခဲ့ေပမယ့္အေစာပိုင္းက

သေဘာတူထားသလိုအခ်ိန္မီ မေရာက္လာဘဲေနာက္က်ၿပီးမွ

ေရာက္လာခဲ့ေၾကာင္းေဖာ္ျပသြားပါတယ္။

ယင္းသို႔ေနာက္က်ၿပီးမွေရာက္လာမႈနဲ႔အတူအူဘာမီယန္ဟာကလပ္ရဲ႕ပြဲမတိုင္မီ

ကိုဗစ္စည္းကမ္းကိုခ်ိဳးေဖာက္ရာေရာက္ေနပါတယ္။အာဆင္နယ္ဟာ

ေရွ႕ကစပါးစ္အသင္းတြင္ကိုဗစ္ကူးစက္မႈ၁၃ဦးအထိျဖစ္တဲ့အျဖစ္အပ်က္

ျဖစ္လာမွာစိုးတာေၾကာင့္ယင္းသို႔ကိုဗစ္စည္းမ်ဥ္းကိုတင္းၾကပ္စြာ

ကိုင္တြယ္ေနတာလည္းျဖစ္ပါတယ္။ဂါဘြန္တိုက္စစ္မႉးဟာအာဆင္နယ္လူစာရင္းမွ

ခ်န္လွပ္ျခင္းခံခဲ့ရတာပထမဆုံးအႀကိမ္မဟုတ္ပါဘူး။သူဟာၿပီးခဲ့တဲ့ရာသီတုန္းက

ေျမာက္လန္ဒန္ဒါဘီပြဲမွာလည္းယာဥ္ေၾကာပိတ္ဆို႔မႈျဖစ္ၿပီးပြဲသို႔ေနာက္က်ၿပီးမွ

ေရာက္ခဲ့မႈနဲ႔အတူလူစာရင္းမွခ်န္လွပ္ခံခဲ့ရဖူးပါတယ္။ယင္းပြဲမွာလည္း

အာဆင္နယ္ဟာ၁-ဝဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

မေန႔ညတုန္းကေဆာက္သမ္တန္ႏွင့္ပြဲမွာလည္းအာဆင္နယ္ဟာ

လာကာဇက္တီ၊အိုဒီဂတ္၊ဂါဘရီရယ္တို႔ရဲ႕သြင္းဂိုးမ်ားျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ဒါေၾကာင့္အာဆင္နယ္ဟာအသင္းေခါင္းေဆင္အူဘာမီယန္ကို

မလိုအပ္ ေတာ့ဘူးလို႔ေျပာလို႔ရပါတယ္။