အသင်းပြောင်းတာတောင် မှတ်တမ်းကောင်းရတဲ့ စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ထိပ်တန်းဘောလုံးသမားဆိုတာ အကြောင်းအရာအတော်များများမှာ မှတ်တမ်းကောင်းရကြပါတယ်။ အခုလည်း စီရော်နယ်ဒိုနဲ့ ပတ်သက်တဲ့ ကိစ္စတစ်ခုက မှတ်တမ်းကောင်းဖြစ်သွားပြန်ပါပြီ။

Sky Sports ရဲ့ Transfer Show Panel က ပြုလုပ်ခဲ့တဲ့ စစ်တမ်းကောက်ယူမှုအရ ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံးအပြောင်းအရွှေ့အဖြစ် စပို့တင်းလစ္စဘွန်းကနေ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ဟာ မဲပေးရွေးချယ်မှုအများဆုံးရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ အသက် ၃၅နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ အီတလီ အင်အားကြီး အသင်းတစ်သင်း ဂျူဗင်တပ်စ် အသင်းရဲ့ အဓိက ဂိုးသွင်းစက် တစ်လုံးအဖြစ် သတ်မှတ် ခံထားရတဲ့ ရော်နယ်ဒိုဟာ ကမ္ဘာ့ ဘောလုံးသမိုင်းမှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရပါတယ်။ သူ့ရဲ့ အောင်မြင်တဲ့ ဘောလုံးသမား ဘဝအစဟာ ယူနိုက်တက် အသင်းမှာ အစပျိုးခဲ့တာပဲ ဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ ၂၀၀၃ခုနှစ် မှာ စပို့တင်းအသင်း ကနေ ရော်နယ်ဒိုကို ပြောင်းရွှေ့ကြေး ယူရို ၁၉သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်နဲ့ စပို့တင်းတို့ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ရော်နယ်ဒိုတစ်ယောက် ပြိုင်ဘက်ကစားသမားတွေနဲ့ နည်းပြကြီးဖာဂူဆန်ကို မျက်စိကျအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ပွဲပြီးပြီးချင်းမှာပဲ ဖာဂူဆန်က သူ့ကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့ပြီး သဘောတူညီမှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် မှာတော့ ရော်နယ်ဒိုဟာ နည်းပြကြီး ဖာဂူဆန်ရဲ့ သင်ပြညွှန်ကြားမှုတွေ အောက်မှာ တစ်စထက် တစ်စ ကောင်းမွန်လာခဲ့ပြီး အသင်းအတွက် ၆နှစ်တာ ကာလ အတွင်းမှာ ပြိုင်ပွဲစုံ ပွဲပေါင်း (၂၉၂)ပွဲကို ပါဝင် ကစားပေးခဲ့ကာ သွင်းဂိုး (၁၁၈)ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု (၆၈)ကြိမ် ပြုလုပ်နိုင်ခဲ့ကာ ချန်ပီယံလိဂ်ဖလား ကိုလည်း ရယူနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ယူနိုက်တက်မှာ အောင်မြင်မှုအများအပြားရယူနိုင်ခဲ့ကာ သူ့ရဲ့ ပထမဆုံးဘလွန်းဒီအောဆုကိုလည်း ယူနိုက်တက်ကစားသမားဘဝ နောက်ဆုံးရာသီမှာ ရယူနိုင်ခဲ့ပါတယ်။

၂၀၀၉ခုနှစ် ဇူလိုင်လ ၁ရက်နေ့မှာတော့ ရော်နယ်ဒိုဟာ ယူနိုက်တက် အသင်းကနေ စပိန် အင်အားကြီးအသင်း ရီးရဲလ်မက်ဒရစ် အသင်းထံကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြစ်တဲ့ ယူရို ၉၄သန်းနဲ့ ပြောင်းရွှေ့ကာ ကစားခဲ့ပါတယ်။

ရီးရဲလ်မှာတော့ ၉ နှစ်ကြာကစားပေးခဲ့ကာ၊ အခု ဂျူဗင်တပ်စ်မှာတော့ ရော်နယ်ဒိုက ၃ ရာသီမြောက်ကစားပေးနေပြီဖြစ်ပြီး လက်ရှိအချိန်ထိ အဓိကကစားသမားအဖြစ်ရပ်တည်နေဆဲဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့နောက် အကောင်းဆုံးအပြောင်းအရွှေ့တွေအဖြစ်မှတ်တမ်းဝင်ခဲ့သူတွေကတော့ ဂျူဗင်တပ်စ်ကနေ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တဲ့ အွန်နရီ၊ လိဒ်ယူနိုက်တက်နေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တဲ့ ကန်တိုနာ၊ ဝက်စ်ဟမ်းကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့ခဲ့တဲ့ လမ်းပတ် နဲ့ နော်တင်ဟမ်ဖောရက်စ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တဲ့ ရွိုင်ကိန်းတို့ပဲဖြစ်ပါတယ်။

သူတို့တွေက အစဉ်လိုက်ရပ်တည်ခဲ့ပြီး ထိပ်ဆုံးငါးဦးစာရင်းမှာ ပါဝင်ခဲ့ကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi