အသင်းပြောင်းဖို့ အသိပေးထားတဲ့ ဟယ်ရီကိန်း ရောက်နိုင်ခြေအများဆုံးအသင်း ထွက်ပေါ်လာ

သတင်းတွေရဲ့ဖော်ပြချက်အရ လာမယ့်နွေရာသီအတွင်း အသင်းကနေ ထွက်ခွာချင်တယ်လို့ စပါးအသင်းထံအသိပေးထားတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း ရောက်နိုင်ခြေအများဆုံးအသင်း ထွက်ပေါ်လာပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိအင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေရာ ကလပ်အသင်းအများအပြားက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ပြည်တွင်းပြိုင်ဘက်တွေဖြစ်တဲ့ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့က ကစားသမားရဲ့ကိုယ်စားလှယ်တွေဆီ ဆက်သွယ်ချဉ်းကပ်ထားပြီးဖြစ်သလို စပါးနည်းပြဟောင်း ပိုချက်တီနို ကိုင်တွယ်နေတဲ့ ပီအက်စ်ဂျီကလည်း သူ့ကို ခေါ်ယူုဖို့ စိတ်အားထက်သန်နေပါတယ်။
ဒါပေမဲ့ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးက ဟယ်ရီကိန်းကို ခေါ်ယူဖို့ အခြေအနေအကောင်းဆုံးဖြစ်နေတယ်လို့ သိရပါတယ်။


talkSPORTသတင်းဌာနက အထက်ပါအတိုင်း ရေးသားထားတာဖြစ်ပြီး ကစားသမားဖြစ်သူက ပြည်ပထွက်ကစားတာထက် ပရီးမီးယားလိဂ်မှာပဲ ဆက်လက်ကစားလိုနေပါတယ်။

စီးတီးဟာ လာမယ့်နွေရာသီမှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဝါရင့်တိုက်စစ်မှူး အဂွဲရိုးရဲ့နေရာမှာ အစားထိုးဖို့ နွေဈေးကွက်အတွင်း တိုက်စစ်မှူးခေါ်ယူဖွယ်ရှိနေပါတယ်။


စီးတီးဟာ ဒေါ့မွန်လူငယ်ကြယ်ပွင့် ဟာလန်းကို ခေါ်ယူဖို့ သတင်းတွေကျယ်ပြန့်စွာထွက်ပေါ်နေပြီး သူ့ကို ခေါ်ယူဖို့ ပြိုင်ဘက်အများအပြားနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။
ဟယ်ရီကိန်းဟာ သူ့ရဲ့အနာဂတ်ကို ယူရို ၂၀၂၀ ပြိုင်ပွဲမတိုင်ခင် ဖြေရှင်းနိုင်ဖို့ မျှော်လင့်နေပေမယ့် နွေရာသီတစ်ခုလုံး သူ့ရဲ့သတင်းတွေက ပရိသတ်တွေစိတ်ဝင်စားတဲ့ အပြောင်းအရွှေ့သတင်းဖြစ်လာနိုင်ပါတယ်။


သူ့ရဲ့စာချုပ်သက်တမ်းက ၂၀၂၄ နွေရာသီရောက်မှ ကုန်ဆုံးမှာဖြစ်ပြီး စပါးအသင်းက သူ့ရဲ့ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၁၅၀ အထိ တောင်းဆိုဖွယ်ရှိနေပါတယ်။

LONDON, ENGLAND – MAY 16: Harry Kane of Tottenham Hotspur celebrates after scoring their side’s first goal during the Premier League match between Tottenham Hotspur and Wolverhampton Wanderers at Tottenham Hotspur Stadium on May 16, 2021 in London, England. Sporting stadiums around the UK remain under strict restrictions due to the Coronavirus Pandemic as Government social distancing laws prohibit fans inside venues resulting in games being played behind closed doors. (Photo by Tottenham Hotspur FC/Tottenham Hotspur FC via Getty Images)

Zawgyi
အသင္းေျပာင္းဖို႔ အသိေပးထားတဲ့ ဟယ္ရီကိန္း ေရာက္ႏိုင္ေျခအမ်ားဆုံးအသင္း ထြက္ေပၚလာ
သတင္းေတြရဲဲ႕ေဖာ္ျပခ်က္အရ လာမယ့္ေႏြရာသီအတြင္း အသင္းကေန ထြက္ခြာခ်င္တယ္လို႔ စပါးအသင္းထံအသိေပးထားတဲ့ တိုက္စစ္မွဴး ဟယ္ရီကိန္း ေရာက္ႏိုင္ေျခအမ်ားဆုံးအသင္း ထြက္ေပၚလာပါတယ္။
အသက္ ၂၇ ႏွစ္အရြယ္ရွိအဂၤလန္အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းဟာ လာမယ့္ေႏြရာသီမွာ အသင္းကေန ထြက္ခြာဖြယ္ရွိေနရာ ကလပ္အသင္းအမ်ားအျပားက သူ႕ကို ေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။

ျပည္တြင္းၿပိဳင္ဘက္ေတြျဖစ္တဲ့ ယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးတို႔က ကစားသမားရဲ႕ကိုယ္စားလွယ္ေတြဆီ ဆက္သြယ္ခ်ဥ္းကပ္ထားၿပီးျဖစ္သလို စပါးနည္းျပေဟာင္း ပိုခ်က္တီႏို ကိုင္တြယ္ေနတဲ့ ပီအက္စ္ဂ်ီကလည္း သူ႕ကို ေခၚယူုဖို႔ စိတ္အားထက္သန္ေနပါတယ္။
ဒါေပမဲ့ လက္ရွိပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးက ဟယ္ရီကိန္းကို ေခၚယူဖို႔ အေျခအေနအေကာင္းဆုံးျဖစ္ေနတယ္လို႔ သိရပါတယ္။
talkSPORTသတင္းဌာနက အထက္ပါအတိုင္း ေရးသားထားတာျဖစ္ၿပီး ကစားသမားျဖစ္သူက ျပည္ပထြက္ကစားတာထက္ ပရီးမီးယားလိဂ္မွာပဲ ဆက္လက္ကစားလိုေနပါတယ္။
စီးတီးဟာ လာမယ့္ေႏြရာသီမွာ အသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ ဝါရင့္တိုက္စစ္မွဴး အဂြဲ႐ိုးရဲ႕ေနရာမွာ အစားထိုးဖို႔ ေႏြေစ်းကြက္အတြင္း တိုက္စစ္မွဴးေခၚယူဖြယ္ရွိေနပါတယ္။
စီးတီးဟာ ေဒါ့မြန္လူငယ္ၾကယ္ပြင့္ ဟာလန္းကို ေခၚယူဖို႔ သတင္းေတြက်ယ္ျပန္႔စြာထြက္ေပၚေနၿပီး သူ႕ကို ေခၚယူဖို႔ ၿပိဳင္ဘက္အမ်ားအျပားနဲ႔ ရင္ဆိုင္ရဖြယ္ရွိေနပါတယ္။

ဟယ္ရီကိန္းဟာ သူ႕ရဲ႕အနာဂတ္ကို ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမတိုင္ခင္ ေျဖရွင္းႏိုင္ဖို႔ ေမွ်ာ္လင့္ေနေပမယ့္ ေႏြရာသီတစ္ခုလုံး သူ႕ရဲ႕သတင္းေတြက ပရိသတ္ေတြစိတ္၀င္စားတဲ့ အေျပာင္းအေရႊ႕သတင္းျဖစ္လာႏိုင္ပါတယ္။
သူ႕ရဲ႕စာခ်ဳပ္သက္တမ္းက ၂၀၂၄ ေႏြရာသီေရာက္မွ ကုန္ဆုံးမွာျဖစ္ၿပီး စပါးအသင္းက သူ႕ရဲ႕ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္သန္း ၁၅၀ အထိ ေတာင္းဆိုဖြယ္ရွိေနပါတယ္။