အသင်းခေါင်းဆောင်ပီသလွန်းခဲ့တဲ့ ဆိုင်မွန်ကေဂျာရဲ့ သူရဲကောင်းအပြုအမူ

ဒိန်းမတ်အသင်းခေါင်းဆောင် ဆိုင်မွန်ကေဂျာဟာ ယမန်နေ့ညက ဖင်လန်နဲ့ပွဲမှာ အသင်းဖော် ကွင်းလယ်လူအဲရစ်ဆင်ရဲ့ဘဝကို ကယ်တင်ပေးနိုင်ဖို့ အကောင်းဆုံးကူညီပေးနိုင်ခဲ့ပါတယ်။
အဲရစ်ဆင်ဟာ ပထမပိုင်းပြီးခါနီးမှာ မြက်ခင်းပေါ် မှောက်လျက်လဲကျသွားတာဖြစ်ပြီး သတိပါလစ်သွားခဲ့ပါတယ်။

အားလုံး အံ့အားသင့်တုန်လှုပ်သွားချိန်မှာ နောက်ခံလူကေဂျာက အရေးပေါ်ကုသမှုပြုလုပ်ခဲ့ပြီး ဆေးအဖွဲ့မရောက်လာခင် အဲရစ်ဆင်ကို အနီးကပ်ပြုစုခဲ့ပါတယ်။
သူဟာ အဲရစ်ဆင်တစ်ယောက် လျှာမလိပ်သွားစေဖို့ လည်ပင်းအနေအထားမှန်အောင် လုပ်ခဲ့သလို CPR စတင်လုပ်ဆောင်ခဲ့တာပါ။


အဲဒီနောက် အေစီမီလန်နောက်ခံလူဟာ အဲရစ်ဆင်ကို ဆေးအဖွဲ့ဝင်တွေ အရေးပေါ်ကုသနေတုန်းက လူသားချင်းစာနာတဲ့အနေနဲ့ ဓာတ်ပုံရိုက်လို့မရအောင် လူသားတံတိုင်းအဖြစ် ကာပေးဖို့ အသင်းသားတွေကို ဆော်သြခဲ့ပါတယ်။


သူနဲ့အတူ ဂိုးသမား ကက်စ်ပါရှမိုက်ကယ်က ဝမ်းနည်းပူဆွေးနေတဲ့ အဲရစ်ဆင်ရဲ့ဇနီးဖြစ်သူ ဆာဘရီနာကို အားပေးနှစ်သိမ့်ခဲ့ကြပြီး ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်က အဲရစ်ဆင်အနေနဲ့ ဆေးရုံှမှာ အခြေအနေတည်ငြိမ်သွားပြီလို့ အတည်ပြုပါတယ်။

အဲရစ်ဆင်ရဲ့ဖြစ်ရပ်ကြောင့် ဘောလုံးလောကတစ်ခုလုံး ဝမ်းနည်းပူဆွေးသွားခဲ့ရပြီး မျက်ရည်ကျရလောက်တဲ့အထိ စည်းလုံးညီညွတ်ကြတာကိုလည်း တွေ့ရပါတယ်။


ကွင်းထဲမှာ အားပေးနေတဲ့ ပရိသတ်အားလုံး(ဖင်လန်ပရိသတ်လည်းပါ)က အဲရစ်ဆင်ရဲ့နာမည်ကို ပြိုင်တူအော်ဟစ်ကာ အမြန်ဆုံးနေပြန်ကောင်းလာဖို့ ဝိုင်းဝန်းဆုတောင်းပေးခဲ့ကြပါတယ်။


”ကေဂျာက CPR လုပ်ဖို့ စတင်ပြင်ဆင်ခဲ့တယ်။ ရှမိုက်ကယ်က အဲရစ်ဆင်ရဲ့ဇနီးကို နှစ်သိမ့်ပေးတယ်။ အသင်းသားတွေက အဲရစ်ဆင်ကို ကာပေးခဲ့ကြတယ်။ ဒိုင်လူကြီး အန်တိုနီတေလာကလည်း ပွဲကို မြန်မြန်လေးရပ်လိုက်တယ်။ ဆေးအဖွဲ့ကလည်း အံ့ဖွယ်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။

Zawgyi
အသင္းေခါင္းေဆာင္ပီသလြန္းခဲ့တဲ့ ဆိုင္မြန္ေကဂ်ာရဲ႕ သူရဲေကာင္းအျပဳအမူ
ဒိန္းမတ္အသင္းေခါင္းေဆာင္ ဆိုင္မြန္ေကဂ်ာဟာ ယမန္ေန႔ညက ဖင္လန္နဲ႔ပြဲမွာ အသင္းေဖာ္ ကြင္းလယ္လူအဲရစ္ဆင္ရဲ႕ဘ၀ကို ကယ္တင္ေပးႏိုင္ဖို႔ အေကာင္းဆုံးကူညီေပးႏိုင္ခဲ့ပါတယ္။
အဲရစ္ဆင္ဟာ ပထမပိုင္းၿပီးခါနီးမွာ ျမက္ခင္းေပၚ ေမွာက္လ်က္လဲက်သြားတာျဖစ္ၿပီး သတိပါလစ္သြားခဲ့ပါတယ္။
အားလုံး အံ့အားသင့္တုန္လႈပ္သြားခ်ိန္မွာ ေနာက္ခံလူေကဂ်ာက အေရးေပၚကုသမႈျပဳလုပ္ခဲ့ၿပီး ေဆးအဖြဲ႕မေရာက္လာခင္ အဲရစ္ဆင္ကို အနီးကပ္ျပဳစုခဲ့ပါတယ္။

သူဟာ အဲရစ္ဆင္တစ္ေယာက္ လွ်ာမလိပ္သြားေစဖို႔ လည္ပင္းအေနအထားမွန္ေအာင္ လုပ္ခဲ့သလို CPR စတင္လုပ္ေဆာင္ခဲ့တာပါ။
အဲဒီေနာက္ ေအစီမီလန္ေနာက္ခံလူဟာ အဲရစ္ဆင္ကို ေဆးအဖြဲ႕၀င္ေတြ အေရးေပၚကုသေနတုန္းက လူသားခ်င္းစာနာတဲ့အေနနဲ႔ ဓာတ္ပုံ႐ိုက္လို႔မရေအာင္ လူသားတံတိုင္းအျဖစ္ ကာေပးဖို႔ အသင္းသားေတြကို ေဆာ္ၾသခဲ့ပါတယ္။
သူနဲ႔အတူ ဂိုးသမား ကက္စ္ပါရွမိုက္ကယ္က ၀မ္းနည္းပူေဆြးေနတဲ့ အဲရစ္ဆင္ရဲ႕ဇနီးျဖစ္သူ ဆာဘရီနာကို အားေပးႏွစ္သိမ့္ခဲ့ၾကၿပီး ဒိန္းမတ္ေဘာလုံးအဖြဲ႕ခ်ဳပ္က အဲရစ္ဆင္အေနနဲ႔ ေဆး႐ုံွမွာ အေျခအေနတည္ၿငိမ္သြားၿပီလို႔ အတည္ျပဳပါတယ္။
အဲရစ္ဆင္ရဲ႕ျဖစ္ရပ္ေၾကာင့္ ေဘာလုံးေလာကတစ္ခုလုံး ၀မ္းနည္းပူေဆြးသြားခဲ့ရၿပီး မ်က္ရည္က်ရေလာက္တဲ့အထိ စည္းလုံးညီၫြတ္ၾကတာကိုလည္း ေတြ႕ရပါတယ္။
ကြင္းထဲမွာ အားေပးေနတဲ့ ပရိသတ္အားလုံး(ဖင္လန္ပရိသတ္လည္းပါ)က အဲရစ္ဆင္ရဲ႕နာမည္ကို ၿပိဳင္တူေအာ္ဟစ္ကာ အျမန္ဆုံးေနျပန္ေကာင္းလာဖို႔ ဝိုင္း၀န္းဆုေတာင္းေပးခဲ့ၾကပါတယ္။

”ေကဂ်ာက CPR လုပ္ဖို႔ စတင္ျပင္ဆင္ခဲ့တယ္။ ရွမိုက္ကယ္က အဲရစ္ဆင္ရဲ႕ဇနီးကို ႏွစ္သိမ့္ေပးတယ္။ အသင္းသားေတြက အဲရစ္ဆင္ကို ကာေပးခဲ့ၾကတယ္။ ဒိုင္လူႀကီး အန္တိုနီေတလာကလည္း ပြဲကို ျမန္ျမန္ေလးရပ္လိုက္တယ္။ ေဆးအဖြဲ႕ကလည္း အံ့ဖြယ္လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ အားလုံးကို ေက်းဇူးတင္ပါတယ္”လို႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ပါတယ္။