အသင်းပရိတ်သတ်တွေရဲ့ဆဲဆိုမှုကြောင့် Twitterအကောင့်ဖျက်လိုက်ရတဲ့ အာဆင်နယ်ဂိုးသမား

မန်စီးတီးကိုရှုံးနိမ့်ခဲ့တဲ့ကာရာဘောင်းဖလားပွဲက သူ့ရဲ့အမှားနဲ့ပတ်သက်ပြီး အသင်းပရိသတ်တွေရဲ့ဆဲဆိုမှုနဲ့ကြုံတွေ့ခဲ့ရပြီးနောက် အာဆင်နယ်ဂိုးသမားရူနာဆန်ဟာ သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်တစ်ခုဖြစ်တဲ့ Twitter အကောင့်ကို ဖျက်လိုက်ရပါတယ်။

ရူနာဆန်ဟာ မန်စီးတီးနဲ့အဲဒီကွာတားဖိုင်နယ်ပွဲစဉ်မှာ အာဆင်နယ်ပွဲထွက်လူစာရင်းထဲ အံ့အားသင့်ဖွယ်ပါလာခဲ့တာဖြစ်ပြီး နည်းပြအာတီတာက ပထမဦးစားပေးဘန်းလီနိုကို အနားပေးခဲ့တာပါ။

အဲဒီပွဲမှာ အာဆင်နယ်ဟာ မန်စီးတီးကို ပထမပိုင်းပြီးချိန်အထိ ၁-၁ သရေကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းပြန်အစမှာ ရူနာဆန်ရဲ့အမှားကနေ ၂-၁ ဖြစ်စေမယ့် ဒုတိယဂိုးပေးလိုက်ရပြီး အဲဒီနောက်ပိုင်းပြန်လာနိုင်ခြင်းမရှိတော့တာပါ။

မန်စီးတီးဘက်က မာရက်ဇ်ရဲ့ဖရီးကစ်ကန်ချက်ဟာ သူ့အတွက် အလွယ်တကူပုတ်ထုတ်နိုင်တဲ့အနေအထားဖြစ်ပေမယ့် ဘောလုံးကို လက်သီးနဲ့ထိုးချက်မပီပြင်မှုကြောင့် ကိုယ့်ဂိုးထဲကိုယ် ပုတ်ထည့်သလို ဖြစ်သွားခဲ့ရတယ်။

အဲဒီနောက်မှာတော့ ဂွါဒီယိုလာရဲ့အသင်းဟာ အမ်းမရိတ်စ်ကွင်းမှာ ၄-၁ နဲ့တောင်နိုင်သွားပြီး အာဆင်နယ်ပရိတ်အများစုက ဒီဂိုးပြတ်ရှုံးနိမ့်မှုမှာ ရူနာဆန်ရဲ့အမှားကို အပြစ်တင်ခဲ့ကြပါတယ်။

အသင်းပရိသတ်တွေက ဆိုရှယ်မီဒီယာထက်မှာ သူ့ကို ဆဲဆိုမှုတွေပြုလုပ်လာခဲ့ကြတဲ့အတွက် ရူနာဆန်ဟာ သူ့ရဲ့Twitter အကောင့်ကို ဖျက်လိုက်ရတဲ့အထိ ဖြစ်သွားခဲ့ရပါတယ်။

ဒါ့အပြင် အာဆင်နယ်ပရိသတ်တွေဟာ ဒီလိုအရေးကြီးပွဲမျိုးမှာ အဲဒီအိုက်စလန်လက်ရွေးစင်ဂိုးသမားကို အသုံးပြုခဲ့တာနဲ့ပတ်သက်လို့ နည်းပြအာတီတာကိုလည်း ဝေဖန်ခဲ့ကြပါတယ်။

၂၅ နှ်စအရွယ် ရူနာဆန်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဒီဂျွန်ကနေ ရောက်လာပြီးနောက် အာဆင်နယ်အတွက် ပြိုင်ပွဲအသွင် ၅ ပွဲမြောက်သာ ကစားရသေးတာပါ။

သူ့ရဲ့အရင် ၄ ပွဲက ယူရိုပါလိဂ်မှာဖြစ်ပြီး အဲဒီက အုပ်စုပွဲတွေမှာ အာဆင်နယ်စိုးမိုးကစားနိုင်ခဲ့တာတောင် ရူနာဆန်ဟာ သူ့ရဲ့ ၄ ပွဲမှာ ၃ ဂိုးခွင့်ပြုခဲ့ရပါတယ်။

Zawgyi

အသင္းပရိတ္သတ္ေတြရဲ႕ဆဲဆိုမႈေၾကာင့္ Twitterအေကာင့္ဖ်က္လိုက္ရတဲ့ အာဆင္နယ္ဂိုးသမား

မန္စီးတီးကိုရႈံးနိမ့္ခဲ့တဲ့ကာရာေဘာင္းဖလားပြဲက သူ႔ရဲ႕အမွားနဲ႔ပတ္သက္ၿပီး အသင္းပရိသတ္ေတြရဲ႕ဆဲဆိုမႈနဲ႔ႀကဳံေတြ႕ခဲ့ရၿပီးေနာက္ အာဆင္နယ္ဂိုးသမားရူနာဆန္ဟာ သူ႔ရဲ႕ဆိုရွယ္မီဒီယာအေကာင့္တစ္ခုျဖစ္တဲ့ Twitter အေကာင့္ကို ဖ်က္လုိက္ရပါတယ္။

ရူနာဆန္ဟာ မန္စီးတီးနဲ႔အဲဒီကြာတားဖိုင္နယ္ပြဲစဥ္မွာ အာဆင္နယ္ပြဲထြက္လူစာရင္းထဲ အံ့အားသင့္ဖြယ္ပါလာခဲ့တာျဖစ္ၿပီး နည္းျပအာတီတာက ပထမဦးစားေပးဘန္းလီႏိုကို အနားေပးခဲ့တာပါ။

အဲဒီပြဲမွာ အာဆင္နယ္ဟာ မန္စီးတီးကို ပထမပိုင္းၿပီးခ်ိန္အထိ ၁-၁ သေရကစားႏိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းျပန္အစမွာ ရူနာဆန္ရဲ႕အမွားကေန ၂-၁ ျဖစ္ေစမယ့္ ဒုတိယဂိုးေပးလုိက္ရၿပီး အဲဒီေနာက္ပိုင္းျပန္လာႏိုင္ျခင္းမရွိေတာ့တာပါ။

မန္စီးတီးဘက္က မာရက္ဇ္ရဲ႕ဖရီးကစ္ကန္ခ်က္ဟာ သူ႔အတြက္ အလြယ္တကူပုတ္ထုတ္ႏိုင္တဲ့အေနအထားျဖစ္ေပမယ့္ ေဘာလုံးကို လက္သီးနဲ႔ထုိးခ်က္မပီျပင္မႈေၾကာင့္ ကိုယ့္ဂိုးထဲကိုယ္ ပုတ္ထည့္သလို ျဖစ္သြားခဲ့ရတယ္။

အဲဒီေနာက္မွာေတာ့ ဂြါဒီယိုလာရဲ႕အသင္းဟာ အမ္းမရိတ္စ္ကြင္းမွာ ၄-၁ နဲ႔ေတာင္ႏို္င္သြားၿပီး အာဆင္နယ္ပရိတ္အမ်ားစုက ဒီဂိုးျပတ္ရႈံးနိမ့္မႈမွာ ရူနာဆန္ရဲ႕အမွားကို အျပစ္တင္ခဲ့ၾကပါတယ္။

အသင္းပရိသတ္ေတြက ဆုိရွယ္မီဒီယာထက္မွာ သူ႔ကို ဆဲဆုိမႈေတြျပဳလုပ္လာခဲ့ၾကတဲ့အတြက္ ရူနာဆန္ဟာ သူ႔ရဲ႕Twitter အေကာင့္ကို ဖ်က္လိုက္ရတဲ့အထိ ျဖစ္သြားခဲ့ရပါတယ္။

ဒါ့အျပင္ အာဆင္နယ္ပရိသတ္ေတြဟာ ဒီလုိအေရးႀကီးပြဲမ်ိဳးမွာ အဲဒီအုိက္စလန္လက္ေရြးစင္ဂိုးသမားကို အသုံးျပဳခဲ့တာနဲ႔ပတ္သက္လုိ႔ နည္းျပအာတီတာကိုလည္း ေ၀ဖန္ခဲ့ၾကပါတယ္။

၂၅ ႏွ္စအရြယ္ ရူနာဆန္ဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ ဒီဂၽြန္ကေန ေရာက္လာၿပီးေနာက္ အာဆင္နယ္အတြက္ ၿပိဳင္ပြဲအသြင္ ၅ ပြဲေျမာက္သာ ကစားရေသးတာပါ။

သူ႔ရဲ႕အရင္ ၄ ပြဲက ယူရိုပါလိဂ္မွာျဖစ္ၿပီး အဲဒီက အုပ္စုပြဲေတြမွာ အာဆင္နယ္စိုးမိုးကစားႏိုင္ခဲ့တာေတာင္ ရူနာဆန္ဟာ သူ႔ရဲ႕ ၄ ပြဲမွာ ၃ ဂိုးခြင့္ျပဳခဲ့ရပါတယ္။