အသင်းခြေစွမ်းကြောင့် ခေါင်းခါစိတ်ပျက်ပြီး ပွဲကြည့်စင်က ထွက်ခဲ့တဲ့ မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာ အသင်း ဟာ မနေ့ ညက ၂၀၂၀ ရဲ့ နောက်ဆုံး လာလီဂါ ပွဲစဉ် အဖြစ် အီဘာ အသင်း ကို အိမ်ကွင်း မှာ လက်ခံ ကစား ခဲ့ ပါတယ် ။

အဲဒီပွဲ မှာ ခြေကျင်းဝတ် ဒဏ်ရာ ကုသမှု ခံယူ ထားတဲ့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ တစ်ယောက် အသင်းကို ပွဲကြည့်စင် ပေါ် ကနေ ပဲအားပေး ခဲ့ ပါတယ် ။ မက်ဆီမပါတဲ့ ဘာစီလိုနာ ဟာအားရစရာမရှိတဲ့ အနေအထားမျိုးဖြစ်ပြီး အီဘာ နဲ့ ၁ ဂိုးစီ သရေ ကျသွားခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ ကစားပုံ မကောင်းခဲ့ သလို တိုက်စစ်မှူး မာတင် ဘရိသ်ဝိတ် ကလည်း ပင်နယ်တီ မဝင် ခဲ့ ပါဘူး ။ ဒုတိယပိုင်း ပွဲချိန် (၅၇) မိနစ် မှာတော့ အီဘာ က အဖွင့်ဂိုး ရသွားခဲ့ပြီး ဘာစီလိုနာအသင်း ကို ဦးဆောင် သွားခဲ့ ပါတယ် ။ (၆၇) မိနစ် မှာ ဒမ်ဘီလီ က ချေပဂိုး ပြန်သွင်း ခဲ့ပေမယ့် ၃ မှတ် ရစေမယ့် နောက်ထပ် ဂိုးကိုတော့ ဘယ်သူမှ မသွင်းနိုင် ခဲ့ကြ ပါဘူး ။

အိမ်ကွင်းမှာ အီဘာနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ မက်ဆီဟာ အသင်းရဲ့ကစားပုံနဲ့ ရလဒ်ကို ပွဲကြည့်စင်ပေါ်ကနေကြည့်ပြီး စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ပါတယ်။

ပွဲပြီးဆုံးလို့ ကွင်းလယ်ဒိုင်လူကြီးက ဝီစီမှုတ်ခဲ့ချိန်မှာ ပွဲကြည့်စင်ပေါ်က မက်ဆီဟာ ခေါင်းကိုခါယမ်းခဲ့ပြီး စင်ပေါ်ကနေ ဆင်းသွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ရလဒ်ပိုင်းနဲ့ပတ်သက်ပြီး မက်ဆီတစ်ယောက် တော်တော်လေးစိတ်ပျက်နေခဲ့ဟန် ထင်ရှားခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ မက်ဆီတစ်ယောက် ဘာစီလိုနာကနေမထွက်ဘူးဆိုခဲ့ပေမယ့် အခုလိုဘာစီလိုနာရဲ့ ရလဒ်တွေ ကျဆင်းနေတာက မက်ဆီကို အသင်းကနေ ထွက်ခွာစေဖို့ ပိုပြီးဖိအားပေးသလိုမျိုး ဖြစ်လာစေနိုင်ပါတယ်။ အဲဒီသရေ ရလဒ်ကြောင့် ဘာစီလိုနာ ဟာ ၁၅ ပွဲ ကစား အပြီးမှာ ၂၅ မှတ် နဲ့ အဆင့် ၆ နေရာမှာ ရပ်တည် နေခဲ့ ပါတယ် ။ အဆင့် ၁ က အက်သလက်တီကို မက်ဒရစ် ဟာ ၃၂ မှတ် ရထားပြီး ၁၃ ပွဲသာ ကစားရပါသေးတယ် ။

စပိန် အခြေစိုက် အားကစား သတင်းစာတွေ က လည်းဘာစီလိုနာ အသင်းကို ပက်ပက်စက်စက်ကို ဝေဖန်နေကြပါတယ်။ “မက်ဆီ မပါတဲ့ ဘ၀ က ဒီလိုပါပဲ ၊ ဘာစီလိုနာ တို့ နိုင်ပွဲ ရအောင်မလုပ်နိုင်ပါဘူး” ၊ “နုံချာ တဲ့ ဘာစီလိုနာ ဟာ အားကောင်းတဲ့ အီဘာ ကို ယှဉ်ကစား သွားခဲ့တယ် ၊ ဒမ်ဘီလီ ဂိုးသွင်း ပေမယ့် ဘရိသ်ဝိတ် ကတော့ ပင်နယ်တီ မဝင်ခဲ့ပါဘူး” ဆိုတဲ့ ခေါင်းစဉ်တွေ၊ စာသားတွေနဲ့ ဆွမ်းကြီးဝိုင်းလောင်းနေကြပါတယ်။

ရာသီကုန်မှာ အသင်းကနေ အလွတ်ထွက်ခွာခွင့်ရှိနေသလို အခုရာသီမှာလည်း အသင်းနဲ့ ခွဲခွာရေး အက်ကြောင်းထနေတဲ့ မက်ဆီအတွက် အသင်းရလဒ်ပိုင်းနဲ့ ခြေစွမ်းကျဆင်းမှုတွေက အကြောင်းပြချက်ကောင်းတွေဖြစ်သွားနိုင်ပါတယ်။ လစာလျှော့၊ ရလဒ်မကောင်းတဲ့ အသင်းမှာ ထိပ်တန်းကစားသမားတစ်ယောက် ဘယ်လိုလုပ်ပျော်နိုင်ပါ့မလဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အသင္းေျခစြမ္းေၾကာင့္ ေခါင္းခါစိတ္ပ်က္ၿပီး ပြဲၾကည့္စင္က ထြက္ခဲ့တဲ့ မက္ဆီ

ဘာစီလိုနာ အသင္း ဟာ မေန႔ ညက ၂၀၂၀ ရဲ႕ ေနာက္ဆုံး လာလီဂါ ပြဲစဥ္ အျဖစ္ အီဘာ အသင္း ကို အိမ္ကြင္း မွာ လက္ခံ ကစား ခဲ့ ပါတယ္ ။ အဲဒီပြဲ မွာ ေျခက်င္းဝတ္ ဒဏ္ရာ ကုသမႈ ခံယူ ထားတဲ့ ဘာစီလိုနာ တိုက္စစ္မႉး မက္ဆီ တစ္ေယာက္ အသင္းကို ပြဲၾကည့္စင္ ေပၚ ကေန ပဲအားေပး ခဲ့ ပါတယ္ ။ မက္ဆီမပါတဲ့ ဘာစီလိုနာ ဟာအားရစရာမရွိတဲ့ အေနအထားမ်ိဳးျဖစ္ၿပီး အီဘာ နဲ႔ ၁ ဂိုးစီ သေရ က်သြားခဲ့ ပါတယ္ ။

ဘာစီလိုနာ ဟာ ကစားပုံ မေကာင္းခဲ့ သလို တိုက္စစ္မႉး မာတင္ ဘရိသ္ဝိတ္ ကလည္း ပင္နယ္တီ မဝင္ ခဲ့ ပါဘူး ။ ဒုတိယပိုင္း ပြဲခ်ိန္ (၅၇) မိနစ္ မွာေတာ့ အီဘာ က အဖြင့္ဂိုး ရသြားခဲ့ၿပီး ဘာစီလိုနာအသင္း ကို ဦးေဆာင္ သြားခဲ့ ပါတယ္ ။ (၆၇) မိနစ္ မွာ ဒမ္ဘီလီ က ေခ်ပဂိုး ျပန္သြင္း ခဲ့ေပမယ့္ ၃ မွတ္ ရေစမယ့္ ေနာက္ထပ္ ဂိုးကိုေတာ့ ဘယ္သူမွ မသြင္းႏိုင္ ခဲ့ၾက ပါဘူး ။

အိမ္ကြင္းမွာ အီဘာနဲ႔ တစ္ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာ မက္ဆီဟာ အသင္းရဲ႕ကစားပုံနဲ႔ ရလဒ္ကို ပြဲၾကည့္စင္ေပၚကေနၾကည့္ၿပီး စိတ္ပ်က္လက္ပ်က္ ျဖစ္ခဲ့ပါတယ္။ ပြဲၿပီးဆုံးလို႔ ကြင္းလယ္ဒိုင္လူႀကီးက ဝီစီမႈတ္ခဲ့ခ်ိန္မွာ ပြဲၾကည့္စင္ေပၚက မက္ဆီဟာ ေခါင္းကိုခါယမ္းခဲ့ၿပီး စင္ေပၚကေန ဆင္းသြားခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ရလဒ္ပိုင္းနဲ႔ပတ္သက္ၿပီး မက္ဆီတစ္ေယာက္ ေတာ္ေတာ္ေလးစိတ္ပ်က္ေနခဲ့ဟန္ ထင္ရွားခဲ့ပါတယ္။

အေစာပိုင္းတုန္းကေတာ့ မက္ဆီတစ္ေယာက္ ဘာစီလိုနာကေနမထြက္ဘူးဆိုခဲ့ေပမယ့္ အခုလိုဘာစီလိုနာရဲ႕ ရလဒ္ေတြ က်ဆင္းေနတာက မက္ဆီကို အသင္းကေန ထြက္ခြာေစဖို႔ ပိုၿပီးဖိအားေပးသလိုမ်ိဳး ျဖစ္လာေစႏိုင္ပါတယ္။ အဲဒီသေရ ရလဒ္ေၾကာင့္ ဘာစီလိုနာ ဟာ ၁၅ ပြဲ ကစား အၿပီးမွာ ၂၅ မွတ္ နဲ႔ အဆင့္ ၆ ေနရာမွာ ရပ္တည္ ေနခဲ့ ပါတယ္ ။ အဆင့္ ၁ က အက္သလက္တီကို မက္ဒရစ္ ဟာ ၃၂ မွတ္ ရထားၿပီး ၁၃ ပြဲသာ ကစားရပါေသးတယ္ ။

စပိန္ အေျခစိုက္ အားကစား သတင္းစာေတြ က လည္းဘာစီလိုနာ အသင္းကို ပက္ပက္စက္စက္ကို ေဝဖန္ေနၾကပါတယ္။ “မက္ဆီ မပါတဲ့ ဘ၀ က ဒီလိုပါပဲ ၊ ဘာစီလိုနာ တို႔ ႏိုင္ပြဲ ရေအာင္မလုပ္ႏိုင္ပါဘူး” ၊ “ႏုံခ်ာ တဲ့ ဘာစီလိုနာ ဟာ အားေကာင္းတဲ့ အီဘာ ကို ယွဥ္ကစား သြားခဲ့တယ္ ၊ ဒမ္ဘီလီ ဂိုးသြင္း ေပမယ့္ ဘရိသ္ဝိတ္ ကေတာ့ ပင္နယ္တီ မဝင္ခဲ့ပါဘူး” ဆိုတဲ့ ​ေခါင္းစဥ္​ေတြ၊ စာသား​ေတြနဲ႔ ဆြမ္းႀကီး၀ိုင္း​ေလာင္း​ေနၾကပါတယ္။

ရာသီကုန္မွာ အသင္းကေန အလြတ္ထြက္ခြာခြင့္ရွိေနသလို အခုရာသီမွာလည္း အသင္းနဲ႔ ခြဲခြာ​ေရး အက္​ေၾကာင္းထ​ေနတဲ့ မက္ဆီအတြက္ အသင္းရလဒ္ပိုင္းနဲ႔ ေျခစြမ္းက်ဆင္းမႈေတြက အေၾကာင္းျပခ်က္ေကာင္းေတြျဖစ္သြားႏိုင္ပါတယ္။ လစာ​​ေလွ်ာ့၊ ရလဒ္မ​ေကာင္းတဲ့ အသင္းမွာ ထိပ္တန္းကစားသမားတစ္​ေယာက္ ဘယ္လိုလုပ္​ေပ်ာ္ႏိုင္ပါ့မလဲ။